ရွှေမြိုင်မောင်ပေါက်ကျိုင်း

မွန်လွှတ်တော်၊အစိုးရ၊လူငယ်များ။

မွန်လွှတ်တော်မှာ လူငယ်အမတ်တွေရဲ့ စွမ်းရည်ကို တွေ့ရပါတယ်၊ ပါဝါပွိုင့်သုံးပြီး တင်ပြလာတာတွေ့ရတယ်၊ မြေပြင်အနေထားကို လွှတ်တော်အမတ်များတွေ့နိုင်တဲ့အတွက် တင်ပြမှုအသက်ပါ စိတ်ဝင်စားပြီး အော်ဒီလို ဖြစ်နေတာပါလားဆိုတာတွေ့ပြီး၊ လွှတ်တော်ရဲ့အားကို မြင့်စေပါတယ်၊ ခရိုင်အနေနဲ့ ပြောရရင် သထုံခရိုင်က လူငယ်တွေ များတော့ တင်ပြမှုပို သွက်တယ်၊ များပါတယ်၊ မော်လမြိုင်ခရိုင် ကျိုက္မရော၊ မုဒုံ ကလည်း ပါဝါ ပွိုင့်သုံးတယ်၊ မုဒုံကလည်း အရင်အစိုးရတစ်ဆက်မတ

mon-state-htult-dawင်ခဲ့တာတွေ အခုတင်တာလာတာ ဆက်တိုက်ပါပဲ၊ တစ်ခါတင်မယ်လို့ပြောတဲ့ ကျွဲနွားမှောင်ခိုလမ်းကြောင်း၊ မတွေ့တာ မေးကြည့်တော့၊ ပြုံးနေပါတယ်၊ ဒေသက လူတွေက ကောင်းရောင်း ကောင်းဝယ်ပဲမြင်နေလို့ပဲလား တွေးမိပါတယ်။ ကောင်းပါတယ်၊ မော်လမြိုင် အတွက်တော့ နောက်ဆုံးနေ့မှာ စည်ပင်အမှိုက်ကိစ္စတင်လာသလို၊ ဘတ်ဂျက်အခြေနေနဲ့ အမှိုက် ကား အခက်ခဲကိုတင်ပြတော့၊ ကမ်းနားလမ်းအဆင့်(၆)ရဲ့ လွှတ်တော်တင်တဲ့ကတိအတိုင်း၊(ဒသမ၇၅)ကို ရောင်း လိုက်ရင် (၁၀)မြို့နယ်တစ်မြို့နယ်အမှိုက်ကားအစီး(၃၀) လောက်ဝယ်နိုင်မယ်ဆိုတာ ဦးထွန်းမင်းအောင် တွက် ပြတာလေးကြားရပါတယ်။


ကမ်းနားလမ်းအဆင့်(၆)နဲ့ လွှတ်တော်။

လွှတ်တော် နောက်ဆုံးနေ့ ကမ်းနားလမ်းအဆင့်(၆)ကို ဒေါက်တာ အောင်နိုင်ဦးခေါင်းဆောင်ပြီး ပြန်လည် လေ့လာရေးအဖွဲ့အစီရင်ခံစာတင်ပြပါတယ်၊ ဥပဒေချုပ်က ပြောပါတယ်၊ ၃-လလောက်ခံပြီးပျက်နေတဲ့ လမ်း အရည်အသွေးစစ်ဆေးရေးအဖွဲ့တွေကို နောက်မသုံးဖို့ သဘောပြောတာမျိုး ကြားရသလို၊ ကန်ထရိုက်ဆရာ မိုးကျော် ပြောသလို စာချုပ်ကို ဥပဒေချုပ်ကိုတင်ပြရေးဆွဲတာမျိုး မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်၊ ဘာကြောင့် လည်းဆိုတော့ ကန်ထရိုက်အပေါ် ချည်နှောင်မှုအားနည်းလို့ဆိုပါတယ်။ ဒီတစ်ခါ ပြည်နယ်(စည်ကော်)ရွေးရင် စစ်ဆေးမှုစနစ်ကျအားကောင်းတဲ့ဆရာတွေကိုပဲ ရွေးဖို့ စဉ်းစားမိပါတယ်။ အလုပ်တွေများပြီး တစ်ခါမှလည်း မလာနိုင်၊ လက်မှတ်ပဲ ထိုးတဲ့ လူကြီးကြိုက်သူတွေထက်၊ ပြည်သူကို မျက်နာမူတဲ့ သူတွေပါဖို့လည်း သတိထား ရပါမယ်။ တရားသူကြီးချုပ်က အထူးမပြောလိုပါဘူး၊ တရားရုံးရဲ့ အဆုံးအဖြတ်ပဲလို့ ဆိုပါတယ်။ လွှတ်တော် အပြီး ဒုဥက္ကဌလည်းဖြစ်၊ စစ်ဆေးအဖွဲ့ဥက္ကဌလည်းဖြစ်တဲ့ ဒေါက်တာအောင်နိုင်ဦးကို ဗျူးတော့ ငွေလျှော့ဖို့ စာချုပ်ထဲမှ မပါတော့၊ ငွေအပြည့်သိန်း(၂၅၀၀၀)ပေးသွင်းရပါမယ်၊ မြေကတော့ စာချုပ်မှာပါတဲ့ အတိုင်းလို့ ဆိုပါတယ်။ အများသိဖို့ စီစစ်ရေးအဖွဲ့ရဲ့ သုံးသပ်၊ အကြံပြုချက်တွေတင် ပေးလိုက်ပါတယ်။

