သမ္မတဒူတာတေး၏ သမီး လာမည့်ရွေးကောက်ပွဲတွင် သမ္မတရာထူးဝင်ပြိုင်မည်

မနီလာ၊ အောက်တိုဘာ ၄ လာမယ့် ၂၀၂၂ ခုနှစ်မှာ ကျင်းပမည့် ဖိလစ်ပိုင်ရွေးကောက်ပွဲမှာ လက်ရှိသမ္မတဒူတာတေး၏ သမီးဖြစ်သူကို သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်စေမည်ဟု သမ္မတဒူတာတေးက ပြောဆိုလိုက်ပါတယ်။ ယင်းအပြင် သမ္မတဒူတာတေး၏ ကာလတာရှည်လက်တွဲခဲ့သည့် လက်ထောက်ကိုလည်း ဒုသမ္မတနေရာအတွက် အမည်စာရင်းတင်သွင်းထားခဲ့ပါတယ်။ သမ္မတဒူတာတေး၏ သမီးဖြစ်သူ မစ္စဆရာဒူတာတေးကာပီအိုသည် ဖိလစ်ပိုင်နိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်သော ဒါဗာအိုမြို့၏ မြို့တော်ဝန်ဖြစ်ပြီး အဆိုပါမြို့တော်ဝန်ရာထူးအတွက် ဆက်လက်ယှဉ်ပြိုင်ရန် စာရင်းသွားထားသူလည်းဖြစ်ပါတယ်။…

စစ်ကောင်စီရဲ့ တပ်မ ၂၂ ဌာနချုပ်ရှေ့ မိုင်းကွဲပြီးနောက် အရပ်သားတချို့ ထိုးကြိတ်ဖမ်းဆီးခံရ

မော်လမြိုင်၊ အောက်တိုဘာ ၄ ဘားအံမှာ မနေ့ညပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပြီးနောက် အရပ်သားပြည်သူအချို့ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အောက်တိုင်ဘာ ၃ ရက်နေ့ ည ၆ နာရီခွဲကျော်အချိန်က ဘားအံမြို့တပ်မ (၂၂)ဌာနချုပ်ရှေ့မှာ မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး အုတ်တံတိုင်းနံရံအချို့ ပျက်စီးပြိုကျသွားခဲ့တာပါ။ ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်က တပ်မရှေ့ ဗိုလ်ချုပ်လမ်းပေါ်မှာ ရှာဖွေစစ်ဆေးတာတွေလုပ်တဲ့အပြင် အဲ့ဒီညပိုင်းမှာပဲ ဘားအံမြို့…

မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀ ဦး ဖမ်းဆီးခံရ

မော်လမြိုင်၊ အောက်တိုဘာ ၄ မြန်မာ – ထိုင်းနယ် ကန်ချနဘူရီခရိုင်မှာ တရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က မြန်မာ ထိုင်းနယ်စပ်ကနေတစ်ဆင့် ထိုင်းနိုင်ငံ စံခရဘူရီမြို့နယ်ထဲကိုတရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၀ ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အမျိုးသား ၁၂…

ကျွဲခြံရွာတိုက်ပွဲအပြီး အသက်မပြည့်သေးသည့် ကလေး ၂ ဦးအပါအဝင် ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား

သရက်ချောင်း၊ အောက်တိုဘာ ၄ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ရှိ ကျွဲခြံရွာမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအပြီး အသက်မပြည့်သေးသည့် ကလေး ၂ ဦးအပါအဝင် ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့ မနက်ပိုင်းမှာ ကျွဲခြံရွာမှာ စစ်ကောင်စီတပ်နှင့်ဒေသခံ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ “မနေ့က တိုက်ပွဲအပြီး…

ဝန်ကြီးချုပ်ပရရွတ်ကို အမြင့်ဆုံးကိုယ်စားလောင်းအဖြစ် PPRP က ဆက်လက်ထားရှိမည်

ဘန်ကောက်၊ အောက်တိုဘာ ၃ ထိုင်းနိုင်ငံ၏ လက်ရှိအာဏာရပါတီ PPRP သည် လာမည့် ရွေးကောက်ပွဲနှင့်အတူ ဝန်ကြီးချုပ်ပရရွတ်ချန်အိုချာကို နောက်ထပ်သက်တမ်းတစ်ခုအတွက် အဆိုပြုချက်ကို ထောက်ခံလိမ့်မည်ဟု ပါတီတွင်း အရင်းအမြစ်တစ်ခုမှ သိရသည်။ PPRP ၏ ဟဲဗီးဝိတ် ပါတီဝင်များ ပါဝင်ကြသော အစည်းအဝေးတွင် ပါတီခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ် ပရဝတ်က PPRP အနေဖြင့် ဗိုလ်ချုပ် ပရရွတ်ကို နောက်ထပ်ရွေးကောက်ပွဲအတွင်းမှာ…

