ရေး ၊ အောက်တိုဘာ ၁၈

ရေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ဥပဓိရုပ်မကောင်းခြင်းနှင့် တဲသာသာဖြစ်နေသည့် ကျောင်းဆောင်များအား ပြုပြင်တည်ဆောက်ရေးအတွက် ဦးစားပေးအစီအစဉ်အလိုက် ရံပုံငွေများ ချထားပေး လျက်ရှိကြောင်း ရေးမြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်မိုးမိုးအေးက သံလွင်တိုင်းမ်သို့ ပြော သည်။

“ စိစစ်ရွေးချယ်ပြီးတော့ ဦးစားပေးအစီအစဉ်အလိုက် ပြည်နယ်ကိုတင်ပြတယ်။ ပြည်နယ်ကချပေး တော့လဲ EC ကဆုံးဖြတ်ထားတဲ့ ဦးစားပေးအစီအစဉ်အတိုင်းပြန်ပြီးတော့ ချပေးတယ်ပေါ့၊ အတတ်နိုင်ဆုံး ဘက်ညီရအောင်၊ ဘက်မျှရအောင်ပေါ့၊ မြို့နယ်ကတော့ မြို့နယ်နဲ့ညီအောင် စစ်ပြီးတင်ရတယ်၊ ကျောင်းဆောင် လိုအပ်ချက်တွေမှာ မြို့နယ်အနေနဲ့ဘယ်ကျောင်းဆောင်ဟာ သိန်း ၅၀ တန်လို့ ပေးလိုက်ရင် တောင့်တင်းခိုင်မာ တဲ့ကျောင်းဆောင်ရလာမယ်၊ ကျောင်းဆောင်တစ်ခုချင်းစီရဲ့ သိန်း ၅၀ တန်၊ ငွေလုံးရမှဖြစ်မယ် ဆိုတာကတော့ မြို့နယ် EC နဲ့ ဆုံးဖြတ်တယ်၊ အဓိကနဲ့သာမညကတော့ မျက်မြင်ဆင်းစစ်တယ် ” ဟု ၎င်းက သံလွင်တိုင်းမ်သို့ ပြောသည်။

မြို့နယ်ပညာရေးမှူး ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် မြို့နယ်စီမံခန့်ခွဲရေးကော်မတီတွင် ဒုတိယနှင့် လက်ထောက်မြို့နယ်ပညာရေးမှူးများ၊ ကျောင်းမိသားစုခေါင်းဆောင်များဖြစ်သည့် လမိုင်း၊ ခေါဇာမြို့တို့မှ အထက်တန်းကျောင်းအုပ်တစ်ဦးစီ၊ မြို့ပေါ်မှ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်တစ်ဦးစီနှင့် အဆောက်အဦးနှင့်ပတ်သက်၍ မိဘကိုယ်စားလှယ်နှစ်ဦးပါဝင်ပြီး စိစစ်ရွေးချယ်ကြောင်း သိရသည်။

“ ဥပဓိရုပ်မကောင်းတဲ့ကျောင်းတွေ၊ တဲသာသာဖြစ်နေတဲ့ကျောင်းတွေ အရင်က ကိုယ်ထူကိုယ်ထ ကျောင်းများပေါ့၊ သက်တမ်းလွန်ကျောင်းတွေကို ရပ်ကွက်လူကြီးတွေရဲ့တင်ပြချက်၊ ကျောင်းအုပ်ကြီးရဲ့ တင်ပြ ချက်၊ ကျောင်းစစ်ဆေးရေးလက်ထောက်မြို့နယ်ပညာရေးမှူးများရဲ့တင်ပြချက်နဲ့အညီ သူတို့တင်လာတဲ့အမှု တွဲအပေါ်မှာကြည့်ပြီးတော့ ကိုယ်တိုင်စစ်ဆေးပြီးတော့ ငွေလုံးငွေရင်းနဲ့ပေးသင့်သလား၊ သိန်း ၁၀၀ အောက် လား၊ သိန်း ၁၀၀ အထက်လား၊ သိန်း ၅၀ အောက်လား၊ ဒီအပေါ်မှာ ဆရာမကြီးတို့က သူတို့ရဲ့လိုအပ်ချက်အရ

