မော်လမြိုင်

Miss Universe Myanmar 2017 ပြိုင်ပွဲကြီးကို အောက်တိုဘာလတွင် ကျင်းပမှာတော့ မှာဖြစ်ပြီး မော်လမြိုင်မှ လဲ့လဲ့မိုးကျော် ဝင်ရောက်ယှဉ်ပြိုင်မည်

မော်လမြိုင်၊စက်တင်ဘာ ၃ Miss Universe Myanmar 2017 ပြိုင်ပွဲကြီးကို လာမည့်အောက်တိုဘာလ (၆)ရက်နေ့ ညနေ(၆)နာရီအချိန် နိုဗိုတယ်ဟော်တယ်မှာ ကျင်းပပြုလုပ်တော့မှာဖြစ်ကြောင်းသိရသည်

(၂၈)နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အခမ်းအနား မွန်ပြည်နယ် (၁၀)မြို့နယ်လုံးတွင် ကျင်းပမည်

မော်လမြိုင်၊ ဇူလိုင် ၂၈ (၂၈)နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အခမ်းအနားများကို ၂၀၁၆ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့ မနက်(၈)နာရီတွင် မွန်ပြည်နယ် (၁၀)မြို့နယ်စလုံး၌ တစ်ပြိုင်နက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီထံမှသိရသည်။

(၂၈)နှစ်မြောက် ၈၈၈၈ အရေးတော်ပုံအထိမ်းအမှတ် ကာတွန်း၊ ကဗျာပြပွဲပြုလုပ်မည်

မော်လမြိုင်၊ ဇူလိုင် ၂၈ (၂၈)နှစ်မြောက် ၈၈၈၈ အရေးတော်ပုံအထိမ်းအမှတ် ကာတွန်း၊ ကဗျာပြပွဲပြုလုပ်ရန်အတွက် စီစဉ်လျက်ရှိပြီး ပါဝင်ရေးသားဖော်ပြလိုသူများအတွက် စာမူဖိတ်ခေါ်ကြောင်း စီစဉ်သူများထံမှ သိရသည်။

ကျိုက်ထီးရိုးက အခန်းပိုတွေ တစ်လအတွင်း ဖျက်ရမည့်ကိစ္စအပေါ် ပိုင်ရှင်အသနားခံစာတင်ထားရာတွင် ပြည်ထောင်စုမှ ဆုံးဖြတ်မည့်အပေါ် ပြည်နယ်အစိုးရလိုက်နာမည်

မော်လမြိုင်၊ ဇူလိုင် ၁၆ ကျိုက်ထီးရိုးတောင်ပေါ်က ရိုးရိုးလေးဟိုတယ်ရှိအခန်းပိုများအား တလအတွင်းဖျက်ရမည့်ကိစ္စအပေါ် ပိုင်ရှင်က အသနားခံစာတင်ထားသည့်အတွက် ပြည်ထောင်စုအဆင့်မှ ဆုံးဖြတ်ချက်အတိုင်း ပြည်နယ်အစိုးရကလိုက်နာ သွားမည်ဟု မွန်ပြည်နယ်အစိုးရရုံးမှသိရသည်။

ပြင်ပပညာရှင်(သို့) လွှတ်တော်ကိုယ်စားလှယ်ထဲမှကိုယ်စားလှယ်အား မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ပူးတွဲတာဝန် ယူထားသည့် ဌာန(၂)ခုကို ပြန်လွှဲရန်စီစဉ်

မော်လမြိုင်၊ ဇူလိုင် ၂၅ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးမှ ပူးတွဲတာဝန်ယူထားသည့် ဌာန(၂)ကို ပြင်ပပညာရှင်(သို့) ကိုယ်စားလှယ်ထဲမှ ကိုယ်စားလှယ်အား တာဝန်များကိုပြန်လည်လွှဲအပ်သွားမည်ဟု ပြည်နယ်အစိုးရရုံးမှ သိရ သည်။

ယခင်အစိုးရဆိုင်းငံ့ထားတဲ့ စီမံကိန်း(၆)ခု ယခုထိရပ်ထားဆဲဖြစ်ကြောင်း မွန်ဝန်ကြီးချုပ်ဆို

မော်လမြိုင်၊ ဇူလိုင် ၂၆ NLD အစိုးရဆောင်ရွက်ရန် ယခင်အစိုးရဆိုင်းငံ့ထားသည့် စီမံကိန်း(၆)ခုကို ရပ်ထားဆဲဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးမင်းမင်းဦးက ပြောသည်။

မွန်ပြည်နယ်တွင် အိမ်ထောင်စုစာရင်းထုတ်ပေးရမည့် ရွှေ့ပြောင်းအိမ်ထောင်စု ၂၄၀ ခန့်ရှိသည်ဟုဆို

ဇူလိုင် ၁၄၊ ၂၀၁၆ မွန်ပြည်နယ်အတွင်း လာရောက်နေထိုင်လုပ်ကိုင်စားသောက်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားများအနက် အိမ်ထောင်စာရင်းထုတ်ပေးရမည့် အိမ်ထောင်စု ၂၄၀ ခန့်ရှိသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူးရုံးထံမှ သိရသည်။

“အမိန့်နဲ့အာဏာအထက်က အမှန်တရား”

တင်အောင်စန်း(မော်လမြိုင်) (က) အီတလီနိုင်ငံ ပီစာမြို့ဟာ ပင်လယ်ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်ပြီး (၁၀၆၃)ခုနှစ်မှာ ပီစာမြို့သားတွေ စစ္စလီကျွန်းမှာရှိတဲ့ ပလာမိုမြို့ကိုတိုက်ခိုက်အောင်မြင်ခဲ့တယ်။ မြို့ရဲ့အရေးပါမှုကို ကမ္ဘာကသိအောင် ဆို ပြီးဘုရားကျောင်းတစ်ခုဆောက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

ပြည်ထောင်စုအဆင့် တာဝန်ယူထားသည့် နိုင်သက်လွင်အားပါတီအတွင်း တာဝန်လျှော့ထားမှုအပေါ်ပြန်လည် စိစစ်ပေးရန် တောင်းဆို

မော်လမြိုင်၊ ဇူလိုင် ၁၄ ပြည်ထောင်စုဝန်ကြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး နိုင်သက်လွင်အား မွန်အမျိုးသားပါတီမှ ပါတီ အတွင်းတာဝန်လျှော့ထားမှုအပေါ် ပြန်လည်စိစစ်ပေးရန် ၎င်းမှတောင်းဆိုစာတင်ပြခဲ့သည်ဟု သိရသည်။

ရေးတောင်ပိုင်းတွင် လှုပ်ရှားနေသည့်လက်နက်ကိုင်အဖွဲ့များမှာ မွန်ပြည်သစ်ပါတီခွဲထွက်မဟုတ်ကြောင်းဆို

မော်လမြိုင်၊ ဇူလိုင် ၁၂ မွန်ပြည်နယ် ရေးတောင်ပိုင်းတွင် လှုပ်ရှားနေသည့် မွန်ဓါးပြအဖွဲ့များကို မွန်ပြည်သစ်ပါတီမှခွဲထွက်သည့် တပ်ဖွဲ့မဟုတ်သည့်အတွက် မွန်ပြည်သစ်ခွဲထွက်အဖွဲ့မဟုတ်ကြောင်း ပါတီတာဝန်ရှိသူများက ပြောဆိုလိုက် သည်။