နယ်ခြားစောင့်တပ် (BGF) စစ်ဆေးဖမ်းဆီးတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်လာပြီး ပြည်သူတွေအပေါ် မောက်မာခက်ထန်စွာ ဆက်ဆံနေ

မော်လမြိုင်၊အောက်တိုဘာ ၂ စစ်ကောင်စီရဲ့ ဂုဏ်ပြုချီးမြှင့်ငွေတွေ ရပြီးတဲ့နောက် ဘားအံမြို့မှာ နယ်ခြားစောင့်တပ် (BGF) တွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ရှာဖွေစစ်ဆေးဖမ်းဆီးတာတွေကို ပိုမိုလုပ်ဆောင်လာနေပြီး ပြည်သူတွေအပေါ် မောက်မာခက်ထန်စွာ ဆက်ဆံနေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘားအံမြို့မှာ အခုရက်ပိုင်းတွေအတွင်း BGF တပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းကာ စစ်ဆေးရေးဂိတ်တွေမှာ ရှာဖွေစစ်ဆေး ဖမ်းဆီးနေတာ၊ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီစစ်ဆေးတဲ့အခါမှာလည်း…

မွန်မှာ လူသတ်မှု၊ခိုးမှုဖြင့် အမှုရင်ဆိုင်နေရတဲ့ အချုပ်သား ၁၉၅ ဦး ပြန်လွှတ်ပေး

မော်လမြိုင် ၊ အောက်တိုဘာ ၂ မွန်ပြည်နယ်မှာ အမှုရင်ဆိုင်ရင်နေတဲ့ အချုပ်သား (၁၉၅)ဦးကို အောက်တိုဘာလ (၁)ရက်နေ့က လွတ်ပေးခဲ့တယ်လို့ မွန်ပြည်နယ် အကျဉ်းဦးစီးဌာနမှ သိရပါတယ်။ ပြန်လွှတ်ပေးလိုက်တဲ့ အချုပ်သူ အချုပ်သားတွေ ဟာဆိုရင် မော်လမြိုင် အချုပ်ထောင်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်နဲ့ သထုံအကျဉ်းထောင်တွေမှာ ဖမ်းဆီးချုပ်နှောင်ထားသူ ဖြစ်ပါတယ်။ အကျဉ်းထောင် အသီးသီးက လွတ်ပေးလိုက်သူတွေကိုတော့ တရားရေးနဲ့ ရဲတပ်ဖွဲ့က…

ခြောက်လအတွင်းဖူးခက်ကမ်းခြေကို ဧည့်သည် တသန်းဝင်ရန် မျှော်မှန်းထား

ဘန်ကောက်၊ အောက်တိုဘာ ၁ လာမယ့်ခြောက်လအတွင်း ဖူးခက်ကမ်းခြေကို နိုင်ငံခြားသားခရီးသွား တသန်း ဝင်ရောက်ရန်နှင့် ဘတ် ၁၀ ဘီလီယံဝင်ငွေရရှိရန် ထိုင်းနိုင်ငံခရီးသွား အာဏာပိုင် အဖွဲ့က နိုင်ငံကို ပြန်လည်ဖွင့်လှစ်မည့်အစီအစဉ်နှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT) က စီမံတဲ့ ယခုနှစ် နောက်ဆုံးသုံးလနှင့် လာမည့် ၂၀၂၂ ခုနှစ် ပထမသုံးလအတွင်း…

KNU တပ်မဟာ ၁ နဲ့ စစ်ကောင်စီတပ် ၈ လအတွင်း တိုက်ပွဲ ၂၉ ကြိမ်ဖြစ်၊ စစ်ကောင်စီဘက်က အကျအရှုံးများခဲ့

သထုံခရိုင်၊ အောက်တိုဘာ ၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၈ လတာကာလအတွင်းမှာ စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ(၁)တို့အကြား တိုက်ပွဲ ၂၉ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၇၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့ထိ KNU တပ်မဟာ(၁)နယ်မြေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ သံလွင်မြောက်ခြမ်း…

မွန်က ဈေးတချို့ ပုံမှန်အတိုင်း ရောင်းချခွင့် ပြန်ပေး၊ မော်လမြိုင်ရဲ့ အဓိက ဈေးတွေ မပါဝင်

မော်လမြိုင်၊ အောက်တိုဘာ ၁ မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့က ဈေးတွေကို ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ် ရောင်းခွင့်ပေးအပ်လိုက်ပေမယ့် မော်လမြိုင်ရဲ့ အဓိက ဈေးတွေဖြစ်တဲ့ အမှတ် ၁ ဈေးနဲ့ မြိုင်ရတနာဈေးတွေ မပါဝင်သေးဘူးလို့ သိရပါတယ်။ နေအိမ်အတွင်း နေထိုင်ဖို့ Stay at Home မသတ်မှတ်ထားတဲ့ ကျိုက်ထို၊ ပေါင်၊ ကျိုက်မရော၊ မုဒုံနဲ့ရေးမြို့နယ်တွေမှာရှိတဲ့ စည်ပင်သာယာဈေးတွေကို…