မော်လမြိုင်၊ အောက်တိုဘာ၁၉

ကျိုက်ထီးရိုးဂေါပကအဖွဲ့သစ်က ယခုလဆန်းတွင် စေတီတော်ပတ်ဝန်းကျင်မှလုပ်ငန်းများအားလုပ်ကိုင်ခွင့်ထပ်မံချထားခွင့်ပြုခဲ့သော်လည်း ကင်ပွန်းစခန်းရှိ လုပ်ငန်း(၆၈) ခုအနက် (၆၇) ခုကိုသာ ပြန်လည်ခွင့် ပြုခဲ့ပြီး ယာဉ်ဝင်ခွင့် လုပ်ငန်းလုပ်ကိုင်သူဦးခင်လှကိုမူ ခွင့်ပြုချက်မပေးတော့သည့်လုပ်ရပ်

အပေါ်မျှတမှုမရှိဟု ဆိုကာ အောက်တိုဘာ(၁၉)ရက်နေ့က မော်လမြိုင်မြို့SMJNရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

“ပြည်ထောင်စုဝန်ကြီးက ပိတ်သိမ်းခိုင်းလို့ဆိုပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာခင်ဆောင် နဲ့ပြည်နယ်သာသနာရေးဌာနက ဒုညွှန်မှုးဦးမောင်မောင်မျိုးတို့ကပြောတယ်။ ကျန်တဲ့လူတွေအားလုံးလုပ်ငန်းပြန်လုပ်ခွင့်ရပြီး ကျွန်တော်တစ်ယောက်ကိုပဲ ပြန်မပေးတာကတော့လုံးဝမမျှတတဲ့လုပ်ရပ်ပါ” ဟု ဦးခင်လှ က မီဒီယာသမားများကိုပြောဆိုခဲ့သည်။

အောက်တိုဘာ ၆ ရက်နေ့က ကျိုက်ထိုမြို့ သာသနာ့ ဗိမာန်တွင် ကျိုက်ထီးရိုးဂေါပက အသစ်နှင့်လုပ်ငန်းရှင်များ တွေ့ဆုံညှိနှိုင်းခဲ့ကြစဉ် ဂေါပကအဖွဲ့မှ ဒေါက်တာခင်ဆောင်နှင့်အဖွဲ့က ဦးခင်လှ၏ ယာဉ်ဝင်ခွင့် လုပ်ငန်းအား ပြည်ထောင်စုအစိုးရအဖွဲ့ သာသနာရေးဝန်ကြီးက ပိတ်သိမ်းလိုက်သည်ဟုပြောဆိုခဲ့ရာ ဦးခင်လှမှ အသနားခံစာတင်ပြသော်လည်း အောက်တိုဘာ ၈ ရက်နေ့ လုပ်ငန်းခွန်ပေးသွင်းခွင့်ပြုချိန်အထိ မအောင်မမြင်ဖြစ်နေခဲ့ကြောင်း သိရသည်။

ဦးခင်လှ လက်ငုတ်လုပ်ကိုင်ခဲ့သည့် ယာဉ်ဝင်ခွင့် ကောက်ခံမှုလုပ်ငန်းအား ပြည်ထောင်စုဝန်ကြီး၏အမိန့်အရ ပိတ်သိမ်းကြောင်းပြောဆိုခဲ့သည့် ဂေါပကအဖွဲ့သည် အောက်တိုဘာ ၁၇ ရက်နေ့တွင် ထိုလုပ်ငန်း အား ၎င်းတို့ဆက်လက်လုပ်ကိုင်ရန် စီစဉ်ပြီး ဗီနိုင်းကြော်ငြာလာရောက်ကပ်ရန်ကြိုးစားခဲ့ကြောင်း ဦးခင်လှက

ကပ်ခွင့်မပြုသဖြင့် ဂေါပကရုံးသို့ ခေါ်ယူပြီး လုပ်ငန်းနေရာကဖယ်ရှားပေးရန်အမိန်ထုတ်ခဲ့သည်ဟုဆိုသည်။

