မော်လမြိုင်၊ ဇွန် ၃၀

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦးသည် မွန်ပြည်နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌများ၊ ပြည်နယ်နှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အလုပ်အမှုဆောင်အရာရှိများကို ပထမဦးအကြိမ်တွေ့ဆုံခဲ့သည်ဟုသတင်းရရှိသည်။

Untitled-2

ယင်းတွေ့ဆုံပွဲတွင် စည်ပင်သာယာရေးဝန်ဆောင်မှုဆောင်ရွက်ရာတွင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ အခက်အခဲများ၊ ဖြေရှင်းနည်းများကို လွတ်လပ်ပွင့်လင်းစွာဆွေးနွေးခဲ့သည်ဟု သိရသည်။

မိမိတို့အနေဖြင့် ဘက်ဂျက်ငွေကြေးမလုံလောက်မှု၊ ဝန်ထမ်းအင်အားမလုံလောက်မှု စသည်တို့နှင့် ရင်ဆိုင်နေရသည့်အခြေအနေကြောင့် လုပ်ငန်းကို ထိထိရောက်ရောက်လုပ်ကိုင်နိုင်စွမ်းမှာ အားနည်း နေသည်မှာ အမှန်ပင်ဖြစ်ကြောင်း၊ ယင်းကို ယခုမှစတင်ပြီးတွန်းတွန်းတိုက်တိုက်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အထူးဦးစားပေးဒေသနှင့်ကဏ္ဍတို့ကို တစ်နှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြို့နယ်အသီးသီးကလည်း ရင်ဆိုင်နေရသည့်အခြေအနေများကို တင်ပြခဲ့ကြပြီး မည်သို့ဆောင်ရွက်နိုင် မည်ကိုလဲ ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

သတင်းနှင့် ဓါတ်ပုံ – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.