တရားဥပဒေစိုးမိုးဖို့ အရေးကြီးလာပါပြီ။

နှစ်စဉ် ဇင်းကျိုက်ရေတံခွန်မှာ အပျော်လွန် ကွယ်လွန်တာတွေ ကြားနေကြပါပဲ၊ ကရင်က ကျုံထော်ရေတံခွန် လည်း ဇင်းကျိုက်ထက်လူများပေမယ့် ဒီလိုမျိုးအသံမကြားပါဘူး၊ အဓိကတော့ အရက်ပါပဲ၊ မွန်ရဲ့ လူသားအရင်း အမြစ် ဆုံးရှုံးမှုက တန်ဖိုးကြီးပါတယ်၊ အမတ်ကိုထွန်းမင်းအောင်က သူကွင်းဆင်းတော့ ဇင်းကျိုက်ရေတံခွန် ဝန်းကျင်ဆိုင်တွေက လိုင်စင်မဲ့ အရက်စုံရောင်းတာတွေ့ပါတယ်၊ လိုင်စင် တစ်ဆိုင်က တောအရက်ဆိုပဲ၊ လိုင်စင်မဲ့ကိုအရေးယူဖို့ တရားဥပဒေရှိပြီးသားပဲ၊ မစိုးမိုးတာ၊ စိုးမိုးအောင် ဘယ်သူက ဘာလုပ်ရမှာလဲ၊ ပျက် ကွက်ရင် ဘာတွေအရေးယူမလဲ ဆိုတာက မေးစရာပါ။ အရက်ကင်းမဲ့ဇုံလုပ်ဖို့တော့ လွှတ်တော်က အဆိုတင် အတည်ပြုနေပြီ၊ ဒီကြားထဲ အရက်ကို လိုင်စင်မဲ့ရောင်းတာကို ချက်ခြင်း အရေးယူဖို့ ဇင်းကျိုက်တင်မက တစ်ပြည်နယ်လုံး စလုပ်ဖို့ ဥပဒေသမား အမတ် ဒေါ်ခိုင်ခိုင်လဲ့က ပြောပြီ၊ စောင့်ကြည့်ကြတာပေါ့၊ ထွေအုပ်ကို ဘယ်သူက ခိုင်းမှာလဲ၊ တာဝန်ရှိပြီး တာဝန်မသိရင် ထားဖို့တောင်မလို တော့ပါဘူး၊ ပြောမှလုပ်မှာလား၊ အပြစ် ယူမှ လုပ်မှာလားလို့မေးရင် ဘယ်သူကြိုက်မှာလဲ၊။

လွှတ်တော်ရက်ထဲ ခွင့်ကများ။

ဒီအပတ် လွှတ်တော်ရက်တွေမှာ ခွင့်တာဝန်တွေကများသလိုပဲ၊ မရှိတဲ့ဝန်ကြီး ကိုယ်စား ဖြေရာတာ အခက်ခဲရှိ တတ်ကြပါတယ်၊ ဝန်ထမ်းအဟောင်းတွေက ရေးပေးတာလား၊ ဖြေတာတွေကို ဒီအပတ်လွှတ်တော်မှာ ပြန်လှန် မေးခွန်းနဲ့ မိကြပါတယ်၊ နောက်ဆိုတော့ ကိုယ်တိုင်ကွင်းဆင်းပြီးမှ ဖြေရမယ့် အနေ ထားမျိုးရောက်လာရင်၊ ပြည်သူ့ဘဝလည်း ပြောင်းလဲလို့ လာပါမယ်။ ဝန်ကြီးတွေ တာဝန်အရသွားနေပြီး၊ ကိုယ်စားသမားတွေက ခါးနာ ကြတာပေါ့၊ ဒေါ်နန်းစံဝင့်ခိုင် ကိုယ်စားဖြေတာကို သူ့သဘောပါဆွဲထည့်တော့ ချက်ခြင်းပဲ ထပြောပြီး၊ သူ့ သဘောမပါကိုယ်စားဆိုတာ ရှင်းပြရှာပါတယ်။

