ဈေးသူ/သားများ၏ ဆန္ဒကြိုတင်မယူဘဲ ဆောင်ရွက်သည့် ပြည်နယ်အစိုးရ၏ဈေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကန့်ကွက်ခံရ
မော်လမြိုင်၊ မေ ၂၂ ဈေးသူဈေးသားများ၏ ဆန္ဒသဘောထားများ ကြိုတင်ရယူခြင်းမရှိဘဲ ဆောင်ရွက်နေသည့် ပြည်နယ်အစိုးရ၏ ဈေးဖွံ့ဖြိုးရေးလုပ်ငန်းများ ကန့်ကွက်မှုကို ရင်ဆိုင်နေရကြောင်း သိရသည်။ ဘဏ္ဍာငွေ ကျပ်သန်း(၁၆၀၀)ကျော်အသုံးပြု၍ မော်လမြိုင်မြို့ပေါ် ရပ်ကွက်ဈေးလေးခုနှင့် ကျိုက်မရော မြို့မဈေးတို့ကို အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်သွားရန် ပြည်နယ်အစိုးရမှ ဆောင်ရွက်နေခြင်း ဖြစ်သည်။ ရွှေမြိုင်သီရိဈေး နှင့် မြိုင်သာယာဈေးတို့ကို အဆင့်မြှင့်တင်မည့် စီမံကိန်းနှင့်ပတ်သက်၍ ပြည်နယ်အစိုးရမှ ဈေးသူဈေးသားများအား…
ရွှေမြိုင်သီရိဈေး အဆင့်မြှင့်တင်မှုနဲ့ ပတ်သတ်ပြီး လာမည့် တနလာၤနေ့နောက်ဆုံးထား၍ သဘောထားပေးပို့ရန် ဝန်ကြီးချုပ်ပြော
မော်လမြိုင်၊ မေ ၂၄ ရွှေမြိုင်သီရိဈေးအဆင့်မြှင့်တင်ဖို့အတွက် ဈေးသူဈေးသားများနှင့် ရပ်ကွက်သူရပ်ကွက်သားများအကြားတွင် သဘောထားကွဲလွဲမှုတွေ ရှိနေသည့်အတွက် လာမည့်တနလာၤနေ့တွင် နောက်ဆုံးသဘောထားပေးပို့ရန် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ ပြောဆိုခဲ့သည်။ ရွှေမြိုင်သီရိရပ်ကွက် ကျောင်းတိုင်ဘုန်းတော်ကြီးကျောင်းတွင် မေလ (၂၃)ရက်နေ့က ပြုလုပ်ခဲ့သည့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ရွှေမြိုင်သီရိ ဈေးသူဈေးသားများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ “ ပြည်သူလူထုသက်သာချောင်ချိစေရေးအတွက် ပြည်နယ်အစိုးရအနေနဲ့ ဈေးတွေမှာ ရင်းနှီးမြုပ်နှံပေးနေတာပါ” ဟု…
လမိုင်းမြို့မှ ကျပ်ဘီလီယံ(၂၀)ကျော်တန် အွန်လိုင်းလေလံမဲ အဓိကရုဏ်း
မော်လမြိုင်၊ မေ ၂၅ လမိုင်းမြို့ရဲ့ နေဝင်ချိန် ညဘက်တွေမှာ လက်နက်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ အမျိုးသားတွေဟာ ရပ်ကွက်ထိပ်လမ်းမများတွင် အစုအဖွဲ့ကိုယ်စီနှင့် လုံခြုံရေးလှည့်ကင်း ဆောင်ရွက်နေကြသည်။ ယင်းမြင်ကွင်းဟာ မေလ ၂၂ ရက်နေ့က စတင်ခဲ့သည့် အွန်လိုင်းလေလံမဲစနစ်လိမ်လည်မှုကြောင့် လမိုင်းမြို့တွင် ဆူပှုအကြမ်းဖက်မှုတွေ ဖြစ်ပွားလာပြီးနောက် မိမိတို့၏နေအိမ် လုံခြုံရေးအတွက် တစ်အိမ်လျှင် အမျိုးသားတစ်ယောက်နှုန်းဖြင့် ကင်းစောင့်နေကြခြင်း ဖြစ်သည်။ အွန်လိုင်းလေလံမဲကစားကြရာမှ သတ်မှတ်ထားသည့်ရက်တွင်…
