မော်လမြိုင်၊ အောက်တိုဘာ ၁၇

မော်လမြို့တွင် ဘင်္ဂါလီ လူငယ် ၁၂ ဦး ကို ဖမ်းဆီးမိထားကြောင်း ဒိုင်ဝန်းကွင်းနယ်မြေ ရဲစခန်းမှ သတင်းရရှိသည်။

ယင်း ၁၂ ဦးမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့မှ ဟာဘီဆိုဒါ (၁၅) နှစ်

၊ တော်ဇွန်းအားလွှာ (၁၄) နှစ်၊ နော်ဂျူးမောင်ခမ်း (၁၅ ) နှစ်၊ ဆာ့ဒိန်း (၁၇ )နှစ်၊ ဖောရိတ် (၂၂) နှစ်၊ ဘူညာ (၁၇) နှစ်၊ အစ်စမိုင် (၂၄ )နှစ်၊ ခန်းမောင်ချေ (၁၈)၊ နောစစ်ဟာမွန် (၁၆) နှစ်၊ အားဒူးကိုယွမ်ဘား (၁၅) နှစ်၊ အာဒီနူးယူး (၁၈) နှစ်၊ အာမင်ဟူစိန် (၁၇) တို့က ဗမာစကား မပြောတက်သဖြင့် သတင်းရရှိသောကြောင့် ဒိုင်းဝန်းကွင်းနယ်မြေ ရဲစခန်းမှ ရဲအုပ် အောင်ကျော်ထွေးနှင့် တပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူ အောက်တို ဘာလ ၁၇ ရက်နေ့က မော်လမြိုင် အဝေးပြေးကားကွင်းတွင် သွားရောက်စစ်ဆေးကာ ဖမ်းဆီးခဲ့သည်။

“ သူတို့တွေ ဘယ်ကိုသွားမယ်ဆိုတာ အတိအကျ စစ်မေးလို့မရဘူး။ ရဲအရေးပိုင်တဲ့ အမှု မဟုတ်လို့ ဒီ ၁၂ ဦးကို လ.ဝ.က ကို လွဲပြောင်းပေးသွားမယ်“ ဟု မော်လမြိုင်မြို့ ဒိုင်ဝန်းကွင်းနယ်မြေ ရဲစခန်းမှ တာဝန်ရှိ တစ်ဦးက ပြောသည်။

“ ရဲက ကျွန်တော်တို့ကို လွဲထားပြီးပြီ ။ လက်ရှိအနေအထားအရ မြို့နယ် တရားရုံးမှာ ဒီကိစ္စကို ဦးတိုက် လျောက်ထားတယ်။ သူတို့ကို လ.ဝ.က ဥပဒေနဲ့ အရေးယူမယ်။“ ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဦးဝဏ္ဏကျော်က ပြောသည်။

ဖမ်းဆီးထားသည့် ဘင်္ဂါလီ ၁၂ ဦးကို ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင် အက်ဥပဒေပုဒ်မ ၆ (၂)/၆ (၃)အရ မော်လမြိုင်မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားကြောင်း ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာ ဦးစီးမှုရုံးမှ ပြည်နယ်ညွန်ကြားရေးမှူး ဦးရှိန်ဝင်းက ပြောသည်။

ဘင်္ဂါလီများကို လ.ဝ.က ဥပဒေဖြင့် တရားစွဲဆိုပါက အများဆုံး ထောင်ဒဏ် ၂ နှစ်မှ အနည်းဆုံး ငွေဒဏ်ကို ချမှတ်နိုင်ကြောင်း ဦးရှိန်ဝင်းက ထပ်မံပြောသည်။

စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ကျိုက်ထိုမြို့နယ်တွင် ဘင်္ဂါလီ ၉ ဦး၊ သံဖြူဇရပ်မြို့နယ် တွင် ၂ ဦး ဖမ်းဆီး အရေးယူထားကြောင်း ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှုရုံးမှ သတင်းရရှိသည်။

သတင်း – နဒီ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.