Agence France-Presse
အင်အားသုံးနှင်ထုတ်သည်ဟု သတင်းများ လတ်လတ်ဆတ်ဆတ် ထွက်ပေါ်လာပြီးသည့် နောက်ပိုင်း မြန်မာစစ်သည်စုများ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသရှိ ရွာကို မီးရှို့ဖျက်ဆီးပြီး ကျေးရွာနေလူထုများကိုလည်း သတ်ဖြတ်သည်ဟူသည့် စွပ်စဲချက်ကို သက် သေပြဖို့ ကုလသမဂ္ဂနိုင်ငံများက ဆင့်ခေါ်ထားပါသည်။ လွန်ခဲ့သော ရ

က်သီတင်းပတ် ၂ ပတ်အတွင်းမှ စတင်၍ နိုင်ငံမဲ့ လူနည်းစု ရိုဟင် ဂျာများအတွက် အိမ်သဖွယ် နယ်မြေတစ်ခု နှင့် ဘင်္ဂလား ဒေ့ရှ်နှင့် နီးကပ်သည့် ဧရိယာများကို စစ်တပ်ထိန်းချုပ်ထားချိန်ကတည်းက လူဦးရေပေါင်း ၁၅၀၀၀ ခန့် ရွှေ့ပြောင်းခဲ့ကြပြီးဟု အထောက်အပံ့ အေဂျင်စီများက ခန့်မှန်းထားပါသည်။

အဓိကကျသည့် လုံခြုံရေးအရတုံ့ပြန်မှုကို မီးမွှေးလိုက်သည့် အောက်တိုဘာ ၉ ရက်နေ့၌ များစွာသော ရဲတပ် အစုအဖွဲ့များကို အသေအကြေများသည့် ရုတ်တရက်ဝင် ရောက်တိုက်ခိုက်ခြင်းနောက်ကွယ် မြန်မာအစိုးရ၏ ပြောကြားချက်တွင် ရာချီကျော်သည့် ရိုဟင်ဂျာတိုက်ခိုက်သူများကို တာလီဘန်က သင်တန်းပေးထားသည့် Jihadist များဦးဆောင်သည်ဟု ပါရှိသည်။ မြောက်ပိုင်းရခိုင်ဒေသ ရှိ ဆယ်ထောင်ချီလူအများသို့ အကူအညီပေးပို့မှုများကို စစ်တပ်က ရပ်တန့်ထားလိုက်ပြီးနောက်တွင် ရပိုင်ခွင့်အုပ်စုများနှင့် ဂျာနယ် လစ်၏ ဝင်လမ်းများကိုလည်း ပိတ်ဆို့ထားခဲ့ပါသည်။ ပိတ်ဆို့ခံထားရသည့် ဧရိယာအတွင်းရှိ လူအများစုမှာ ရိုဟင်ဂျာများဖြစ်ပြီး ထိုမွတ်ဆလင် လူနည်းစုများကို ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ဝင်ရောက်လာသည်ဟု မြန်မာနိုင်ငံသား အတော်များများက သတ်မှတ် ကြပါသည်။

တနင်္လာနေ့နောက်ပိုင်းထုတ်ပြန်ချက်တစ်ခုတွင် ကုလသမဂ္ဂသည် မြန်မာ့အစိုးရကို စွပ်စွဲထားသော ချိုးဖောက်များအပေါ် သင့်လျော်ပြီး သေချာသောစုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

“နေအိမ်နှင့် ဘုရားဝတ်ပြုကျောင်းတွေ မီးရှို့ခံရတာ၊ နာမည်ရှိသော တစ်ချို့သော လူတွေကို ဖမ်းဆီးတာ၊ ပစ်သတ်တာလို့ သတင်းထွက်နေတဲ့ အခြေအနေဟာ စိုးရိမ်စရာကောင်းပြီး လက်ခံနိုင်စရာမရှိပါဘူး” ဟု ငြင်းပန်းနှိပ်စက်မှုကို အထူးကိုင်တွယ်သော အထူးကိုယ်စားလှယ် Agnes Callamard က ပြောဆိုခဲ့ပါသည်။

“ရာဇဝတ်မှုဖြစ်ပွားမှုအကြောင်းအရင်းတစ်ခုတည်းနဲ့ သံသယရှိသူတွေကို အာဏာပိုင်တွေက ပစ်သတ်ပြီးတော့မှ အကျိုးအကြောင်းဆီ လျော်အောင် လုပ်လို့မရပါဘူး” ဟု ယင်းက ဆက်လက်ပြောကြားသည်။

စစ်တပ်၏ အကြမ်းဖက်မှုအသေးစိတ်အချက်အလက်အထိ အတည်ပြုဖို့ ခက်ခဲပေမယ့် လုံခြုံရေးခေါင်းစဉ်ဖြင့် ထင်ရာမြင်ရာဖမ်းဆီးမှုနှင့် အလွန်အကျွန်ပစ်ခတ်မှုများ၏ ထပ်ခါတလဲလဲ စွပ်စွဲချက်များကို လက်ခံခဲ့ရကြောင်းဟု ကုလသမဂ္ဂက ပြောကြားသည်။

တိုက်ခိုက်နေသည့်အတောအတွင်းမှာပင် လုံခြုံရေးတပ်ဖွဲ့များသည် အနည်းဆုံး လူ ၃၁ ဦးကို သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။ Arakan စီမံချက် ပံ့ပိုးမှုအုပ်စုမှ Chris Lewa ကလည်း ဧရိယာအတွင်းမှာရှိသော ဆက်သွယ်ရရှိနိုင်သောနေရာများမှ ရရှိသော သတင်း အချက်အလက်များအရ သတ်ဖြတ်နှုန်းသည် ပိုမိုများပြားနေကြောင်းသိရသည်။ ဒေသတွင်းနေထိုင်သူများက စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့များ ပါဝင်ဦးဆောင်ပြီး ဖြစ်ပေါ်လာသော နည်းလမ်းမျိုးစုံထဲက တရားမဝင်အမူအကျင့်များကို ရင်ဆိုင်နေရခြင်း သည် ပြင်းထန်လာနေကြောင်း ပြောကြားခဲ့သည်။

အသက် ၃၂ နှစ်အရွယ်ရှိသည့် ရိုဟင်ဂျာဈေးသည်မောင်နီ ကြောင့် လွန်ခဲ့သော နှစ်ရက်က နယ်ခြားအရာရှိများက ကျီးကန်းပြင်းရွာမှ ထောင်နှင့် ချီသည့် ရိုဟင်ဂျာများကို မောင်းထုတ်ခဲ့ပြီးဖြစ်ဖြစ်သည်။

“ကျုပ်တို့တွေ တခြားရွာမှာနေနေပါတယ်။ ဘာလုပ်ရမယ်ဆိုတာကိုလည်း ကျနော်တို့မသိပါဘူး။ စစ်သားတွေကတော့ ရွာထဲမှာ ရှိနေတုန်း ပါပဲ” ဟု AFP သို့ သူက ပြောကြားသည်။

အမည်မဖော်လိုသူ ရဲဌာနသတင်းအရင်းအမြစ်တစ်ခုမှ အကြမ်းဖက်သမားများ၏ ဧရိယာကို ရဲတပ်ဖွဲ့များက ရှာဖွေတွေ့ရှိပြီးဖြစ်ကြောင်း နှင့် အချို့သော ရွာသားများကလည်း သူတို့ဆိုက်ရောက်လာချိန်တွင် ထွက်ပြေးသွားကြသည်ဟု သိရှိရပါသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.