ကျိုက်မရော စက်တင်ဘာ ၁၉

ကျိုက်မရောမြို့နယ်တွင် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ မိတ်ဆက် ခြင်းအခမ်းအနားကို ပြုလုပ်ခဲ့ပြီး တင်ဒါအောင်ကုမ္ပဏီ(၆)ခုက တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်း ပွဲမှ သိရသည်။

စီမံကိန်းမိတ်ဆက်ပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင်ပြုလုပ်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်မျိုး မြင့် တက်ရောက်ခဲ့သည်။

တင်ဒါအောင်ကုမ္ပဏီများမှ လုပ်ငန်းဆောင်ရွက်မည့်နေရာများမှာ ရေပူကော့စပ်-ဖာသိမ်အရှည်ပေ(၃၀) ကွန်ကရစ်တံတား၊ ကလိုင်းကနိူင်-စင်္ကြာလမ်းအရှည်ပေ(၂၉)ရှိ ကွန်ကရစ်တံတား၊ ကြီးအုပ်-ဖားပျောက် (ကျောက်ချောလမ်း)၂/ဝ.၂မိုင်၊ ကြီးအုပ်-ဖားပျောက်(မြေသားလမ်း)ဝ/၀.၂၈မိုင်၊ ကြီးအုပ်-ဖားပျောက် <a href="http://thanlwintimes.com/wp-content/uploads/2016/10/kyaik-ma-yaw-.gif"><img src="http://thanlwintimes.com/wp-content/uploads/2016/10/kyaik-ma-yaw-.gif" alt="kyaik-ma-yaw" width="406" height="259" class="alignleft size-full wp-image-1200" /></a>တံတား (ကွန်ကရစ်)အရှည်(၃၀)ပေ၊ လမုခို-အောင်ဗလကုန်း-မရင်းကုန်း(ကွန်ကရစ်လမ်း)၁/ဝမိုင်၊ ရေတွင်းကုန်း-ခနောင်လမ်း(ကွန်ကရစ်လမ်း)ဝ/၂.၂၈၃မိုင်၊ ကလိုင်းကနိုင်-ဗညားဒလလမ်း(ကတ္တရာလမ်း)ဝ/၄မိုင်၊ ပေါလော ကျွန်း၊မရင်းကုန်း၊ဝါးပျံကုန်း၊ဖာသိမ်၊ကော့လင်း၊သာယာကုန်း၊ရွာ(၆)ရွာတွင် စက်ရေတွင်းတူးခြင်း၊ သံကလောင်၊ ကော့ကလော့၊ပန်းကုံး၊ကနိုင်လို၊ကြာအင်းကုန်း၊ရွာ(၅)ရွာတွင်စက်ရေတွင်းတူးခြင်းလုပ်ငန်းများဆောင်ရွက်သွား ရန်ရှိကြောင်းလည်း သိရသည်။

သတင်း – ကိုထူး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.