September 2016

သံလွင်တံတား (ချောင်းဆုံ) နဲ့ မုပွန် အောက်လမ်းမကြီး။

သံလွင်တံတား(ချောင်းဆုံ)က သိန်းပေါင်းများစွာကုန်ကျခံပြီး ၂၀၁၆ ဖေဖော်ဝါရီ (၈) က တည်ခဲ့တာ ၂၀၁၇ မတ်လမှာ ပြီးမယ်လို့ စက်တင်ဘာလဆန်းမှာ တံတားရဲ့(၆၀%) လောက် ရောက်နေပါပြီ။ တံတားကြီးကို သွားမယ့် တစ်မိုင်လောက်ရှိတဲ့ အောက်လမ်းမကြီးက တံတားကြီး ဆိုတဲ့ (ဆင်တော်)နဲ့ လမ်းက အမြင် မတော်တဲ့(ခလောက်)လို့ မုပွန်ရပ်ကွက်သားတွေက ပြောပါတယ်၊ အဲဒီလမ်းကို လာတဲ့သူတစ်ယောက်က (မှိတ်တိုက်)လမ်းလို့ပြောတယ်။ ကားမောင်းရင်း…

သစ်တောဦးစီးဌာန စီမံပိုင်ခွင့်မြေပေါ်တွင် ရော်ဘာနှင့် အခြားစက်မှုကုန်ကြမ်း သီးနှံစိုက်ခွင့် မပြုတော့

မော်လမြိုင်၊ စက်တင်ဘာ ၇ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်နှင့် သဘာဝကာကွယ်တောများအတွင်း ရော်ဘာ၊ ဆီအုန်းနှင့် စက်မှုကုန်ကြမ်း သီးနှံစိုက်ပျိုးမှုအား ခွင့်ပြုတော့မည်မဟုတ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန (မွန်ပြည်နယ်) သစ်တောရေးရာဦးစီးဌာနထံမှ သိရသည်။

အစိုးရသစ်အနေဖြင့် သံလွင်မြစ်ရေကာတာ (၆) ခုကို ဆက်မလုပ်ဖို့တိုက်တွန်း

မော်လမြိုင်၊ စက်တင်ဘာ ၇ အစိုးရသစ်အနေဖြင့် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့်ရေကာတာလျှပ်စစ်စီမံကိန်း(၆)ခုကို ဆက်မလုပ် သွားရန် တိုက်တွန်းသည့်အစီရင်ခံစာကို (MYPO)အဖွဲ့က စက်တင်ဘာ (၇)ရက်တွင် ထုတ်ပြန်ခဲ့သည်။

မွန်ပြည်နယ်ရှိ ကျောက်မိုင်းအားလုံး ပြန်စစ်မည်

Dawei Watch မော်လမြိုင်၊ စက်တင်ဘာ ၅ လယ်မြေများပျက်စီးကြောင်း ဒေသခံများအသံထွက်လာပြီးနောက် မွန်ပြည်နယ်၏ ကျောက်မိုင်းများအားလုံးကို ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောကြားသည်။

မွန်တွင် လက်ကိုင်စက်လွှ ရောင်းချမှု ကြပ်မတ်မည်

Dawei Watch မော်လမြိုင်၊ စက်တင်ဘာ ၂ မွန်ပြည်နယ်အတွင်း လက်ကိုင်စက်လွှ (Chain Saw) များ အသုံးပြုနေမှုကို ထိန်းချုပ်နိုင်ရန် သြဂုတ်မှစပြီး စတင် စိစစ်လျက်ရှိ ကြောင်း သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မွန်ပြည်နယ် သစ်တောရေးရာဦးစီးဌာနထံမှ သိရသည်။

မုဒုံမြို့မဈေး အဆင့်မြင့်ဈေးသစ်ကြီးအဖြစ်ပြောင်းလဲတည်ဆောက်ရန် မသေချာသေး

မုဒုံ၊ စက်တင်ဘာ ၆ မုဒုံမြို့မဈေးအား အဆင့်မြင့်ဈေးသစ်ကြီးအဖြစ် ပြောင်းလဲတည်ဆောက်ရန်မသေချာသေးကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ကျိုက္ခမီမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပင်လယ်စပ်ရှိ နေအိမ်အချို့ပျက်စီးမှုဖြစ်ပွား