နှုန်းမွေးခြင်း

ဒီစကားကို ထိုင်းကပြန်လာတဲ့ ဒေါက်တာမင်းကြည်ဝင်းပြောတာ ပထမဆုံးကြားရတော့၊ ပြုံးမိပါတယ်၊ မုတ္တမရေတိမ်ဒေသအတွက် ထိုင်းမှာ သွားလေ့လာဖို့ သူနဲ့ ဦးထွန်းဌေး၊ ပဲခူးတိုင်းက ဝန်ကြီး(၂)ဦးနဲ့အတူ သွားခဲ့ပါတယ်။ ထိုင်းမှာက ပုစွန်ကန်တွေလုပ်တာများပြီး ဂေဟစနစ်ပျက်တာကို အခုလို နှုန်းမွေးတာကို ပြန် လုပ်ခဲ့သူတစ်ဦးတွေ့ဖြစ်တာကို ပြောပါတယ်၊ ကမ်းဝေးမှာ ဝါးတိုင်တွေနဲ့ ရေထဲမှာ ခြံကာပါတယ်၊ လူတော်တော် များက ဟားကြပါတယ်၊ အရူးပါတဲ့၊ ဒီလိုပဲ အထပ်ထပ်ကာရင်း (၄)နှစ်အကြာ ဒီရေထဲက ရွှံ့အနယ် ကျ၊ ဝါးတိုင်မှာ တွယ်ပါတယ်၊ ဝါးမဆွေးခင်မှာ မွေးထားတဲ့နှုန်းမြေရ ပြီး ဂဏန်း၊ ပုစွန်လေးတွေ၊ ပင်လယ်ငါးဖျံလေး တွေနဲ့ လူလုပ်နှုန်းတောဖြစ်တည်လာပါတယ်၊ အဲဒီမှာ ဒီရေတောတွေ စပြီးစိုက်ကြပါတယ်၊ ပျက်နေတဲ့ ဂေဟ စနစ်ကို အစိုးရတိုက် တွန်းခြင်းမရှိဘဲ လူလုပ်ကမ်းခြေဖြစ်တည်နေတာကို တိုရစ်ဇင် (Tourism) တွေက လိုက်ကြည့်ရင်း အားပေးတာ၊ ဝင်ငွေရတာကို ပြောပြပါတယ်၊ မွန်ကတော့ အဲဒီ လောက် အခြေနေမဆိုးသေး ဘူးဆိုပေမယ့်၊ သူတို့လောက် မပျက်စီးခင်မှာ ဒီရေတောကို စိုက်ပျိုးပွားများထားဖို့ လိုနေပြီလို့ ဆရာက ပြောပါတယ်၊ ဒီရေတောက ငါးသယံဇာတတွေရဲ့ နေအိမ်ဖြစ်သလို၊ အမြစ်ပွါးတွေမှာ ကပ်နေတဲ့ သူတို့ရဲ့ အစာဖြစ်ပြီး၊ နာဂစ်လို သဘာဝမုန်တိုင်းဒဏ်ကိုတောင် ကာကွယ်နိုင်ပါတယ်။

ရက်(၁၀၀)မီဒီယာ

မွန်မီဒီယာရက်တစ်ရာမှာ အရင်အစိုးရထက် အရေတွက်အားဖြင့် သတင်းထောက်တွေ များလာပါတယ်၊ ရုပ်သံ ခေတ်၊ အွန်လိုင်းခေတ်ဖြစ်လာပါတယ်၊ သတင်းသိပိုင်ခွင့်က လျှော့လာတာလားလို့၊ ပမာပြရရင် ထောင်က ဆေးကိစ္စက ခုချိန်ထိ ပွင့်ပွင့်လင်း သိခွင့်မရသေးဘူးဖြစ်နေတယ်၊ ပွင့်ပွင့်လင်းလင်းနဲ့ ထုတ်ပြန်တာမျိုး မျှော်လင့်ထားပေမယ့်၊ ဖြစ်မလာသေးပါဘူး၊ ဒီဖက်အစိုးရခေတ် မှာ ဝန်ကြီးတွေက ရုံးအဖွဲ့ကို တစ်ခန်းထဲ စုထားပြီး အရင်ဝန်ကြီးတွေနဲ့စာရင် ပိုပြီးသီးသန့်ဆန်လာသလို၊ ဝန်ကြီးတစ်ဦးက ဌာနတွေ(၂၀) ကျော်ကိုင် ထားရ၊ လိပ်ပတ်မလည်တဲ့အနေထားတွေမှာ သူတို့ဘက်က ပြောဆိုဖို့ခက်ခဲနေတတ်တာမျိုးလည်း ရှိနိုင်ပါ တယ်။ NLDကလည်း သိပိုင်ခွင့်ကို ထိန်းထားလားဆိုတာ မေးစရာဖြစ်နေပါတယ်၊ လွှတ်တော်ဘက်ဆို လည်း ပထမအကြိမ်ထက် သိပိုင်ခွင့် နည်းနေသေးပေမယ့် လူငယ်လွှတ်တော်အမတ်တွေက တက်ကြွပါတယ်၊ သူတို့ စကားတွေကပဲ သတင်းဖြစ်နေတတ်ပါတယ်။

