ရေး ၊ အောက်တိုဘာ ၁၈

မူးယစ်ဆေးဝါးသုံးစွဲပြီး ဆေးဖြတ်ကုသလိုသည့်သူများအနေဖြင့် ပြင်ပဆေးခန်းတွင် ဆေးကုမည့်အစား အစိုးရ အသိအမှတ်ပြု ဆေးကုဌာနတွင်သာ ကုသသင့်ကြောင်း မော်လမြိုင်မြို့ဆေးရုံကြီး(စိတ်ကျန်းမာ)မှ အထူးကု ဆရာဝန်ဒေါက်တာဝင်းကျော်သူက သံလွင်တိုင်းမ်သို့ ပြောသည်။

“ တကယ်တမ်းကတော့ မူးယစ်ဆေးသုံးစွဲပြီးတော့ ဆေးကုမယ်ဆိုရင်တော့ အစိုးရအသိအမှတ်ပြုတဲ့ ဆေးကု ဌာနတစ်ခုခုမှာ ကုသင့်တယ်၊ ပြင်ပဆေးခန်းတွေမှာကုတာ အန္တရာယ်များတာပေါ့၊ မူးယစ်ဆေးသုံးစွဲသူမှန်သမျှ ဟာ ဆေးကုဌာနတစ်ခုခုမှာ မှတ်ပုံတင်ရမယ်၊ ဘယ်သူ့ကိုမှ အပြင်မှာကုဖို့ခွင့်မပြုထားဘူးလို့ဆိုထားတယ် ” ဟု ၎င်းက ဆိုသည်။

၎င်းက ဆက်လက်၍ “ အပြင်မှာကုလို့ရတယ်ဆိုတာ မူးယစ်ဆေးနဲ့ပတ်သက်ပြီးတော့ သိပ်ပြီးတော့တရားမဝင် ဘူး၊ ကုတော့ကုနေကြတာပဲ ” ဟု ဒေါက်တာဝင်းကျော်သူက ဆိုသည်။

မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဖြတ်ဌာနတစ်ခုဖွင့်လှစ်ထားပြီး စိတ်ကြွဆေးပြားသုံးစွဲ၍ နောက်ဆက်တွဲ စိတ် ရောဂါဖြစ်နေသည့်လူနာများအနေဖြင့်၂၀၁၄ ခုနှစ်တွင် ပြင်ပလူနာ ၁၀၃ ဦး၊ အတွင်းလူနာ ၁၄ ဦး၊ ၂၀၁၅ ခုနှစ် တွင် ပြင်ပလူနာ ၁၇၃ ဦး၊ အတွင်းလူနာ ၁၀ ဦး၊ ၂၀၁၆ ခုနှစ်တွင် ပြင်ပလူနာ ၂၅၄ ဦး၊ အတွင်းလူနာ ၂၁ ဦး လာရောက်ပြသကုသလျက်ရှိနေကြောင်း လို့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ဆေးရုံကြီး(စိတ်ကျန်းမာ)မှ အထူးကုဆရာဝန်ဒေါက်တာဝင်းကျော်သူကပြောသည်။

“ မွန်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမော်လမြိုင်တို့ပူးပေါင်းပြီး စက်တင်ဘာမှာ ၂ ဦး၊ အောက်တိုဘာ မှာ ၅ ဦး လက်ရှိဆေးဖြတ်နေပါတယ်၊ အများစုက ပြန်ကောင်းသွားကြတယ်” ဟု ၎င်းက သံလွင်တိုင်းမ်သို့ ပြောသည်။
logo-osx
စိတ်ကြွဆေးများရေရှည်သုံးစွဲပါက ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများစွာ ကြုံတွေ့ရနိုင်ပြီး နှာခေါင်း ကြွက်သားမျှင်ပျက်စီးခြင်း၊ အသက်ရှူလမ်းကြောင်းနှင့်အဆုတ်ကင်ဆာပိုမိုဖြစ်ပွားခြင်း၊ အာဟာရ ချို့တဲ့ခြင်း၊ ခန္ဓာကိုယ်ပိန်ချုံးပြီး အရေပြားရောဂါအပြင် သွားများထိခိုက်ခြင်း၊ မှတ်ညဏ်ဆုံးဆုံးခြင်း၊ မှန်ကန်စွာ မဝေခွဲမဆုံး ဖြတ်နိုင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာစွဲလန်းမှုဖြစ်လာခြင်း၊ ပျော်ရွှင်မှုခံစားနိုင်စွမ်းလျော့ပါးလာခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဝေဒနာအခံရှိသူများ စိတ်ရောဂါပိုမိုဆိုးဝါးသွားနိုင်ခြင်း၊ သံသယလွန်စိတ်ရောဂါခံစားရခြင်းနှင့် စိတ်ဓာတ်ကျ၍ သတ်သေချင်စိတ်ဖြစ်ခြင်းတို့ဖြစ်လာမည်ဟု သိရသည်။

သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.