ကျိုက်ခမီ၊ စက်တင်ဘာ ၃ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် စက်တင်ဘာ(၂)ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ပင်လယ်ကမ်းစပ်နှင့်နီးလျှက်ရှိသည့် အောင်သုခရပ်ကွက်ရှိ နေအိမ်အချို့ နှင့်အဆောက်အဦးများပျက်စီးခဲ့ကြောင်းသိရသည်။

ခေါဇာက ရွာသား ၂ ဦး သေနတ် ပစ်သတ်ခံရသည့်ကိစ္စ ၆ လကြာအမှုမှန်မပေါ်သေး

မော်လမြိုင်၊ စက်တင်ဘာ ၈ ခေါဇာမြို့နယ်ခွဲရှိ မန်းကျည်းချောင်းဝရွာသား ၂ ဦးသေနတ်ပစ်သတ်ခံရသည့် အမှုကိစ္စနှင့် ပတ်သက်ပြီး ၆ လကြာသွားသော်လည်း တစုံတရာထူးခြားမှုမရှိကြောင်း ကာယကံရှင်နှင့် အမှုမှန် ပေါ်ပေါက်ရန်လိုက်လံကူညီဆောင်ရွက်ပေးနေသည့် လူမှုအဖွဲ့အစည်းတို့က ပြောသည်။

သမ္မတရုံးညွှန်ကြားချက်ဖြင့် နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံနိုင်မည့် လျာထားမြေနေရာများအား မွန်ပြည်နယ်အစိုးရအဖွဲ့မှ လိုက်လံကြည့်ရှု

ပေါင်၊ စက်တင်ဘာ ၇ နိုင်ငံတကာမှလာရောက်ရင်းနှီးမြုပ်နှံမှုပြုလုပ်နိုင်မည့်မြေနေရာများရှာဖွေသတ်မှတ်ထားရန် နိုင်ငံ တော်သမ္မတရုံး၏ ညွှန်ကြားထားချက်အရ မွန်ပြည်နယ်၊ သထုံခရိုင်(၄)မြို့နယ်အတွင်း လျာထားမြေနေရာ များကို စက်တင်ဘာ ၇ရက်နေ့က မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သောအဖွဲ့မှ လိုက်လံကြည့်ရှုနေကြောင်း သတင်းရရှိပါသည်။

ကျိုက်မရောမြို့နယ်တွင် ၂၀၁၆ ခုနှစ် ရှစ်လအတွင်း မှုခင်းပေါင်း(၁၅၅)မှုဖြစ်ပွား

ကျိုက်မရော၊ စက်တင်ဘာ ၆ ကျိုက်မရောမြို့နယ်အတွင်း ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလမှ သြဂုတ်လအထိ ရှစ်လအတွင်း မှုခင်းပေါင်း (၁၅၅)မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။<!--more--> ဖြစ်ပွားခဲ့သော မှုခင်းပေါင်း(၁၅၅)မှုတွင် လူသက်မှု(၅)မှု၊ ယာဉ်တိုက်မှု(၃၉)မှု၊ သာမန်နာကျင်စေမှု(၅)မှု အခြားအမှု(၃၃)မှု၊ လက်နက်မှု(၄)မှု၊ ချဲသုံးလုံး(၁)မှု၊ ချဲနှစ်လုံး(၁)မှု၊ လောင်းကစားမှု(၁)မှု၊ မူးယစ်ဆေးဝါး မှု(၉)မှု၊ ခြေချူပ်မှု(၄)မှု၊ ရဲအက်(၂၃)မှုတို့ဖြစ်ပြီး ယာဉ်တိုက်မှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။ “မှုခင်းတွေအများကြီးဖြစ်နေတာတော့…