လွန်ခဲ့သောတစ်လခန့်ကစတင်ပြီး စပါးဈေးများကျဆင်းနေခဲ့ရာ ပေါ်ဆန်းမွှေးစပါး တင်းတစ်ရာကို ယခင်လက  ၉သိန်းကျပ် ကျော်စှေးပေးဝယ်ယူနေသော်လည်း ယခုရက်ပိုင်းအတွင်း  ၇ သိန်း ကျပ်သာပေါက်ဈေးရှိနေသော်လည်း ကုန်သည်များအနေဖြင့် လိုက်လံဝယ်ယူမှုသိသိသာသာနည်းပါးသွားကြောင်း စပါးကုန်သည်များအားမေးမြန်းသိရသည်။<!--more-->



“လယ်သမားတွေက ငွေမလိုဘူးဆိုပြီး ဈေးကောင်းစောင့်ကြတယ် မနှစ်က ဒီအချိန်မှာဈေးတက်တာနဲ့ဆုံထားတာလေ  ကံနဲ့လည်းဆိုင်တယ် အချို့

ကုန်သည် တွေကလည်းဝယ်လှောင်ထားမိပြီး အခုလိုဈေးက မတရားကြီးရုတ်တရက်ထိုးကျတော့အထိနာကြတာပေါ့“ဟု စပါးကုန်သည်နှင့်ဆန်စက်လုပ်ငန်းလုပ်ကိုင်သူ ပေါင်မြို့ပေါင်းရပ်ကွက်နေ ကိုစိုးနိုင် က ရှင်းပြခဲ့သည် ။
တရုတ်ပြည်နယ်စပ် မူဆယ်ဂိတ် တွင် ဆန်တင်ပို့ခြင်းကန့်သတ်ခံထားရခြင်း အခြေအနေများနှင့် ယခုလတွင် စပါးသစ်ပေါ်လာပြီဖြစ်သည့် အခြေအနေများမှာလည်း စပါးဈေးကျရသည့် အကြောင်းများတွင်ပါဝင်နေသည်လို့တော့ ကဒါရပ်ကွက်မှ လယ်သမား ကိုဟန်သိန်းက ရှင်းပြခဲ့
သည်။

ပေါင်မြို့နယ်တွင် စိုက်ပျိုးနေသည့်စပါးမျိုး များအနေဖြင့် ဘန်ကောက်၊ဂျပန်ရွှေဝါထွန်း ၊ယူနစ်စသော ဧည့်မထ အုပ်စုဝင်စပါးမျိုးများနှင့် ကမာကြည်၊တောင်ပြန်၊ ပုသိမ်ပေါ်ဆန်း ၊ပေါ်ဆန်းဝါ၊ပေါ်ဆန်းမွှေး၊ကောက်ညှင်း စသည့်မီးဒုံးအုပ်စုဝင် စပါးမျိုးများစိုက်ပျိုး နေကြပြီး ဧည့်မထအုပ်စုစပါးများသည် သီတင်းကျွတ်လတွင် ရင့်မှည့်နေပြီဖြစ်၍ စက်များဖြင့်ရိတ်သိမ်းမှုပြုလုပ်နေကြပြီဖြစ်ကြောင်းတွေ့ရသည်၊ပေါင်မြို့နယ်မှ စပါးကုန်သည်များ အနေဖြင့် ဆန်စက် လုပ်ငန်းရှင်များနှင့်ချိတ်ဆက် ပြီးမှ ပွဲစားများစေလွှတ်ကာစပါးရောင်းလိုသူလယ်သမားအား ရှာဖွေဝယ်ယူနေရသည့်အခြေအနေဖြစ်ပြီး ဆန်စက်လုပ်ငန်းရှင်များမှာလည်း၊မုဒုံ၊မုတ္တမ ၊မော်လမြိုင်စသောနေရာများမှဆန်ကုန်သည်များ၏ ဝယ်ယူလိုသည့် ပမာနကိုချိန်ထိုးပြီးမှ စပါးဝယ်ယူကြိတ်ခွဲမှု ပြုလုပ်ကြသည့် လုပ်ငန်းသဘာ၀ အရ ဆန်တင်ပို့မှုလုပ်ငန်း လျော့ကျသည်နှင့် စပါးဈေးထိုးကျ တတ်သည့် ဖြစ်စဉ်များကြောင့်“ပြည်ထောင်စုအဆင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအနေဖြင့် စပါးရောင်းဝယ်ခြင်းနှင့်ပတ်သက်ပြီး နိုင်ငံတကာမှခိုင်မာသောဈေးကွက်ရှာဖွေပေးဖို့လိုအပ်သည်“ ဟု ကဒါရပ်ကွက်မှ လယ်သမား ကိုဟန်သိန်းကအကြံပြုပြောဆိုခဲ့သည်

ဝရဇိန် ပေါင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.