ကျိုက်ထီးရိုးအလှူခံပုံး ငွေစာရင်းအသေးစိတ်ချပြမှုမရှိသည့်အတွက် ဂေါပကအဖွဲ့ပွင့်လင်းမြင်မှုအားနည်းဟု ဝေဖန်မှုများရှိနေ
ကျိုက်ထီးရိုးအလှူခံပုံး ငွေစာရင်းအသေးစိတ်ချပြမှုမရှိသည့်အတွက် ဂေါပကအဖွဲ့ပွင့်လင်းမြင်မှုအားနည်းဟု ဝေဖန်မှုများရှိနေ မော်လမြိုင်၊ မတ် ၄ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ရှိ အလှူခံပုံးများကိုဖွင့်ဖောက်စစ်ဆေးပြီး ရရှိလာသည့် တစ်ပုံးချင်းစီအလိုက် ငွေစာရင်းအသေးစိတ်ကို ချပြမှုမရှိသည့်အတွက် ဂေါပကအဖွဲ့ပွင့်လင်းမြင်သားမှုအားနည်းသည်ဟု ကျေးရွာအုပ်ချုပ်ရေမှူးများမှ ဝေဖန်ခဲ့သည်။ အလှူခံပုံး (၃၉)ပုံးကို ဂေါပကအဖွဲ့က အပတ်စဉ်အင်္ဂါနေ့တိုင်း ဖွင့်ဖောက်စစ်ဆေးပြီး တစ်ပုံးချင်းစီအလိုက် ငွေစာရင်းအသေးစိတ်ကို ယခင်ကကူးယူခွင့်ပြုခဲ့ပြီး ဂေါပကအသစ်လက်ထက်တွင် ကူးယူခွင့်မပြုတော့တာကြောင့် ပွင့်လင်းမြင်သာမှုမရှိဘူးဟု ကင်းပွန်းချောင်းကျေးရွာအုပ်စု ရာအိမ်မှူး ဦးကျော်မင်းဦးက…
Single mother များကလေးမွေးဖွားပါက ကလေးအဖေမှတ်ပုံတင်မပြသနိုင်သည့်အတွက် မွေးစာရင်းမရရှိဟုဆို
မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၇ Single mother များကလေးမွေးဖွားမည်ဆိုပါက အကြောင်းအမျိုးမျိုးကြောင့် ကလေးအဖေမှတ်ပုံတင်မပြနိုင်သည့်အတွက် ကလေးမွေးစာရင်းရရှိရန်ခက်ခဲနေကြောင်း မွန်ပြည်နယ် အမျိုးသမီးနှင့်ကလေးသူငယ်များအခွင်ရေးဆိုင်ရာကော်မတီဥက္ကဌ ဒေါ်ခိုင်ခိုင်လဲ့ကပြောသည်။ ယနေ့ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)တွင် ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ မွေးစားရင်းပြုလုပ်ပေးမှုအခြေအနေကို မေးမြန်းရာ၌ ဆက်စပ်ပြောဆိုခဲ့ခြင်းဖြစ်သည်။ အဓမ္မပြုကျင့်ခံရသည့်အမျိုးသမီးများ ၊ လိင်လုပ်သားများ ၊ စွန့်ပစ်ခံထားရသည့်အမျိုးသမီးများအနေဖြင့် ရရှိလာသောကိုယ်ဝန်ကိုမွေးဖွားမည်ဆိုပါက အကြောင်းအမျိုးမျိုးကြောင့် ကလေးအဖေ၏မုတ်ပုံတင်မိတ္တူကို မပြသနိုင်သည့်အတွက် ကလေးမွေးစာရင်းမရကြောင်း…
ကျိုက်ထီးရိုးရင်ပြင်နှင့် အနီးနားက ထွက်ရှိလာတဲ့မိလ္လာတွေကို တောင်စောင်းတွင် နှစ်ပေါင်းများစွာ စည်းကမ်းမဲ့စွန့်ပစ်နေ