အဖေနဲ့သားများ

ချမ်းသာတဲ့ဖေဖေတစ်ဦးရဲ့ ရင်တွင်းအသံ၊ မျက်ရည်လည်မှုတွေနဲ့ သားရဲ့အိမ်ရှေ့မှာ ဆည်းဆာမြင်ကွင်းဆိုတဲ့ ဆိုင်းဘုတ်ထောင်၊ တောင်းရမ်းအလှူခံမှု လူမှုကွန်ယက်သတင်းဟာ အဖေရှိတဲ့သူတိုင်း ခံစားရသလို၊ သတင်း သမားတစ်ဦးအနေနဲ့ သင်ခန်းစာရရှိစေခဲ့ပါတယ်။ သားအဖကြား၊လင်မယားကြားဆိုတာ ဝင်လို့မကောင်းသလို၊ သူသူငါငါ ကိုယ်ကောင်းတာပဲပြောနေကြတဲ့အချိန်မှာ ဘယ်သူမှား/မှန်တာကို မှတ်ချက် မပေးလိုပါဘူး၊ အချိန်ကြရင် ဒို့သားဖကြား မီဒီရာက ဖွတယ်ဆိုတာမျိုးလည်း ကြားကောင်း၊ကြားရပါလိမ့်မယ်။father-and-son

တန်ဖိုးကြီးတဲ့ သတင်းစာရှင်းပွဲများလား

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သတင်းစာရှင်းလင်းပွဲလုပ်နိုင်လား၊ ပြီးတော့NLDပါတီရဲ့ သဘောကရော၊ အဲဒီသတင်းစားရှင်းလင်းပွဲရလဒ်က မုဒုံအမှတ်(၁)မဲဆန္ဒနယ် ပြည်နယ်အမတ်တွက် တန်ဖိုးကြီးမလားလို့၊ ပါတီအပေါ် လူထုအမြင်သက်ရောက်မှုက ဘယ်လိုရှိမလဲ၊ အဲဒါနဲ့ အညီ အမတ်ရဲ့ ရှေ့အရေးက ဘယ်လို စိန်ခေါ်မှုတွေနဲ့ ကြုံနေမလဲဆိုတာ စောင့်ကြည့်ကြပါစို့။

ပါဝါဆပလိုင်း/အီးအိုင်အေ

ကျိုက္ခမီ/မုဒုံအစပ်က မုတ္တမကမ်းလွန်လုပ်ကွက်တွက် တစ်ထောက်နား ရေနက်ဆိပ် ကမ်းဇုန်လာတင်ပြတာကို ဒေါက်တာမင်းကြည်ဝင်းနဲ့ မေးဖြစ်ပါတယ်။ သူတို့ပြတာ ဒို့မြေဧက(၄၀)ကျော်မှာ အိမ်ယာ၊ ဆေးရုံ၊ ဆိပ်ခံ တံတား၊ ရေနံလှောင်ကန်၊ သင်တန်းကျောင်း၊ အပန်းဖြေစတာတွေ တစ်ခါထဲ ပါဝါပွိုင့်နဲ့ ဆောက်ပြတာ၊ ခဏလေးပဲ၊ ဒုတိယစင်္ကာပူတဲ့၊ ဟိုဖက်အစိုးရကတည်းကတင်ပြခဲ့တာ၊ အခု အမ်အိုင်စီ(MIC)က ခွင့်ပြုတော့ မယ်ဆိုတာပြောတော့၊ အီးအိုင်အေလုပ်ပြီးလား၊ လုပ်ပြီးရင် နယ်ခံအစိုးရကို ပြရမှာပေါ့၊ ပါဝါဆပ်ပလိုင်းဆိုတဲ့ လျှပ်စစ်က ဘယ်လိုလဲလို့မေးတော့၊ ကျောက်မီးသွေးနဲ့မဖြစ်သလို၊ နေရှင်နယ်ဂရစ်ကလည်း မပေးနိုင်ပါ၊ ဆရာများ ပြန်လည် တင်ပြမယ်ဆိုပြီး ပြန်လှည့်သွားပါတယ်လို့ ဆရာပြောပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.