စီထားတယ်၊ စီပြီးတော့ပြည်နယ်ကိုတင်ပြရတယ် ” ဟု မြို့နယ်ပညာရေးမှူး ဒေါ်မိုးမိုးအေးက ဆိုသည်။

ပြည်နယ်မှပြောကြားထားချက်အရ ၅၀ % နှင့်အထက် မိဘများထည့်ဝင်ထားသည့်ကျောင်းများအား ဌာနက ၅၀ % ထပ်ဆောင်းပေးမှာဖြစ်ကြောင်း၊ လိုအပ်ချက်ပြင်းထန်သည့်ကျောင်းများ၏တင်ပြချက်များကို မျက်ခြေမပြတ်ကြည့်ပေးနေကြောင်း၊ လူကြီးလမ်းကြောင်းအတွင်း ညွှန်ကြားသွားချက်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ပြောကြားချက်များကိုလည်း ဖြည့်စွက်ကြည့်ရှုဆောင်ရွက်ပေးနေကြောင်းနှင့် ကိုယ်ထူ ကိုယ်ထဆောင်ရွက်နေသည့်ကျောင်းများ၏လိုအပ်ချက်များကိုလည်း ဌာနက တင်ပေးနေကြောင်း ၎င်း က ရှင်းပြသည်။

%e1%80%b1%e1%80%9b%e1%80%b8%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%82%95-%e1%80%a5%e1%80%95%e1%80%93%e1%80%ad%e1%80%99%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%9e%e1%80%8a%e1%80%b9
ဓါတ်ပုံ – ကျောင်းရွာကျေးရွာအုပ်စုအတွင်းရှိ နတ်ကြီးကျေးရွာ ကျောင်းတစ်ကျောင်းပုံ (photo – Myo Aung)

“ ကျောင်းနေရာအတော်များများမှာ အဆောက်အဦးတွေက သင်ကြားဖို့အဆင်မပြေလောက်အောင် ဆိုးနေသေးတယ်၊ ခု ကျေးရွာအုပ်စုမှာ ၃ ကျောင်းကို ပြုပြင်တည်ဆောက်မှုတွေလုပ်နေတယ်၊ ထပ်ပြီးတော့ ၆ ကျောင်းလောက် တင်ထားသေးတယ်၊ ရံပုံငွေအမြန်ချပေးစေချင်တယ် ” ဟု ရေးမြို့နယ် ကျောင်းရွာကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ၎င်းကျေးရွာတွင် ကျောင်းများပြုပြင်ရန်လိုအပ်နေမှုနှင့် တင်ပြဆောင်ရွက် မှုတွေကို သံလွင်တိုင်းမ်သို့ ပြောသည်။

လက်ရှိဘဏ္ဍာရေးနှစ်အတွင်း ရေးမြို့နယ်အတွင်းရှိ ကျောင်းပေါင်း (၈)ကျောင်းကို ငွေလုံးငွေရင်း ကျပ် သိန်း ၆၀၀ မှ ၁၀၀၀ ကြား ကျောင်းဆောင်များတည်ဆောက်ပေးရန်ရှိပြီး သိန်း ၁၀၀ အထက် (၂)ကျောင်းနှင့် သိန်း ၁၀၀ အောက် (၂)ကျောင်းတို့ကို ပြုပြင်တည်ဆောက်ပေးနေကာ ကျောင်းများ၏လိုအပ်ချက်အလိုက် သန့်စင်ခန်းပြုလုပ်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ မီးနှင့် ရေစနစ်ဆောင်ရွက်ခြင်းကို ပြုလုပ်ပေးနေကြောင်း သိရ သည်။

သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.