မုဒုံ၊ အောက်တိုဘာ ၁၈

မူးယစ်ဆေးဝါးလျော့နည်းကျဆင်းရေးရည်ရွယ်ပြီး မူးယစ်ဆေးဝါးသတင်းအချိန်မှီပေးပို့နိုင်ရန် ဆက်သွယ်ရမည့် ဖုန်းနံပါတ်ပါသည့် ဗီနိုင်းများကို အများပြည်သူစည်ကားရာနေရာများတွင် စိုက်ထူသွားမည် ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။<!--more-->

“မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး မြို့နယ်တည်ငြိမ်အေးချမ်းရေးပူပေါင်းအဖွဲ့ရဲ့ အကြံပြုချက်အပေါ် မြန်မာနိုင်ငံတပ်ဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ မြို့နယ်စခန်းမှူးနဲ့ဆွေးနွေးထားပြီးလည်းဖြစ်တယ်။ မူးယစ်ဆေးဝါးလျော့နည်းကျဆင်းရေးအတွက် အကျိုးရှိတဲ့လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် အမြန်ဆုံးဆောင်ရွက်သွားမယ်”ဟု ဒုခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးထွန်းသိန်းမှ သံလွင်တိုင်းမ်ကို ပြောသည်။

အဆိုပါ ဗီနိုင်းထောင်ခြင်းကိစ္စအား အောက်တိုဘာ(၁၄)ရက်မွန်းလွဲ(၃း၀၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံခန်း၌ပြုလုပ်သည့် မြို့နယ်တည်ငြိမ်မှုအစည်းအဝေးမှ တင်ပြ၊အကြံပြုချက်အပေါ် တက်ရောက်ကြ သူများသဘောတူဆုံးဖြတ်ချက်ဖြင့်လည်း အကောင်အထည်ဖော်ခြင်းလည်းဖြစ်ကြောင်းသိရသည်။

“မူးယစ်ဆေးသုံးစွဲမှုတွေ လူငယ်များကြားမှာ တော်တော်ကိုဆိုးရွားနေပြီ။ ၈၊ ၉ တန်းကျောင်းသားတွေလည်း ကျောင်းထိသယ်ဆောင်သုံးစွဲနေကြတာကိုလည်းကြားနေရတယ်။ နောက်ပြီး မူးယစ်ဖမ်းဆီး ရမိ မှုကလည်း မုဒုံမှာများနေသလားလို့တောင် ထင်ရတယ်။ ဒါတွေကကောင်းတဲ့လက္ခဏာတွေမဟုတ်ဘူး။ ဒါကို သက်ဆိုင်ရာကရော ပြည်သူလူထုတစ်ရပ်လုံးကပါ ပူပေါင်းပါဝင်ဖို့လိုတယ်”ဟု ဒေသခံတစ်ဦးဖြစ်သူဦးမင်းသန်း မှထောက်ပြပြောသည်။

မုဒုံမြို့နယ်အတွင်းတွင် မူးယစ်ဖမ်းဆီးမှုနှင့် ပတ်သက်၍ ၂၀၁၆ခုနှစ်ဇန်နဝါရီတွင်(၂)မှု၊ ဖေဖော်ဝါရီတွင်(၂)မှု၊ မတ်လတွင်(၁)မှု၊ ဧပြီတွင်(၃)မှု၊ မေတွင်(၅)မှု၊ ဇွန်တွင်(၂)မှု၊ ဇူလိုင်တွင်(၂)မှု၊ သြဂုတ်တွင်(၂)မှု၊ စက်တင်ဘာတွင်(၂)မှုနှင့် ယခုလအောက်တိုဘာတွင်မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ဖမ်းဆီးရရှိမှုမရှိသေးကြောင်း မြို့နယ်ရဲတပ်ဖွဲ့ရုံးမှသိရှိရသည်။
%e1%80%99%e1%80%b0%e1%80%b8%e1%80%9a%e1%80%85%e1%80%b9%e1%80%b1%e1%80%86%e1%80%b8%e1%81%80%e1%80%ab%e1%80%b8%e1%80%97%e1%80%ae%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8
အဆိုပါဗီနိင်းတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ပြည်နယ်၊ မြို့နယ်ဖုန်းနံပါတ်များပါဝင်ပြီး အများပြည်သူအလွယ်တကူဆက်သွယ်မြင်တွေ့နိုင်သည့် အခြေခံပညာအထက်တန်းကျောင်းများ၊ လူစည်ကားရာဈေး များ၊ လမ်းဆုံ၊ လမ်းခွများတွင် စိုက်ထူသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.