မုဒုံ ဇူလိုင် ၂၇

မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာရှိ ကမ္ဘာ့အကြီးဆုံးအတောင်(၄၀၀)ပြည့်လျောင်းတော်မူဘုရားကြီးနှင့် တည်ဆောက်ဆဲအတောင်(၆၀၀)ပြည်လျောင်းတော်မူဘုရားကြီးအဝင်လမ်းဝရှိ ဗျိုင်းနှစ်ကောင်မုဒ်ဦးအား အသစ်တည်ဆောက်ရန်အတွက် ဖြိုချခြင်းများကို ဇူလိုင်လ(၂၄)ရက်နေ့ မနက်ပိုင်းမှ စတင်ကာဆောင်ရွက်နေကြောင်းသိရှိရသည်။

n7

” ဒီဗျိုင်းနှစ်ကောင်မုဒ်ဦးကို ဖြိုဖျက်ပြီးအသစ်တည်ဆောက်ဖို့က ဆရာတော်ဘုရားသက်တော်ထင်ရှား ရှိကတည်းက လုပ်ဖို့အစီအစဉ်ရှိပြီးသာပါ။ ဒါပေမဲ့လည်းလုပ်ငန်းအကောင်အထည်ဖော်ဖို့ပြင်ဆင်ဆဲဆဲမှာဆရာတော်က ပျံလွန်တော်မူသွားလို့အခြားကိစ္စရပ်တွေဦးစားပေးဆောင်ရွက်နေရလို့ အခုမှပဲပြုလုပ်ရတယ်၊ ဒါက လည်းဆရာတော်ဘုရားရဲ့ မိန့်မှာချက်အတိုင်းဆောင်ရွက်တာလည်းဖြစ်တယ်”ဟု ရတနာတောင်၊ဝင်းစိန်တော ရအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျှက်ရှိသည့် ဥူးခေမာဝံသက သံလွင်တိုင်း မ် သို့မိန့်သည်။

အသစ်တည်ဆောက်မည့် ဗျိုင်းနှစ်ကောင်မုဒ်ဦးသည် ယခင်မူလမုဒ်ဦးထက်(၃)ဆခန့်ကြီးမားမည်ဖြစ်ပြီး၊ အမြင့်ပေ(၂၀)၊ အလျားပေ(၁၀၀)ရှိမည်ဖြစ်ကာ လုံးပတ်(၈)ပေရှိကွန်ကရစ်တိုင်ကြီး(၃)တိုင်ထောက်RC၊ ကွန်ကရစ်အခင်းပြားကြီးပေါ်တွင်မူလအရွယ်အစားထက်ကြီးမားသည့် ဗုဒ္ဓဝင်တောထွက်ခန်းရုပ်လုံး၊ ရုပ်ကြွ များနှင့်အတူဗျိုင်းနှစ်ကောင်ရုပ်တုနှင့်စေတီတော်တစ်ဆူပြန်လည်တည်ဆောက်သွားမည်ဟုလည်းသိရှိရသည်။

“မြိုင်ကုန်း ဗျိုင်းနှစ်ကောင်မုဒ်ဝကိုဖျက်လိုက်ပြီးဆိုတာကြားတော့စိတ်မကောင်းဖြစ်မိတယ်၊ Faebook ပေါ်မှာလည်း ဖြိုဖျက်နေတဲ့ပုံတွေတင်ပြီးဝေဖန်မှုတွေကိုတွေ့နေရတယ်၊ အခုမှအမှန်ကိုသိရတော့ဝမ်းသာပီတိ ဖြစ်ရတယ်”ဟု လာရောက်ကြည့်ရှုသည့် ရေးမြို့နယ်၊အာယုတောင်ကျေးရွာမှ ဦးဝင်းကိုစိုးက ပြောသည်။

ရတနာတောင် ဝင်းစိန်တောရကျောင်း ဗျိုင်းနှစ်ကောင်မုဒ်ဦးအား ကောဇာသက္ကရာဇ်(၁၃၅၃)ခုနှစ်၊ ခရစ်သက္ကရာဇ်(၁၉၉၁)ခုနှစ်တွင်တည်ဆောက်ထားကြောင်းနှင့် ဖြိုချစဉ်တွင်ကြာမြင့်သက်တမ်း(၂၅)နှစ်တင်းတင်း ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

သိန်း(၃၀၀၀)ကျော်ကုန်ကျမည့် ဗျိုင်းနှစ်ကောင်မုဒ်ဝအသစ်တည်ဆောက်ရန် ဇူလိုင်(၂၆)ရက်နေ့မှလုပ်ငန်းများစတင်ဆောင်ရွက်နေပြီး အလှူရှင်ပေါ်ပေါက်လာပါကကမ္ပည်းမော်ကွန်းထိုးပေးသွားမည်ဟုလည်းသိရ သည်။

နောင်လာမည့်ပွဲတော်ကာလတွင် ဘုရားဖူများ၊ ကားကြီး၊ ကားငယ်များ ဗျိုင်းနှစ်ကောင်မုဒ်ဦးအသစ်၏နောက်မှဖြတ်သန်းသွားရတော့မည်ဖြစ်ပြီး မုဒ်ဦးမှ (၂)ဖာလုံခန့်အကွာရှိ ချောင်းကူးတံတားအားလည်းတိုးချဲ့ တည်ဆောက်ခြင်းများအား ယင်းကာလအမှီပြုပြင်တည်ဆောက်သွားမည်ဟုလည်းသိရှိရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.