ကျိုက်ခမီ၊ အောက်တိုဘာ ၂၄

ကျိုက်ခမီမြို့ အုပ်ချုပ်ရေးမှူး ရုံးသို့ အောင်သုခရပ်ကွက်မှ ရပ်ကွက်သူ/သား (၁၅၀)ဦးခန့်လာရောက် ကာ မြေယာကိစ္စနှင့်ပတ်သက်ပြီး စုဝေး တိုင်တန်းခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အရ အောက်တိုဘာ၂၄ရက်နေ့ ညနေပိုင်းက ကော့သောင်းမြို့နေ ဒေါ်လှဌေး သည် ကျိုက္ခမီမြို့အောင်သုခရပ်ကွက် ဝိဇယျတိုးချဲ့ပိုင်းတွင် နေထိုင်ကြသည့် ဦးအောင်စိန်၊ ဒေါ်စံပယ်၊ မဝင်းမော် ဒေါ်ချောချော၊ ဒေါ်အေးတို့၏နေအိမ်များသို့ ရောက်ရှိလာပြီး ယင်းတို့အား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့လာ ရောက်ရမည်ဖြစ်ကြောင်း၊ ယင်းတို့လက်ရှိပိုင်ဆိုင်သောမြေကွက်မှာ ဒေါ်လှဌေး၏ မြေကွက်များဖြစ်ကြောင်း လာရောက်ပြောဆိုသွားသည်ဟု ဦးအောင်စိန်ကပြောသည်။

ယင်းနောက်တွင် ကျိုက္ခမီမြို့အောင်သုခရပ်ကွက် ဝိဇယျတိုးချဲ့ပိုင်းတွင် နေထိုင်ကြသူများ ဖြစ်သည့် လူ(၁၅၀)ဦးခန့်သည် ဒေါ်လှဌေးအားမကျေနပ်သဖြင့် ကျိုက္ခမီမြို့ဓမ္မစေတီရပ်ကွက် ကျိုက္ခမီအုပ်ချုပ်ရေးမှူးရုံး သို့ လမ်းလျှောက်ထွက်ခွာလာခဲ့ပြီး ကျိုက်ခမီမြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးကျော်ကျော်အား ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြန်လည်တိုင်တန်းခဲ့ကြသည်။

အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိလာသူများနှင့် ဆွေးနွေးစဉ် စုဝေးသူများနေထိုင်သည့်နေရာများ မှာ လွန်ခဲ့သော (၂၄)နှစ်ကလည်းက မြေယာကော်မတီက ချထားပေးသည့် နေအိမ်များဖြစ်ကြောင်းဆွေးနွေး ကြကာ အုပ်ချုပ်ရေးအဖွဲ့ဘက်မှလည်း လက်ရှိနေထိုင်ရာနေအိမ်များမှ ဖယ်ရှားဖို့ မလိုအပ်ကြောင်း၊ ဒေါ်လှဌေး မှ ပိုင်ဆိုင်ကြောင်းမှန်ကန်ပါက တရားရုံးတွင် တိုင်တန်းပြီး မြေပိုင်ဆိုင်မှုကို ဖြေရှင်းရမည်ဖြစ်ကြောင်း ညှိနှိုင်း ဆွေးနွေးခဲ့သည်။
%e1%80%80%e1%80%ba%e1%80%ad%e1%80%b3%e1%80%80%e1%80%b9%e1%80%81%e1%80%99%e1%80%ae-%e1%80%9c%e1%80%b0%e1%80%85%e1%80%af%e1%80%9b%e1%80%af%e1%80%b6%e1%80%b8
သတင်း – ကျဲရော့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.