ကျိုက်ထိုမြို့နယ် ဇေယျာမွန်ရပ်ကွက် မဲရုံအမှတ်(၂) ရလဒ်

ပြည်သူ့လွှတ်တော် NLD – 551 USDP – 206 ဖြင့် NLD ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်အနိုင်ရရှိပြီး မဲရေတွက်မှု ပြီးဆုံးကြောင်း သိရသည်။

မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် မဲရုံအမှတ်(၅)ရလဒ် NLD အနိုင်ရ

ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ကြိုတင်မဲ နိုင်သောင်းညွန့် NLD – ၅၅ မဲ ဦးလွင်မိုး USDP – ၃၀ မဲ မင်းဇေယျာဦး MNP – ၁၁ မဲ ဦးသောင်းဝင်း (တစ်သီးပုဂ္ဂလ) – ၅ မဲ ဦးအောင်ကိုကို NDP – ၆ မဲ ပယ်မဲ – ၄…

သံဖြူဇရပ် မဲဆန္ဒနယ်ရှိ ပြည်ပကြိုတင် မဲပုံးအားလုံး USDP အနိုင်ရ

ပြည်ပမှရောက်ရှိလာသော ကြိုတင်မဲပုံးများကို ရေတွက်ရာတွင် သံဖြူဇရပ်မဲဆန္ဒနယ်ရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) သုံးခုစလုံးတွင် USDP မှ အနိုင်ရရှိနေကြောင်း သိရသည်။

လမိုင်းပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် NLD နိုင်ပြီး ပြည်နယ်လွှတ်တော်တွင် MNP အနိုင်ရ

ရေးမြို့နယ် လမိုင်းမဲဆန္ဒနယ်တစ်ခုလုံးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကို NLD မှ အနိုင်ရပြိး ပြည်နယ်လွှတ်တော်ကို MNP မှ အနိုင်ရရှိခဲ့သည်။ ထို့အပြင် တိုင်းရင်းသား လွှတ်တော်အားလုံးကိုလည်း NLD မှ အနိုင်ရရှိကြောင်း သိရသည်။

မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာမဲရုံ(၃)တွင် မဲပေးခွင့်မရှိသော ရွှေ့ပြောင်းလုပ်သား(၅၀)ခန့် မဲလာပေး

ရွှေ့ပြောင်းလုပ်သား (၅၀)ဦးခန့်ကို ကားဖြင့်ခေါ်လာပြီး မဲပေးရန် ပြင်ဆင်နေစဉ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ မဲရုံကိုယ်စားလှယ်မှ ကန့်ကွက်မေးမြန်းရာ မဲစာရင်းတွင် ပါဝင်ခြင်းမရှိပဲ ခေါ်၍ လိုက်လာကြောင်း၊ မဲလာပေးကြောင်း ပြန်လည်ဖြေဆိုခဲ့

ထူးခြားဖြစ်စဉ်

မော်လမြိုင်မြို့နယ်၊ ဖက်တန်းရပ်ကွက် မဲရုံအမှတ်(၃) အလက(၈)ဖက်တန်းမဲရုံတွင် မဲပေးရာလာသည့် ပုံတွင်ပါသောသူတစ်ဦးမှ မဲမပေးပဲ မဲလက်မှတ်များကို ပြင်ပသို့ ထုတ်ယူသွားသဖြင့် ရဲတပ်ဖွဲ့မှ ပြန်လည်ခေါ်ဆောင်ပြီး မဲပေးခွင့်ပြုခဲ့ပြီး အိမ်တိုင်ရာရောက် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း

မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက် မဲရုံအမှတ်(၅) – သတင်းဓာတ်ပုံ

မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက် မဲရုံအမှတ်(၅) အလကတောင်ဝိုင်း မဲရုံတွင် မဲပေရန်စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင် နိုင်ငံသားများကိုတွေ့ရပါသည်။ နေ့လည် ၁၂း၁၀ နာရီ သတင်းဓါတ်ပုံ – MMZT

မုဒုံကျောက်တလုံးတွင် ပြည်သူ့လွှတ်တော်မဲပုံးမှ မဲ(၅၀)ခန့် အမျိုးသားလွှတ်တော်မဲပုံးသို့ မှားယွင်းထည့်မိ

မုဒုံမြို့နယ် ကျောက်တလုံးကျေးရွာမဲရုံအမှတ်(၃)ဖြစ်သည့် ခမရ (၂၁၀)ကျောင်း မဲရုံတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်လက်မှတ်(၅၀)ခန့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်ပုံးထဲသို့ မှားယွင်း ထည့်သည့်ကိစ္စနှင့် ပတ်သက်ပြီး မည်သို့ဆောင်ရွက်သွားမည်ကို မြို့နယ်စိစစ် ညှိနှိုင်းရေးကော်မတီနှင့် ပါတီကိုယ်စားလှယ်များမှ စုပေါင်းဆွေးနွေးသွားမည်ဟု သိရ

မော်လမြိုင်မြို့နယ်၊ ဈေးကြိုနယ်မြေ၊ မဲရုံအမှတ်(၇) တက္ကသိုလ်လေ့ကျင့်ရေးတပ် မဲရုံတွင် ပြည်ခိုင်ဖြိုး အပြတ်အသတ်နိုင်

မော်လမြိုင်မြို့နယ်၊ ဈေးကြိုနယ်မြေ၊ မဲရုံအမှတ်(၇) တက္ကသိုလ်လေ့ကျင့်ရေး တပ်မဲရုံတွင် မဲထည့်သူ ကုန်သွားပြီ ဖြစ်သောကြောင့် မဲရေတွက်ပြီးစာရင်းထုတ်ပြန်ရာ ပြည်ခိုင်ဖြိုးပါတီမှ အပြတ်အသတ် အနိုင်ရရှိကြောင်း သတင်းရရှိပါသည်။

ထန်းပင်ချောင်ကြီးမဲရုံ(၁)တွင် မဲပေးခွင့်မရသူများ မဲပေးသဖြင့် တိုင်ကြားခံရ

ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာ မဲရုံအမှတ်(၁) အမကရွာလေး(၁)တွင် မဲပေးခွင့်စာရင်းတွင်မပါသူများကို ကျေးရွာကော်မရှင်မှ မဲပေးခွင့်ပြုခဲ့သဖြင့် တိုင်ကြားရာ မြို့နယ်ကော်မရှင်ဥက္ကဌ ဦးမြင့်အောင်မှ ဦးဆောင်ပြီး စည်းဝေးနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါ မဲပေးခွင့်စာရင်းတွင်မပါဘဲ မဲပေးခွင့်ရရှိသွားသူမှာ ဦးကျော်စိုးဝင်းဖြစ်ကြောင်း သိရသည်။ နေ့လည် ၁း၅၀ နာရီ