ပါင်

ပေါင်မြို့နယ်တွင် တစ်ပတ်အတွင်းယာဉ်တိုက်မှု (၃)ခုဖြစ်ပြီး လူ(၄)ဦးသေဆုံး

ပေါင်၊ ဇူလိုင် ၂၆ ယာဉ်တိုက်မှုဖြစ်စဉ်များမကြာခဏဖြစ်ပွားသည့် ပေါင်မြို့နယ်တွင် ဇူလိုင်(၁၉)ရက်မှ (၂၆)ရက်နေ့အထိ တစ်ပတ်အတွင်း ယာဉ်မတော်တဆဖြစ်ပွားခဲ့ရာမှ လူလေးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့သော်လည်း ခရုဖျက်နေဆဲဖြစ်သောကြောင့် လယ်သမားများအခက်တွေ့

ပေါင်၊ ဇူလိုင် ၂၅ မြို့နယ်စိုက်ပျိုးရေးဌာနက ယခုနှစ်မိုးစပါးရာသီအတွက် ခရုနှင့်ပတ်သက်သော ပညာပေးမှု (၃၄) ကြိမ် ပြုလုပ်ခဲ့သည်ဟု သိရသော်လည်း ပေါင်မြို့နယ်ရှိ ကျေးရွာအချို့တွင် စပါးပျိုးခင်းများအား ခရုဖျက်ဆီးခံရသဖြင့် မျိုးစပါးအခက်အခဲဖြစ်နေကြောင်း သဲကုန်း၊ ညောင်ကုန်းကြီး၊ ထန်းပင်ချောင်လေးကျေးရွာ တို့မှ လယ်သမား များထံမှ သိရသည်။