ကျိူက်မရော၊ အောက်တိုဘာ၁၉

MCL ဘိလပ်မြေစက်ရုံမှ တည်ဆောက်ရေး လုပ်ငန်းခွင်မှ အလုပ်သမားများ လုပ်ငန်းများအပ်နှံ ပြီးစီးသော်လည်း လုပ်အားခများ ရှင်းလင်းပေးခြင်းမရှိသောကြောင့် တရုတ်ကုမ္ပဏီ Citic ရုံးခန်းရှေ့တွင် အောက်တိုဘာလ(၁၉)ရက်နေ့ နေ့လည်ပိုင်းက သွားရောက်တောင်းဆိုခဲ့ကြောင်း သိရသည်။

Citic ကုမ္ပဏီသည် MCL ဘိလပ်မြေစက်ရုံ၏ တည်ဆောက်ရေးပိုင်းများကို တာဝန်ယူထားပြီး အလုပ် သမားအစုအဖွဲ့များအား ရှင်းရန်ကျန်ရှိငွေကျပ်သိန်း(၁၁၀၀)ခန့်ရှိသည်ဟုသိရသည်။

“ကျွန်တော်တို့အလုပ်တွေအပ်ပြီးတာ သြဂုတ်လထဲက အပ်ပြီးတာပါ။ လုပ်ခတွေကို ခုထိရှင်းမပေးသေး ဘူး။ စားဖို့အရမ်းခက်ခဲနေပြီ။ ကျွန်တော်တို့က ဆိုင်တွေမှာ လပေးစားတာဆိုတော့ ထမင်းဖိုး မရှင်းနိုင်တော့ ဆိုင်တွေက ထပ်မကျွေးတော့ဘူး။ နေ့တိုင်းကြုံသလိုဖြေရှင်းနေရတယ်။ အဲ့လိုကြုံနေရတဲ့ အလုပ်သမားပေါင်း (၄၀၀)လောက်ရှိတယ်” အလုပ်သမားအဖွဲ့ငယ် ခေါင်းဆောင် ကိုမျိုးမင်းထွန်းမှ သံလွင်တိုင်းမ်းသို့ ပြောကြားခဲ့ သည်။

တောင်းဆိုရာတွင် အလုပ်သမား(၆၀)ကျော်ပါဝင်ခဲ့ပြီး Citic ကုမ္ပဏီမှ ဒုတိယတာဝန်ခံဖြစ်သူ Mr.Huang မှသူဌေးဖြစ်သူ တရုတ်ပြည်သို့ပြန်သွား၍ တစ်ပတ်ခန့်စောင့်ပါဟု အကြောင်းပြန်ခဲ့ကြောင်း သိရသည်။

သံလွင်တိုင်းမ်ဂျာနယ်မှ Citic ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်မှု မရခဲ့ပေ။

လုပ်ခမရသော အလုပ်သမားများမှာ ဒေသခံများမဟုတ်ပဲ ရန်ကုန်၊ မကွေး၊ သာယာဝတီ၊ မန္တလေး၊ တောင်ငူအစရှိသည့် ဒေသများမှဖြစ်ပြီး စုစုပေါင်းလေးရာကျော်ခန့်ရှိကြောင်းသိရသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.