ပထမဆုံးအကြိမ်အဖြစ် ဘန်ကောက်ရှိ မြန်မာဒုက္ခသည်များကို နေရပ်ပြန်ပို့မည်

October 25, 2016 14:36
By Reuters၊ ဘာသာပြန်ဆိုသူ- မျိုးမြတ်လွင်

ပထမဦးဆုံးအကြိမ်အဖြစ် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများမှ မြန်မာဒုက္ခသည် ၆၈ ဦး နေရပ်ပြန်ကြမှာဖြစ်ပါသည်။ ဒုက္ခသည်များ ပြန်လာသည့်အရေးနှင့် ပတ်သက်သည့် ရေးသွင်းချက်များကို ထိုင်းနှင့်မြန်မာ အစိုးရများမှ ပထမဦးဆုံးအကြိမ်အဖြစ် လက်ခံမည်ဟု UNHCR က ပြောကြားသည်။

ထိုင်းနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် နေထိုင်နေသော ဆယ်ထောင်ချီသည့် မြန်မာနိုင်ငံသား ဒုက္ခများသည် နိုင်ငံရေး၊စီးပွားရေးအခြေအနေ မတည်ငြိမ်မှုများကြောင့် မိမိနေရပ်သို့ပြန်လာမည့် ကိစ္စရပ်သည် မဖြစ်နိုင် သောအိပ်မက်တစ်ခုကဲ့သို့ ဖြစ်ခဲ့ပါသည်။ သို့သော်လည်း ယူဆချက်မျိုးသည် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရတက်လာသည့် အချိန်ကတည်းက စတင်၍ ပြောင်းလဲသွားခဲ့သည်။

အနောက်ဘက်ဒေသ Ratchaburi ဒေသရှိ စခန်းတစ်ခုတွင် ကျန်ရှိနေသော မိသားစုတစ်စုနှင့် ပြည်တော်ပြန်ရေးအစီအစဉ်ကို အင်္ဂါနေ့၌ စတင်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏ အနောက်ဘက် Tak ဒေသအတွင်းရှိ Nupo စခန်းများမှ ဒါဇင်ချီလူအများက ဗုဒ္ဓဟူးနေ့မှာပင် ပြည်တော်ပြန်ရေးအစီအစဉ်ကို လိုက်ပါခဲ့ကြသည်ဟု UNHCR ၏ Field Coordinator Iain Hall က ပြောကြားခဲ့သည်။

“ဒီလို သီးခြားဆန်တဲ့ အရွေ့တစ်ခုက မိုင်တိုင်တစ်ခု ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

“ဒါပေမယ့် အဲ့ဒီအရာက လူအများစု တစ်စုတစ်ဝေးတည်းထွက်ခွာနိုင်ဖို့အတွက် အစတော့ မဟုတ်နိုင်သေးဘူး” ဟု ဆက်လက်ပြောကြား သည်။

“မြန်မာအစိုးရအနေနဲ့ ဒီလူတွေက သူတို့ရဲ့နိုင်ငံသားတွေပါလို့ သတ်မှတ်ပြောဆိုခဲ့တာပါ” ဟု ယင်းက ဆက်လက်ပြောကြားရင်း ပြည်တော်ပြန်ဖို့ ရွေးချယ်ထားသူများက မြန်မာပြည်၌ရှိသော သက်ဆိုင်ရာမိသားစုများမှ ဤအရာသည် လုံခြုံစိတ်ချရသည်ဟု ပြောဆိုသော သတင်းအချက်အလက်ပေါ်မူတည်မည့် ယင်းတို့၏ ဆုံးဖြတ်ချက်၌သာ မူတည်မည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုနေရာတွင် ဒုက္ခသည်အရေအတွက်မှာ ၁၀၃၀၀၀ ပတ်ဝန်းကျင်ခန့်ရှိပြီး နယ်စပ်တစ်လျှောက်ရှိ စခန်းများအတွင်း နေထိုင်သူများ ပင်လျှင် စခန်း ၉ ခုအတွင်း လှည့်ပတ်ရွှေ့ပြောင်းနေခဲ့ကြသည်။ အချို့သော ဒုက္ခသည်များက နှစ်ပေါင်း ၃၀ ခန့် ထိုစခန်းများအတွင်း နေထိုင်ခဲ့ကြသည်။ ၈၀ ရာခိုင်နှုန်းနီးပါးမှာ စစ်မက်ဖြစ်ပွားမှုဒဏ်ခံရသော မြန်မာနိုင်ငံအရှေ့ပိုင်းဒေသမှ ကရင်လူမျိုးများဖြစ်ကြသည်။

မြန်မာနိုင်ငံ၏ လူမှုကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ အကြီးပိုင်းအရာရှိတစ်ဦးဖြစ်သည့် ကိုကိုနိုင်အနေဖြင့်လည်း ထိုပြည်တော်ပြန်ရေးကိစ္စကို လက်ခံဖို့အသင့်ရှိကြောင်းပြောကြားသည်။

“မြန်မာပြည်ကို ပြန်လာချင်တဲ့ ဒီလူတွေဟာ သူတို့ရဲ့ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ စွမ်းအားကြောင့်ပါ”ဟု ဆက်လက်ပြောကြားသည်။

ထိုင်းအစိုးရအနေဖြင့်လည်း စခန်းများကို ပိတ်သိမ်းမှုအစီအစဉ်ကို မြှင့်တက်ဖို့ရန်ရှိသော်လည်း လက်ရှိအနေအထားက အချိန်မကျသေး ကြောင်းဟု Hall က ပြောကြားသည်။

“ကျနော်တို့က ပြည်တော်ပြန်ရေးကို ပရိုမိုးရှင်းလုပ်နေတာမဟုတ်ပါဘူး။ အစိုးရနှစ်ရပ်စလုံးနှင့်အတူ ရှင်းလင်းတိကျရေးအတွက်ကိုသာ လုပ်နေတာပါ”ဟု ယင်းကဆက်လက်ပြောကြားသည်။
THAILAND-MYANMAR-VOTE-UNREST-RETURN
“ကျုပ်တို့အနေနဲ့ကတော့ ဒါက ပြည်တော်ပြန်ချိန်လို့ အခုထိ မယုံကြည်သေးဘူး ဒါပေမယ့်လည်းပဲ ဒုက္ခသည်တွေက သူတို့ကိုယ်တိုင် အလိုရှိခဲ့မယ်ဆိုရင် ကိုယ်အိမ့်ကိုယ်ပြန်ဖို့ အတွက် အခွင့်အရေးရှိပြီးသားပဲ”

ရခိုင်ပြည်နယ်အတွင်း မွတ်ဆလင်ကြီးစိုးမှုကိစ္စအပါအဝင် ပြီးခဲ့သော ရက်သီတင်းပတ်များအတွင်း မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ တစ်စတစ်စ ဖြစ်ပွားခဲ့ပြီးဖြစ်သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.