မုဒုံ ဇူလိုင် ၆

မုဒုံမြို့၊မြို့မ(၄)ရပ်ကွက်၊ထိန်းကုန်ရပ်၊ ထိန်ကုန်ကွက်သစ်၊ရေတောင်ဘုန်းတော်ကြီးကျောင်းအနီး စိန်ချယ်လမ်းသွယ်ရှိတရားမဝင်သစ်စက်ဝင်းအတွင်း ကျွန်းသစ်တင်ဆောင်ထားသည့်ကားတစ်စီးရောက်ရှိနေကြောင်းသတင်းအရ ဇူလိုင်လ(၆)ရက်၊ နေ့လည်(၁၁း၀၀)နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊သစ်တောဦးစီး

forest-cuttingဌာနမှတောအုပ်ကြီးဦးကျော်သူဦးစီးအဖွဲ့၊ မုဒုံမြို့နယ်သစ်တောဦးစီးဌာနမှတောအုပ်ကြီးဦးစိုးနိုင်ဦးစီးအဖွဲ့၊ သံဖြူဇရပ်မြို့၊ ခ.လ.ရ(၆၂)မှဗိုလ်မှူးငြိမ်းချမ်းထက်ဦးစီးအဖွဲ့၊ မုဒုံမြို့၊မြို့မရဲစခန်းမှရဲအုပ်ဝင်းဇော်ဌေးဦးစီးအဖွဲ့နှင့်သက်သေအဖြစ်မြို့မ(၄)ရပ်ကွက်၊ဆယ်အိမ်စုမှူးဦးညွန့်တင်၊ဦးအောင်တို့ပါဝင်သောပူပေါင်းအဖွဲ့သည်အဆိုပါသစ်စက်ခြံဝင်းအတွင်းဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ကြောင်းသိရှိရသည်။

ဖြစ်စဉ်မှ ာယင်းနေ့အချိန်၌ မော်လမြိုင်မြို့၊ညောင်ပင်ဆိပ်ရပ်ကွက်၊ မော်လမြိုင်စက်မှုဇုန်နေဦးအောင်စိန်(၅၃)နှစ်၊(ဘ)ဦးပန်းလှိုင်ပိုင်ဆိုင်သောမုဒုံမြို့၊မြို့မ(၄)ရပ်ကွက်၊ထိန်းကုန်းရပ်၊စိန်ချယ်လမ်းသွယ်ရှိတရားမဝင်သစ်စက်ဝင်းအတွင်းသို့ ပူးပေါင်းအဖွဲ့မှဝင်ရောက်ရှာဖွေရာ မော်တော်ယာဉ်ရှေ့နံပါတ်4B/4115၊ကားဘော်ဒီဘေးနံပါတ်(၃ခ/၆၅၃၉)နံပါတ်တပ်ဆင်ထားသည့် NISSAN DISEL ခေါင်းစိမ်း(၁၀)ဘီးကား(၁)စီးအားတွေ့ ရှိ၍ စစ်ဆေးရာ၊ယာဉ်ပေါ်တွင်ကျွန်းသစ်(၄၀)လုံး၊ခြံဝင်းထဲတွင်ကျွန်းသစ်(၁၂)လုံး၊ကျွန်တိုင်လုံး(၉၂)လုံး၊ကျွန်း ခွဲခြမ်း(၂၃)ခြမ်းကျွန်းခွဲသား(၄၅)ချောင်း၊ စုစုပေါင်းကျွန်းသစ်(၁၀.၃၁၄၈)တန် တန်ဖိုး(၅၂၅၅၉၀၀)ကျပ်၊ ပျဉ်း ကတိုးတိုင်(၅)လုံး၊ (ဝ.၂၆၆၂)တန်၊ တန်ဖိုး(၁၃၃၁၀၀)ကျပ်၊ ပိတောက်ခွဲသာ(၁၀၁)ချောင်း(ဝ.၄၈၈၄)တန်၊တန်ဖိုး(၄၈၈၄၀၀)ကျပ်၊စုစုပေါင်းသစ်(၁၁.၀၆၉၄)တန်၊စုစုပေါင်းကာလတန်ဖိုး(၅၊၈၇၇၊၄၀၀)ကျပ်ခန့်အားရှာဖွေတွေ့ ရှိပြီး၊ ယင်းသစ်များအပေါ်အထောက်အထားတင်ပြနိင်ခြင်းမရှိကြောင်းလည်းရဲမှတ်တမ်းများအရသိရှိရသည်။

ယင်းသစ်များမှာ ရေးမြို့နယ်မှတင်ဆောင်လာပြီး သစ်များတင်ဆောင်လာသောယာဉ်မောင်းမှာ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာနေဦးကျားပေါက်ဆိုသူဖြစ်ပြီး ၎င်းမှာသစ်စက်အတွင်းမော်တော်ယာဉ်အားထား ကာထွက်ပြေးတိမ်ရှောင်သွားကြောင်းလည်းသိရှိရသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မုဒုံမြို့နယ်သစ်တောဦးစီးဌာနမှတောအုပ်ကြီးဦးစိုးနိင်မှ ဇူလိုင်လ(၆)ရက်နေ့တွင် တရားမဝင်သစ်များ လက်ဝယ်ထားရှိသူဦးအောင်စိန်နှင့်ယာဉ်မောင်းဦးကျားပေါက်တို့အားဥပဒေအရအရေးယူပေးပါရန်တိုင်တန်းသဖြင့်မုဒုံမြို့မရဲစခန်းမှ(ပ)၁၀၉/၂၀၁၆၊ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ၆(၁)ဖြင့်သတင်းချက်ရေးဖွင့်ကာ ဦးအောင်စိန်အားဖမ်းဆီးပြီးရဲအုပ်ဝင်းဇော်ဌေးမှစစ်ဆေးလျှက်ရှိကြောင်းသိရှိရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.