သံဖြူဇရပ်၊ စက်တင်ဘာ ၁၉

သံဖြူဇရပ်မြို့တွင် မှိုနှင့် မှိုမျိုးစေ့ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။ 

လက်ရှိတွင် ငွေနှင်းဖြူမှိုနှင့် အဘိုးအိုနားရွက်မှိုတို့ကို အဓိကစိုက်ပျိုးပြီး မျိုးစေ့မျိုးအိတ်ထုတ် လုပ်ခြင်းများကိုလည်း ပူးတွဲလုပ်ကိုင်ကြောင်း စိုက်ပျိုးသူ ဦးအောင်နိုင်ကပြောသည်။

ငွေနှင်းဖြူမှိုမှာ တစ်ပိဿလျှင် (၂၀၀၀) မှ (၃၀၀၀)ကျပ်ရရှိပြီး အဘိုးအိုနားရွက်မှိုဆိုလျှင် အစိုတစ်ပိဿလျှင် (၂၀၀၀)ကျပ်ရောင်းချပြီး အခြောက်တစ်ပိဿာလျှင် တစ်သောင်းကျပ်မှ တစ်သောင်းနှစ်ထောင်ကျပ်အထိဈေးရကြောင်းလည်း စိုက်ပျိုးသူများကပြောသည်။

မှိုစိုက်ပျိုးရာတွင် အဓိကအားဖြင့် ရာဘာလွှစာကို အသုံးပြုပြီး အိတ်နဲ့ပျိုးထောင်မှုရှိသလို ပုလင်းနှင့် ပျိုးထောင်းမှုလည်းရှိကြောင်း သိရသည်။ ကုန်ကြမ်းများအနေဖြင့် ဖွဲနု၊ ထုံး၊ ပဲဖတ် ပြောင်း တို့ပါဝင်ပြီး ဓါတုဆေးဝါးနဲ့ မြေသြဇာမပါဝင်ကြောင်းလည်း သိရသည်။
mho-arcri
“မှိုမျိုးအိတ်တစ်အိတ်ကို (၁၅၀)နဲ့ရောင်းပါတယ်။ အများနဲ့ယူတဲ့ ဖောက်သည်တွေကိုတော့ (၁၄၀)နှုန်းနဲ့ပေးပါတယ်။ စိုက်ပျိုးတဲ့သူတွေကတော့ ထောင်ဂဏန်းမှသောင်းဂဏန်းထိ မှာယူ စိုက်ပျိုး တယ်။ သံဖြူဇရပ်မှာဆိုရင် မှိုစိုက်ပျိုးသူဦးရေ (၂၀)လောက်ရှိပါတယ်။ ဒီမှိုနဲ့ပတ်သတ်ပြီး ကျွန်တော့်ဆီ ကပဲ မှာယူစိုက်ပျိုးကြပါတယ်။ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း ကျွန်တော့်ဆီ ကပဲမှာယူကြပါတယ်” ဦးအောင်နိုင်က ဆက်ပြောသည်။

လုပ်ငန်းအတွက် အလုပ်သမားတစ်ဦးလျှင် တစ်အိမ်(၈)ကျပ်နှုန်းပေးပြီး တစ်နေ့လျှင် လူတစ် ဦး အလုံး(၅၀၀)ခန့်ပြီးစီးကာ အလုပ်သမားများအတွက်လည်း တွက်ချေကိုက်ပြီး အလုပ်သမားအများ စုမှာ မိန်းကလေးများ အများစုဖြစ်ကြောင်း သိရသည်။

သတင်း – ကျဲရော့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.