မွန်ပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ်များ၏ အဆိုများ မေးခွန်းများအပေါ် ပြည်နယ်အစိုးရ၏ တုံ့ပြန်မှု မှာအားနည်း

နေပြီး ထိရောက်မှု ၅၀% ခန့်သာရှိနေသေးကြောင်း ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ်၂ မှမွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦး

ဇော်ဇော်ထူးကပြောဆိုခဲ့သည်။
“ရေတိုကိစ္စတွေပဲ ပြန်လည်ဖြေကြားနေတယ် ကျွန်တော်လိုချင်တာက ရေရှည် စီမံချက်ဘယ်လို လုပ်ဆောင်မဲဆိုတဲ့အစီအမံ
ကိုပါ၊ သူတို့ဖြေဆိုချက်တွေအရ မူဝါဒခိုင်ခိုင်မာမာ မရှိသေးဘူးလို့ယူဆတယ်၊ကျောက်မိုင်းကိစ္စမေးတယ်၊ထန်းပင်ချောင်ကချောင်း
မြေကိုအကွက်ရိုက်ပြီးရောင်းထားတဲ့အလွဲသုံးစားကိစ္စဆိုယင်
သူတို့ရဲ့တုံ့ပြန်လုပ်ဆောင်မှုကိုအားမ ရလို့ ဒုတိယအကြိမ်အဖြစ် တတိယအကြိမ်လွှတ်တော်အစည်းအဝေးမှာထပ်မေးခဲ့တယ်
အရေးယူမယ်လို့ပဲဝန်ကြီးဦးထွန်းဌေးကဖြေတယ် ဘယ်လိုဥပဒေနဲ့အရေးယူမယ်ဆိုတဲ့တိကျတဲ့အဖြေမပါဘူး“ ဟု ဦးဇော်ဇော်ထူးက
သံလွင်တိုင်းမ် ကမေးမြန်းစဉ်ကပြန်လည်ဖြေကြားပြောဆိုခဲ့သည်။
ပေါင်မြိုံနယ် တောင်ရှေ့ ပိုင်းကျေးရွာများမှခရိုင်ချင်းဆက်ကားလမ်း ရှိ တံတားအမှတ် ၄/၅ နှင့် ၁/၅ တို့ပျက်ဆီးနေသဖြင့်
ပြုပြင်စရိတ် ငွေသိန်း၁၆၀၀ ကျပ်ချထားပေးမှုတွင် အဆိုပါတံတားများအား ကျောက်ထုတ်လုပ်ငန်းများက ပြန်လည်ပြုပြင်ပြီးအခြေအ
နေဖြစ်နေ၍ မွမ်းမံခြင်းသာလုပ်ကိုင်ရန်ရှိသဖြင့်ပိုလျှံငွေကိုမည်သို့ ဆောင်ရွက်ရန်စီစဉ်ထားကြောင်းမေးခွန်းအား ဗမာတိုင်းရင်းသား
ရေးရာဝန်ကြီးဦးဆွေမြင့်က ပြန်လည်ဖြေကြားရာတွင်လည်းတိကျသောအဖြေမထွက်ခဲ့ကြောင်းဦးဇော်ဇော်ထူက ပြောသည်။
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်တွင် ဦးဇော်ဇော်ထူးမှ ကျောက်မိုင်းကိစ္စအဆို၊တံတားပြင်ဆင်ရန်ငွေပိုလျှံနေသည့်ကိစ္စ
မေးခွန်း ထန်းပင်ချောင်ကြီးကျေးရွာမှချောင်းမြေကို အိမ်ကွက်ပြုလုပ်ရောင်းစားခြင်းအလွဲသုံးစားမှုစသောအကြောင်းအရာများအား
မေးခွန်း၅ ခု အဆို၂ ခုထောက်ခံဆွေးနွေးမှု ၅ ခုပြုလုပ်ထားပြီး ၎င်း၏မေးခွန်းအဆိုများအပေါ် အစိုးရ၏တုန့်ပြန်မှု ၅၀% ခန့်သာရှိနေ
ကြောင်းဝေဖန်ပြောကြားခဲ့သည်။
ဝရဇိန် ပေါင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.