ပေါင်၊ စက်တင်ဘာ ၁၇
ပေါင်မြို့နယ် ကဒါမြို့သစ်တွင် အိမ်ပြန်လာသော ကျောင်းဆရာမတစ်ဦး ဓားဖြင့် ခြိမ်းခြောက် ခံရကာ ရွှေထည်ပစ္စည်းများနှင့် ငွေသားအချို့လုယူခံရကြောင်း သတင်းရရှိပါသည်။

“ညနေ(၅)နာရီမှာ ကလေး(၂)ယောက်တင်ပြီးပြန်လာတုန်း ကဒါမြို့သစ်၊ အမှတ် ၁ တံတား လောက်ကနေ နောက်ကလိုက်လာတဲ့လူငယ်(၂)ဦးရဲ့ဆိုင်ကယ်က ကမာဘီရွာလွန်တော့ ကျွန်မရှေ့ ကနေ ဖြတ်ကွေ့ပြီးနောက်ကထိုင်လာတဲ့ လူက ကျွန်မလည်ပင်းကဆွဲကြိုးကိုလုဖြတ်ယူလိုက်တယ်။ ကျွန်မက နင်တို့တော်တော်ရိုင်းပါလားလို့ပြောလိုက်တော့ နောက်ကထိုင်တဲ့သူက ဓားမြောင် ဆွဲထုတ် ပြီး ဘာဖြစ်ချင်လဲလို့ပြောတယ်။ နောက်ပြီးကျွန်မ လွယ်ထားတဲ့ အညိုရောင် ဆလင်းဘက်အိတ်ကို ဓားနဲ့ဖြတ်လုယူသွားတယ်”ဟု လုယက်ခံရသူ ပေါင်မြို့ထန်းပင်ချောင်ရွာလေးပိုင်းတွင်နေထိုင်သော

မူလတန်းပြဆရာမ ဒေါ်ဥမ္မာထွေးက သံလွင်တိုင်းမ်ကိုပြောသည်။

ခြိမ်းခြောက်လုယက်ခံရမှုကြောင်း (၁၀)သိန်းကျပ်တန် တန်ဖိုးရှိ ဆွဲကြိုးတစ်ကုံး၊ ငွေသား(၃) သောင်းကျပ်နှင့် ဖုန်း(၂)လုံးတို့ ပါသွားကြောင်းလည်း ဆရာမထံမှ သိရသည်။

လုယက်မှုကျုးလွန်သူလူငယ်နှစ်ဦးလုံးမှာအသက်နှစ်ဆယ်ကျော်အရွယ် လူငယ်များဖြစ်ပြီး လုယက်ပြီးနောက် ပေါင်မြို့ဘက်သို့ပြန်၍မောင်း သွားကြောင်း ဆရာမကဆက်လက်ပြောသည်။

ယခင်ကလည်း အဆိုပါလမ်းတွင် လုယက်ခံရသူများရှိခဲ့သော်လည်း သက်ဆိုင်ရာသို့ တိုင်ကြားမှုမပြုခဲ့ကြကြောင်း ဒေသခံတစ်ဦးက ပြောဆိုခဲ့သည်။
အဆိုပါဖြစ်စဉ်အပေါ် ပေါင်ရဲစခန်း (ပ)၁၇၉/၂၀၁၆ ရာဇဝတ်ကြီးဥပဒေပုဒ်မ ၃၈၄ အရ အမှုဖွင့် ထားကြောင်း သိရသည်။

သတင်း – ဝရဇိန် (ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.