ကျိုက်ထီးရိုးရင်ပြင်နှင့် အနီးနားက ထွက်ရှိလာတဲ့မိလ္လာတွေကို တောင်စောင်းတွင် နှစ်ပေါင်းများစွာ စည်းကမ်းမဲ့စွန့်ပစ်နေ မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၆ မွန်ပြည်နယ်မှာတည်ရှိသည့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဟာ ပြည်တွင်းခရီးသည်များသာမက ပြည်ပနိုင်ငံမှဘုရားဖူးခရီးသည်များအကြားတွင်မှာပါ ထင်ရှားသည့်စေတီတော်တစ်ဆူပါ။ ဘုရားဖူးရာသီရောက်လာပြီးဆိုရင် သိန်းကျော်တဲ့ဘုရားဖူးခရီးသည်တွေဟာ နှစ်စဉ်လာရောက်ဖူးမြော်ကြပါတယ်။ ဘုရားခရီးသည်တွေများလာတာနှင့် တောင်ပေါ်မှာရှိတဲ့သန့်စင်ခန်းတွေကနေ ထွက်ရှိလာတဲ့အညစ်အကြေးနှင့် မိလ္လာတွေကို စနစ်တကျစွန့်ပစ်ခြင်းမရှိဘဲ ကျီးကန်းပါးစပ်နှင့်မုဆိုးတောင်အကြားမှာရှိတဲ့ နတ်ရေတွင်းမြောင်မှာ စည်းကမ်းမဲ့စွန့်ပစ်ထားတာပါ။ ရင်ပြင်တော်နှင့်အနီးနားတောင်တွေမှာရှိသည့် သန့်စင်ခန်းတွေကနေ နတ်ရေတွင်းမြောင်ဆီ ပိုက်လိုင်းဖြင့် သွယ်တန်းပြီး…
တောင်စောင်းများတွင် အမှိုက်များစည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် ကျိုက်ထီးရိုးတွင် မြေပြိုမှု(၅)နေရာဖြစ်ပွားခဲ့
တောင်စောင်းများတွင် အမှိုက်များစည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် ကျိုက်ထီးရိုးတွင် မြေပြိုမှု(၅)နေရာဖြစ်ပွားခဲ့ မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၈ ရှေးဟာင်းယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ထားတဲ့ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်တည်ရှိရာ တောင်တော်တွင် အမှိုက်များကိုစည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် ၂၀၁၈ခုနှစ်တွင် မြေပြိုမှု(၅)နေရာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။ ပြီးခဲ့သည့်နှစ် ဒုတိယဝါဆိုလတွင်တစ်ညတည်း၌ မြေ(၅)နေရာပြိုကျမှုဖြစ်ပွားခဲ့ပြီး မြေပြိုမှုဖြစ်ပွားခဲ့ခြင်းသည် တောင်စောင်းများတွင် ပစ်ထားသည့် အမှိုက်ပုံများကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိအစိုးရအနေဖြစ် ကျိုက်ထီးရိုးတောင်ပေါ်ရှိ အမှိုက်သိမ်းဆည်းမှုပြသနာကို ဖြေရှင်းနိုင်ရန်အတွက် အမှိုက်မီးရှို့စက်…
လူသွားစင်္ကြန်ပလက်ဖောင်းများပေါ်တွင်ကျူးကျော်ရောင်းချနေသည့်ဈေးဆိုင်များကိုဖမ်းဆီးအရေးယူသွားမည်
လူသွားစင်္ကြန်ပလက်ဖောင်းများပေါ်တွင်ကျူးကျော်ရောင်းချနေသည့်ဈေးဆိုင်များကိုဖမ်းဆီးအရေးယူသွားမည် မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၈ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် လမ်းနယ်နိမိတ် ၊ လူသွားစင်္ကြန် ၊ ပလက်ဖောင်းများပေါ်တွင် ကျူးကျော်ရောင်းချနေသည့် ဈေးဆိုင်များကို စည်ပင်သာယာရေးဥပဒေအရ ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်သွားမည်ဟု စည်ပင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်ကပြောသည်။ ယနေ့ပြည်နယ်လွှတ်တော်တွင် ချောင်းဆုံမြို့နယ်လွှတ်တေ်ာကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး၏ လူသွားလမ်းပေါ်တွင်ကျူးကျော်ရောင်းချနေသည့် ဈေးဆိုင်များကိုမည်သို့ကြီးကြပ်နေပါသလဲဟု မေးခွန်းအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ပညာပေးကာလပြီးဆုံးသွားပြီးဖြစ်တဲ့အတွက် စည်ပင်သာယာရေးဥပဒေအရ အရေးယူမှုတွေပြုလုပ်တော့မှာဖြစ်သည့်အတွက် ထောင်ဒဏ် (၃)နှစ်…
ပြည်နယ်လွှတ်တော်တွင် အစိုးရအဖွဲ့၏မေးခွန်ဖြေကြားမှုမှာအားရကျေနပ်ဖွယ်မရှိဟု ကိုယ်စားလှယ်များမှဝေဖန်
ပြည်နယ်လွှတ်တော်တွင် အစိုးရအဖွဲ့၏မေးခွန်ဖြေကြားမှုမှာအားရကျေနပ်ဖွယ်မရှိဟု ကိုယ်စားလှယ်များမှဝေဖန် မော်လမြိုင်၊ မတ် ၂ ဒုတိယအကြိမ်လွှတ်တော်ပုံမှန်အစည်းအဝေးများတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများအပေါ် အစိုးရအဖွဲ့၏ပြန်လည်ဖြေကြားချက်များမှာ အားရကျေနပ်ဖွယ်မရှိဘူးဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့သည်။ အစိုးရသက်တမ်း(၃)နှစ်နီးပါးဖြစ်လာပေမယ့်လည်း မေးခွန်းများအပေါ်အစိုးရအဖွဲ့၏ ဖြေကြားချက်များသည် မြေပြင်အခြေအနေထိမရောက်သည်ကို ခံစားရကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ ဒေါ်တင်အိက ပြောသည်။ “အစိုးရသက်တမ်းလဲ လာမယ့် ဧပြီလဆို ၃နှစ်ပြည့်ပြီ။ ကျွန်မတို့ကိုယ်စားလှယ်တွေ ဘယ်လိုပဲကြိုးစားဆောင်ရွက် ပြည်သူ့အသံကိုနားထောင်ပေမယ့်လည်း အစိုးရရဲ့ဖြေကြားချက်တွေက…
အသက်(၁၅)နှစ်အရွယ် မိန်းကလေးကိုယ်ဝန်ရရှိခဲ့မှုအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ငွေကျပ်(၅)သိန်းဖြင့် ကျေအေးပေးခဲ့
မော်လမြိုင်၊ ဖေဖော်ဝါရီ ၅ မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့တွင်နေထိုင်သည့် အသက်(၁၅)နှစ်အရွယ် မိန်ကလေးကိုယ်ဝန်ရရှိခဲ့မှုအား ကျူးလွန်သည်ဟု တိုင်ကြားခံရသူက လျော်ကြေးငွေ ကျပ်(၅)သိန်းနှင့်လာရောက်ညှိနှိုင်းမှုကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက ကျေအေးပေးခဲ့ကြောင်း သိရသည်။ အသက်(၁၅)နှစ်အရွယ် မိန်းကလေးနှင့် အိမ်နီးချင်းဖြစ်သူ ကိုမျိုးအောင် (၂၅)နှစ်တို့မှာ ၂၀၁၈ခုနှစ် ဧပြီလမှစတင်၍ ချစ်ကြိုက်ခဲ့ရာမှ မိန်းကလေးဘက်မှ ကိုယ်ဝန် ၅လ ရရှိချိန်တွင် ကိုမျိုးအောင်မှတာဝန်မယူလိုသည့်အတွက် မိန်းကလေး၏အဖွားက…