သထုံ

လူသတ်မှုဖြင့် အရေးယူခံထားရသည့် ရဲတပ်ဖွဲ့ဝင် ၇ ဦး အမှုကို နိုဝင်ဘာ ၂၃ ရက်နေ့တွင် အပြီးသတ် အမိန့်ချမည်

သထုံ၊ နိုဝင်ဘာ ၁၇ ခိုးမှုသံသယဖြင့် ဖမ်းဆီးထားသူအား အသက်သေဆုံးသည်အထိ စစ်ဆေးခဲ့သည့် သထုံခရိုင် ရဲတပ်ဖွဲ့ မှုးရုံးမှ ဒုရဲအုပ် လှိုင်ဝင်းထွန်း အပါအဝင် ရဲတပ်ဖွဲ့ဝင် ၇ ဦးကို လူသတ်မှုဖြင့် တရားစွဲဆိုထားသည့်အမှုအား နိုဝင်ဘာ ၂၃ ရက်နေ့တွင် အပြီးသတ် အမိန့်ချမှတ်သွားမည် ဖြစ်ကြောင်း သထုံခရိုင် တရားရုံးထံမှ သိရသည်။ သထုံခရိုင် တရားရုံးတွင် ရုံးချိန်းပေါင်း…

ရွှေဘုံသာစေတီကို လွတ်လပ်စွာပူဇော်ခွင့်ရရေး လူ(၆၀၀)ဦးခန့် ဘီးလင်းတွင် ဆန္ဒထုတ်ဖော်

ဘီးလင်း၊ အောက်တိုဘာ ၂၄ ဘီးလင်းမြို့နယ် ကော့ကဒွတ်ရွာရှိ ရွှေဘုံသာစေတီကို ဒေသခံများလွတ်လပ်စွာကိုးကွယ်ပူဇော်ခွင့်ရရှိရေးအတွက် လူအင်အား(၆၀၀)ဦးခန့်ဖြင့် အောက်တိုဘာ၂၄ ရက်နေ့က ဆန္ဒထုတ်ဖော်တောင်းဆိုမှုပြုလုပ်ခဲ့ကြသည။်

ညအချိန်နေအိမ်တွင်း ဝင်ရောက်စီးနင်းခဲ့သည့် လူ(၂၁)ဦးအား အာမခံပေးထားခြင်းကို မကျေနပ်ဟုဆို

သထုံ၊ အောက်တိုဘာ ၁၃ သထုံမြို့ရှိ လုပ်ငန်းရှင်တစ်ဦး၏ နေအိမ်သို့ ညအချိန်ဝင်ရောက်စီးနင်းခဲ့သည် လူ(၂၁)ဦးအား အာမခံ ပေးထားခြင်းအပေါ် ကျေနပ်မှုမရှိကြောင်း ကျုးလွန်ခြင်းခံရသည့် အိမ်ရှင် ဦးဝင်းစိုးမိုးက ပြောသည်။<!--more--> အောက်တိုဘာ(၁၃)ရက်နေ့ည (၁၀) နာရီကျော်ခန့်အချိန်က သထုံမြို့နယ် သိမ်ကုန်းရပ်ကွက်မှ ကောင်းကောင်းဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ငန်းပိုင်ရှင် ဦးဝင်းစိုးမိုး၏ နေအိမ်သို့ နန်းခဲ ရပ်ကွက်မှ ရေခဲ စက်လုပ်ငန်းရှင် ကိုအောင်မြင့်မော် ဦးဆောင်သော…

မင်းမဲ့စရိုက်ဆန်စွာ မြို့လည်ခေါင်မှနေအိမ်ကို လူ၂၁ ယောက်မှ ညအချိန်လာရောက်ရမ်းကားမှုကျုးလွန်သူကိုအာမခံပေးထားမှုအပေါ် မကျေနပ်ဟုဆို

သထုံမြို့ ပေါ်ရပ်ကွက်တခုက လုပ်ငန်းရှင်တစ်ဦး၏နေအိမ်သို့ညပိုင်းအချိန်တွင် တုတ်နှင့်ဓားများကိုင်ဆောင်ထားကြသည့်လူအုပ်စုတစ်စုမှ ကားတစ်စီး ဆိုင်ကယ် ၃ စီးဖြင့် လာရောက်ပြီးနေ အိမ်အပေါ်ထပ်အထိ တံခါးများအားဖျက်ဆီး တက်ရောက်ရမ်းကားခဲ့ကြသည်ဆိုသော

သက်ငယ်မုဒိမ်းမှု သထုံမြို့တွင် ဖြစ်ပွား

သထုံ၊ စက်တင်ဘာ ၃ သထုံမြို့တွင် အသက်(၁၄)နှစ်အရွယ်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သထုံမြို့နယ် ရဲစခန်းမှ သိရသည်။

အာဇာနည်နေ့တွင် သထုံမြို့နယ်အရပ်ဘက်အဖွဲ့များစုပေါင်းပြီး ချီတက်အလေးပြုမည်

သထုံ၊ ဇူလိုင် ၇ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့တွင် သထုံမြို့နယ်ရှိ အရပ်ဘက်အဖွဲ့များ စုပေါင်းပြီး ချီတက်အလေးပြုမည်ဖြစ်ကြောင်း သထုံမြို့နယ်အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက်ထံမှ သိရသည်။

မြဝတီမှ တင်ဆောင်လာသည့် ကွမ်းသီးအခြောက်များကို ပို့ကုန်/သွင်းကုန်ဥပဒေဖြင့် အရေးယူ

သထုံ၊ ဇွန် ၂၈ မြဝတီမြို့မှ တင်ဆောင်လာသည့် ကွမ်းသီးအခြောက် အိတ်ပေါင်း(၁၄၈၀)အိတ်တင်ဆောင်လာသော ကားကို ဒုံသမိတံတားအနီးတွင် ဇွန်လ(၂၈)ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်/သွင်းကုန်ဥပဒေဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိပါသည်။