” မီဒီယာတွေကိုပြည်ထောင်စုဝန်ကြီးက ထုတ်ပြန်ခဲ့တာအားလုံးသိပါတယ်။ နတ်ကွန်းတွေ ဓမ္မာရုံတွေရဲ့လုပ်ငန်းတွေကိုပဲပိတ်ခိုင်းတာ။ ကျွန်တော့်ရဲ့ ယာဉ်ဝင်ခွင့်လုပ်ငန်းမပါပါဘူး။ အခုဂေါပကအဖွဲ့က ကျွန်တော့်လုပ်ငန်းကို ပြည်ထောင်စုဝန်ကြီးကပိတ်ခိုင်းတယ်ပြောပြီး သူတို့က ဝင်လုပ်မဲ့ဟာကျတော မတရားဘူး။ ဝန်ကြီးကတကယ်ပြောခဲ့တာဆိုယင် သူတို့က ဘာလို့မလိုက်နာတာင်္လလို့မေးချင်ပါတယ်”ဟု ဦးခင်လှက သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။

အဆိုပါပြဿနာနှင့်ပတ်သက်ပြီး ကျိုက်ထီးရိုးစေတီဂေါပကအဖွဲ့သစ်မှ အဖွဲ့ဝင်ဦးစိန်မြင့်ကိုဆက်သွယ်မေးမြန်းခဲ့ရာ “နေပြည်တော်သာသနာရေးဝန်ကြီးရုံးကို စက်တင်ဘာ ၂၂ နဲ့၂၃ ရက်ကအစည်းအဝေးသွားတက်တော့ ယာဉ်ဝင်ခွင့်လုပ်ငန်းကိုပိတ်သိမ်းရမယ်လို့အစည်းအဝေးမှတ်တမ်းမှာပါတယ်။ အဲ့ဒီအစည်းဝေးတက်တုန်း က ကျွန်တော်ရယ်၊ ဒေါက်တာခင်ဆောင်ရယ် စုစုပေါင်းလေးဦးပါတယ်။ အခုဖြစ်နေတဲ့ကိစ္စကတော့ ကျွန်တော်နဲ့မဆိုင်ဘူး။ ကျွန်တော်က ကင်ပွန်းစခန်းဌာနတာဝန်ခံလုပ်နေရတာပါ” ဟု သံလွင်တိုင်းမ်သို့ ပြန်လည်ဖြေကြား ခဲ့သည်။
%e1%80%80%e1%80%ba%e1%80%ad%e1%80%b3%e1%80%80%e1%80%b9%e1%80%91%e1%80%ae%e1%80%b8%e1%80%9b%e1%80%af%e1%80%ad%e1%80%b8%e1%80%9e%e1%80%90%e1%80%84%e1%80%b9%e1%80%b8%e1%80%85%e1%80%ac%e1%80%9b%e1%80%bd
ကင်ပွန်းစခန်းတွင် လုပ်ငန်း(၆၈) ခုရှိသည့်အနက် (၆၇) ခုအား မူလလက်ငုတ်လုပ်ငန်းရှင်များအားပြန်လည်ချထားပေးပြီးဖြစ်သော်လည်း ဦးခင်လှကို ဖယ်ခိုင်းပြီးနောက်ဂေါပကအဖွဲ့မှ ဟန်ပြသဘော ဆက်လုပ်ကိုင်၍ အခြားအဖွဲ့အစည်းတစ်ခုကို ပြန်ချပေးမည့်အစီအစဉ်ရှိနေကြောင်း ဦးခင်လှအနေဖြင့် အလုပ်သမား(၁၄) ယောက်ကို စောင့်ရှောက်ထားရသဖြင့်နစ်နာနေကြောင်း ယခင်နှစ်က ယာဉ်ဝင်ခွင့် လုပ်ငန်းအတွက် ဂေါပက အဖွဲ့သို့ ငွေကျပ်(၁၂၃)သိန်း(၂)သောင်းကျော်ပေးသွင်းခဲ့ရပြီး ကင်ပွန်းစခန်းသို့ယာဉ်တစ်စီးဝင်ခွင့် (၆၀၀) ကျပ်နှင့်ဆိုင်ကယ်တစ်စီးလျှင် (၂၅၀) ကျပ်နှုန်းကောက်ခံခဲ့ကြောင်း ဦးခင်လှ ကပြောဆိုရှင်းပြခဲ့သည်။

သတင်း – ဝရဇိန် (ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.