သတင်းဆောင်းပါး

သမာဓိပျောက် ရှာပုံတော်

အရုဏ်ဦးလင်းရောင်ခြည်ပေါ်ခါစ မနက်ပိုင်းအချိန် ပေါင်မြို့ဈေးကြီး၏ အနောက်ဘက်ခြမ်းသို့ ဝင် လိုက်သည်နှင့် တစ်ပြိုင်နက် ညှီစို့စို့အနံ့နှင့်အတူ “ဒီနေ့တော့ စလားဗီးယားတွေ ပေါတယ်။ နှစ်ထောင်ဈေးပဲ ဟေ့”ဆိုတဲ့ လက်ထဲတွင်အလေးချိန်ခွင်ကိုင်ထားသည့် ငါးရောင်းသူ အမျိုးသမီးကြီးတစ်ဦး၏ ကျယ်လောင် သော အသံက တစ်ဈေးလုံးသို့ လွှမ်းမိုးသွားသည်ဟု ထင်ရလောက်အောင် ရှိနေလေသည်။

“ နစ်နာမှုအတွက် တိုင်စာများပေးပို့ကြသည်ဆိုရာဝယ် ”

ရဲနိုင်ဦး အစိုးရသစ်တက်လာပြီးသည့် ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်မှ မေလ ၅ ရက်အထိ တစ်လကျော်အကြာ နိုင်ငံတော်သမ္မတရုံးမှာ တိုင်စာပေါင်း ၁၉၇၃ စောင်ရောက်ရှိခဲ့တယ်လို့ သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ယူကနား

ဝရဇိန် (ပေါင်) အိမ်ရှေ့မျက်နှာစာအပြည့်ထိုးထားတဲ့ မဏ္ဍာပ်ကနားကြီးထဲက စင်တန်းကြီးပေါ်မှာ အုန်းပွဲ၊ ငှက်ပျောပွဲတွေ ၃၀၊ ၄၀ကျော်။ လင်ဗန်း တစ်ခုထဲမှာတော့ ထမင်းဆုတ်၊ ငါးကင်၊ မုန့်ပိန္နဲစေ့ပန်းကန်၊ မုန့်ဆီကြော်တွေအပြင် လိပ်တစ်ကောင်ကိုပါတွေ့ရပြီး အခြားအမျိုးအမည်စုံလင်လှတဲ့ အသီးအနှံတွေ၊ မုန့်တွေကို ထည့်ထားပါတယ်။ ဆိုင်းဝိုင်းကတီးခတ်လိုက်တဲ့ မွန်ရိုးရာနတ်သီချင်းတီးလုံး သံစည်းချက် နှင့်အညီ ဆွေမျိုးအစုံအလင်တို့ တစ်ပျော်တစ်ပါး ကခုန်နေကြပါတယ်။ အဖိုး၊ အဖေတို့လက်ထက် ကတည်းက…

“အာ ဝါ ဒေး” ကို “အထာ” ပေးသူများ

ဝရဇိန် (ပေါင်) မလှမ်းကမ်းကနေလှမ်းကြည့်လိုက်ရင်ပဲ ပူပြင်းတဲ့နေရောင်အောက်မှာ ဆိုင်ကယ်အစီး၅၀လောက်နဲ့ကား ၃/၄စီး ရပ်တန့်ထားတာကို တွေ့နိုင် ပါတယ်။ ပူပြင်းလှတဲ့နေအပူရှိန်အောက်က လယ်ကွင်းလွင်ပြင် တစ်ဧက လောက်မှာ ဟိုဟိုဒီဒီထိုးထားတဲ့ရွက်ဖျဉ်တဲတွေရှိနေပါတယ်။ ကွင်းထဲရောက် နေသူအားလုံးဟာ တစ်နည်း မဟုတ်တစ်နည်းနဲ့ ဝိုင်းတစ်ခုခုမှာ စုအုံဝိုင်းဖွဲ့နေကြတာကိုတွေ့နိုင်ပါတယ်။

” တန် ၉၀ စွန့်ပစ်အရာများနဲ့ သူတို့ဘ၀ “

ရဲနိုင်ဦး အချိန်က မနက်စောစော။ သူတို့အနေဖြင့် နိစ္စဓူဝမြင်တွေ့ရလေ့ရှိတာက ရွံရှာဖွယ်အတိဖြစ်သော ထမင်းကျန်ဟင်းကျန်များ၊ သားငါးစိမ်းမှထွက်လာသော အရိုးအရင်းများ၊ အမျိုးသမီးသုံးစွန့်ပစ်ပစ္စည်းများ၊ အမျိုးမည်မသိထွက်ပေါ်လာသည့် အနံ့အသက်ဆိုးများ။ မျက်စေ့အမြင်၊ နှာခေါင်းအနံ့ နှစ်ခုလုံးက သာမန်လူအဖို့ ရှောင်ကွင်းကြသည်။ သို့သော်လည်း ဘဝရည်တည်ရေး၊ မိသားစုစားဝတ်နေရေးအတွက် အချို့သူတွေမှာတော့ မရှောင်လွှဲနိုင်ခဲ့။