September 2016

လက်ပံတောကျေးရွာ မီးလင်းရေးကော်မတီ ရရှိငွေများအား အများဆန္ဒမပါဘဲသုံးစွဲနေသည်ဟု ရွာသားများဝေဖန်

ပေါင်၊ စက်တင်ဘာ ၆ ပေါင်မြို့နယ်၊ လက်ပံတောကျေးရွာ ကိုယ်ထူကိုယ်ထကျေးရွာမီးလင်းရေးကော်မတီမှ ငွေကြေး ကောက်ခံမှု၊ မီးလင်းရေးကိစ္စ မဟုတ်သည့်အခြားကိစ္စများတွင် ငွေများကို သုံးစွဲမှုများအပေါ် အများသဘောဆန္ဒမပါသဖြင့် ဒေသခံ ရွာသားများဝေဖန်မှုများပြုလုပ်လျက်ရှိသည်။

နိမ့်ကျမှုဖြစ်ပေါ်ခဲ့သည့် ကဗျာဝကွန်ကရစ်တံတားပြုပြင်ပြီးစီး၍ ကမ်းခြေအရောက် မော်တော်ယာဉ်ဖြင့် ပြန်လည်သွားလာနိုင်တော့မည်

ရေး ၊ စက်တင်ဘာ ၇ ရေတိုက်စားမှုကြောင့် နိမ့်ကျမှုဖြစ်ပေါ်ခဲ့သည့် ကဗျာဝကျေးရွာအဝင် ကွန်ကရစ်တံတားမှာ ယခုအခါ ပြုပြင်ပြီးစီးနေပြီး စက်တင်ဘာလ ၁၀ ရက်နေ့မှစတင်ကာ မော်တော်ယာဉ်များဖြင့် ကမ်းခြေအရောက် ပြန်လည်သွားလာနိုင်တော့မည်ဖြစ်သည်ဟု တည်ဆောက်ရေးတာဝန်ခံ ဦးသိန်းဌေးထွေးက သံလွင်တိုင်းမ်သို့ ပြောသည်။

မကျီးရွာသား ၂ ဦး သေဆုံးခဲ့ရမှုအတွက် တပ်မတော်အနေဖြင့် ပွင့်လင်းမြင်သာစွာသတင်းထုတ်ပြန်ပေးပါရန် လူ့အခွင့်အရေးကော်မရှင်က အကြောင်းကြားစာပေးပို့ထား

ရေး ၊ စက်တင်ဘာ ၇ ရေးမြို့နယ်၊ ခေါဇာမြို့၊ မကျီးချောင်းဝကျေးရွာအတွင်း ၂၀၁၆ ခုနှစ်၊ မတ်လ ၈ ရက်နေ့ညပိုင်းအချိန် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ ခလရ(၂၈၀)တပ်

သက်ငယ်မုဒိမ်းမှု သထုံမြို့တွင် ဖြစ်ပွား

သထုံ၊ စက်တင်ဘာ ၃ သထုံမြို့တွင် အသက်(၁၄)နှစ်အရွယ်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သထုံမြို့နယ် ရဲစခန်းမှ သိရသည်။

လူငယ်ရေးရာမူဝါဒ ရေးဆွဲမှုအတွက် မွန်ပြည်နယ်အတွင်းရှိ လူငယ်များ၏ သဘောထားအမြင်များ စစ်တမ်းကောက်ယူနေ

မော်လမြိုင်၊ စက်တင်ဘာ ၈ လူငယ်ရေးရာမူဝါဒ ရေးဆွဲမှုအတွက် မွန်ပြည်နယ်အတွင်းရှိ လူငယ်များနှင့် အသိပညာပေးဆွေးနွေး ခြင်း၊ သဘောထား အမြင်များအား စစ်တမ်း ကောက်ယူခြင်းများကို လုပ်ဆောင်နေကြောင်း ပြည်နယ် လူငယ် ကွန်ယက်ထံမှ သတင်းရရှိသည်။

၅၀၀ ကျပ်တန်ထီလက်မှတ်များ ထုတ်ဝေရောင်းချမည်ဖြစ်ပြီး ကိုယ်စားလှယ်များ စတင်လျှောက်ထားနိုင်ပြီ

မော်လမြိုင်၊ စက်တင်ဘာ ၇ ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ ၅၀၀ ကျပ်တန်ထီလက်မှတ်များကို ထုတ် ဝေရောင်းချရန် စီစဉ်နေပြီး ဝယ်ယူရောင်းချလိုသူများ၊ ထီကိုယ်စားလှယ်များအနေဖြင့် သက်ဆိုင်ရာ ဒေသ အလိုက် လျှောက်လွှာများကို မြို့နယ်အခွန်ဦးစီး ဌာနရုံးများမှတဆင့် အောင်ဘာလေသိန်းဆုဌာနခွဲသို့ ပေးပို့

