မွန်ပြည်နယ်အစိုးရ၏ ရက်(၁၀၀)အတွင်းမှ ထင်ထင်ရှားရှားသတင်းများ

(သံလွင်တိုင်းမ်ဂျာနယ်မှ မွန်ပြည်နယ်အစိုးရ၏ ရက်(၁၀၀)ကာလအတွင်း ထင်ထင်ရှားရှားရှိခဲ့သည့် သံလွင်တိုင်းမ်ဂျာနယ်မှ ဖော်ပြခဲ့သော သတင်းများအနက်မှ အချို့ကို ပြန်လည်ကောက်နုတ်ဖော်ပြအပ်ပါ သည်။)

“ကျွန်တော့်ဆီရေးတဲ့စာ”

ကျွန်တော်တို့ငယ်ငယ်က ဘိုးဘွားမိဘတွေပြောပြတဲ့ပုံပြင်တွေကို နားထောင်ခဲ့ဖူးကြပါတယ်။ လူ ကြီးဖြစ်လာတဲ့အခါမှာလည်း လူကြီးတွေနဲ့ဆိုင်တဲ့ပုံပြင်တွေကို မိတ်ဆွေသူငယ်ချင်းအချင်းချင်းပြောရင်း ဒါမှ မဟုတ်စာအုပ်တွေထဲကနေ ကျွန်တော်တို့ကြားသိကြရပါတယ်။ အဲဒီပုံပြင်တွေထဲကအချို့ဟာ သဘာဝမ ကျ၊ ယုတ္တိမရှိဘူးလို့ထင်ရပေမယ့် ပုံပြင်အားလုံးလိုလိုကတော့ ကျွန်တော်တို့ကိုခံစားမှုရသတွေပေးရင်း ဘ၀ မှာနေတတ်အောင် ဆုံးမသွန်သင်ပညာပေးပါတယ်။

မော်လမြိုင်က (၃၈)ကြိမ်မြောက် ဝရမ်းကပ်တာ မအောင်မြင်

ပြီးခဲ့ပတ်ထဲမှာ ဖက်ခင်းက ဦးသိန်းအောင်တင်ရဲ့နေအိမ်ကို (၃၈)ကြိမ်မြောက်ဝရမ်းကပ်တာ မအောင်မြင် တာဟာ မွန်ပြည်နယ်ရဲ့ တရားဥပဒေစိုးမိုးမှုကို စိန်ခေါ်သလိုဖြစ်သွားတယ်လို့ ဆွေးနွေး ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ဇူလိုင်ထိဆိုရင် ဈေးကြိုအုပ်ချုပ်ရေးမှူးက (၃၈)ကြိမ်လို့ပြောပါတယ်။ ၃၆-ကြိမ်ထိက ဦးပိုင်အမှတ်ကွဲလွဲတယ်၊ (၃၇/၃၈)ကြိမ်မှာကြတော့ ဦးပိုင်အမှတ် မပါလိပ်စာနဲ့လာတယ်လို့ ကိုအောင်လင်း (ဖက်ခင်းအိမ်နေသူ)က ဆိုပါတယ်။ ဦးသိန်းစိန်အစိုး

ငြိမ်းချမ်းရေးအရိပ်အောက်မှ နာခိုရာ

ကရင်ပြည်နယ် မြဝတီခရိုင် ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)တွင် အစိုးရနှင့် (NCA)လက်မှတ်ထိုးပြီးနောက် စစ်ဘေးဒဏ်ကြောင့်ထွက်ပြေးသွားသည့် ရွာပေါင်း(၂၀)ကို ဒုက္ခသည်များပြန်လည်နေရာချထားရေးအတွက် လေးကေ့ကော်မြို့သစ်စီမံကိန်းကို ၂၀၁၅ ဖေဖေါ်ဝါရီ(၁)ရက်တွင် တည်ဆောက်ထားသည်။ လူဦးရေ ၄၀၀၀ကျော်၊ အိမ်ခြေ ၁၇၀၀၊ဧကပေါင်း ၇၅၀ရှိပြီး (KNU)နှင့် နိုင်ငံတော်တည်ငြိမ်းအေးချမ်းရေးနှင့် လုံခြုံရေးကောင်စီ ပူးပေါင်းကာအိမ်ခြေ ၂၁၃လုံးဆောက်လုပ်ခဲ့ကာ နီပွန်းဖောင်းဒေးရှင်းအနေဖြင့် အိမ်ခြေ ၂၀၀နီးပါးကို ကူညီဆောက်လုပ်သွားမည်။ ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်က…

သတင်းမှော်ရုံ

ရွှေမြိုင်မောင်ပေါက်ကျိုင်း မွန်လွှတ်တော်၊အစိုးရ၊လူငယ်များ။ မွန်လွှတ်တော်မှာ လူငယ်အမတ်တွေရဲ့ စွမ်းရည်ကို တွေ့ရပါတယ်၊ ပါဝါပွိုင့်သုံးပြီး တင်ပြလာတာတွေ့ရတယ်၊ မြေပြင်အနေထားကို လွှတ်တော်အမတ်များတွေ့နိုင်တဲ့အတွက် တင်ပြမှုအသက်ပါ စိတ်ဝင်စားပြီး အော်ဒီလို ဖြစ်နေတာပါလားဆိုတာတွေ့ပြီး၊ လွှတ်တော်ရဲ့အားကို မြင့်စေပါတယ်၊ ခရိုင်အနေနဲ့ ပြောရရင် သထုံခရိုင်က လူငယ်တွေ များတော့ တင်ပြမှုပို သွက်တယ်၊ များပါတယ်၊ မော်လမြိုင်ခရိုင် ကျိုက္မရော၊ မုဒုံ ကလည်း ပါဝါ ပွိုင့်သုံးတယ်၊…

ရေးတောင်ပိုင်းတွင် လက်နက်ကိုင် ဆက်ကြေးတောင်းအဖွဲ့ ထပ်ပေါ်ဟု သတင်းပျံ့

ရေး၊ ဇူလိုင် ၇ နိုင်လှိန်း (နိုင်လွေး)၊ နိုင်လွန်နှင့် နိုင်ဆောင်းတို့ ဦးဆောင်သည့် လက်နက်ကိုင်ဆက်ကြေးတောင်းအဖွဲ့ ဇွန်လကုန်ပိုင်းတွင်လက်နက်ချပြီးနောက် ရက်ပိုင်းအတွင်း မွန်ပြည်နယ် ရေးမြို့နယ် တောင်ပိုင်းနှင့် တနင်္သာရီတိုင်း မြောက်ပိုင်းဒေသတွင် အလားတူအဖွဲ့တစ်ဖွဲ့ ထပ်မံပေါ်ပေါက်လာကြောင်း ဒေသခံများက ပြောသည်။