ရေးမြို့နယ်တွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် မြန်မာ့ရိုးရာသိုင်းပညာကို စီစဉ်ပေးမည့်သူရှိပါက ကူညီ သင်ကြားပေးမည်

ရေး၊ စက်တင်ဘာ ၅ ရေးမြို့နယ်တွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် မြန်မာ့ရိုးရာသိုင်းပညာရပ်ကို စီစဉ်ပေးမည့်သူများရှိပါက ကူညီသင်ကြားပေးမည်ဖြစ်ကြောင်း ရေးမြို့နယ်နေ မြန်မာ့ရိုးရာသိုင်းပညာတက်မြောက်သူ ဦးတင်ဦးက သံလွင်တိုင်းမ်သို့ ပြောသည်။

ရေးမြို့နယ်တွင် ဆင်းကဒ်မှတ်ပုံတင်သူ နေ့စဉ် ၁၀၀ နီးပါးခန့်ရှိ

ရေး၊ စက်တင်ဘာ ၅ ရက် ရေးမြို့ မြန်မာ့ဆက်သွယ်ရေးရုံးတွင် ဆင်းကဒ်လာရောက်မှတ်ပုံတင်သူ နေ့စဉ် ၁၀၀ နီးပါးခန့် ရှိနေကြောင်း ရေးမြို့ မြန်မာ့ဆက်သွယ်ရေးရုံး တာဝန်ခံ ဦးစန်းနိုင်က သံလွင်တိုင်းမ်သို့ ပြောသည်။

ရေးမြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အမည်စာရင်းအား ပြည်နယ်တရားလွှတ်တော်သို့ ပေးပို့ထား

ရေး ၊ စက်တင်ဘာ ၇ ရေးမြို့နယ်တရားရုံးတွင် ယခုနှစ် ဇွန်လ ၁၇ ရက်နေ့က ပြုလုပ်သည့် ဥပဒေဆိုင်ရာအထောက်အကူ ပေးရေးအဖွဲ့ ဖွဲ့စည်းရေးအစည်းအဝေးတွင် တက်ရောက်သူများက အဆိုပြုတင်ပြသည့် ဥက္ကဋ္ဌအပါအဝင် ၄ ဦးတို့၏အမည်စာရင်းအား ပြည်နယ်လွှတ်တော်သို့ ပေးပို့တင်ပြထားဆဲဖြစ်ကြောင်း ရေးမြို့နယ် တရားရုံးမှ တရားသူကြီး ဦးအောင်တင်ညွန့်က သံလွင်တိုင်းမ်သို့ ပြောကြားသည်။

မုဒုံတွင် လူမှုကယ်ဆယ်ရေး Rescue ကူညီမှုပေါင်း ၁၇ ခုဆောင်ရွက်နိုင်ခဲ့

မုဒုံ၊ စက်တင်ဘာ ၇ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၏ အဖွဲ့ခွဲဖြစ်သော မုဒုံလူမှုကယ်ဆယ်ရေးအဖွဲ့သည် စတင်ဖွဲ့ စည်းသည့်အချိန်မှစပြီး နှစ်လအတွင်း ကူညီမှုပေါင်း(၁၇)ဆောင်ရွက်နိုင်ခဲ့ကြောင်း ၎င်းအဖွဲ့ထံမှ သိရဥည်။<!--more--> "ဒို့မုဒုံမြို့ဟာ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပေါ်မှာတည်ရှိတယ်။ လမ်းချိုး၊လမ်းကွေ့၊လမ်းဆုံတွေ လည်း တအားများတယ်။ မကြာခဏဆိုသလိုပဲယာဉ်အန္တရာယ်ဖြစ်မှုတွေ ယာဉ်တိုက်မှုတွေဖြစ်တယ်။ ဖြစ်တဲ့ အခါမှာ၊ သွေးသံရဲရဲဖြစ်နေတာတွေကို ကိုင်ဖို့၊သယ်ဖို့လက်တွန့်ကြတယ်။ အချိန်နဲ့တစ်ပြေးညီဆောင်ရွက်ပေးမယ့်အဖွဲ့အစည်းကလည်းမရှိဘူး။ ဒီလိုအပ်ချက်ကွက်လပ်ကိုဖြည့်တဲ့အနေနဲ့ အခမဲ့အရေးပေါ် လူမှု ကယ်ဆယ်ရေးအဖွဲ့ကို ဖွဲ့စည်းတည်ထောင်ရခြင်းဖြစ်တယ်"ဟု ဥက္ကဌဦးမိုးမြင့်ရှိန်က…