အခြေခံပြည်သူတွေ ထမင်းတစ်နပ်လျှော့စားပြီး ဆန်ပြုတ်သောက်နေရ

မော်လမြိုင် ၊ အောက်တိုဘာ (၁၆) စစ်တပ် အာဏာသိမ်းပြီး ၈ လတာကာလအတွင်းမှာ အခြေခံလူတန်စားပြည်သူတွေဟာ မိသားစုဝမ်းရေ ဖြေရှင်းဖို့ပင် အခက်အခဲမျိုးစုံ ရင်ဆိုင်နေပါတယ်။ အခြေခံလူတန်စားပြည်သူတွေဟာ ကုန်ဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာ၊ အလုပ်အကိုင် မရှိကြတော့တဲ့အတွက်ကြောင့် တစ်နေ့ ထမင်းတစ်နပ်စားဖို့ပင် အခက်အခဲရှိလာတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အခြေခံလူတန်းစာ ပြည်သူအများစုဟာ တစ်နေ့ ထမင်းတစ်နပ်သာ စားလာရသလို အချို့မိသားစုတွေဆိုရင် ဆန်ပြုတ်စားနေရတဲ့…

မြန်မာအပေါ်ဖိအားပေးခြင်းဖြင့် ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်စေမည် ဖြစ်ကြောင်း အာဆီယံကို အာဏာသိမ်းစစ်အုပ်စုတုန့်ပြန်

နေပြည်တော်၊ အောက်တိုဘာ ၁၆ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံညီလာခံသို့ ပေးမတက်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးက ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာအပေါ်ဖိအားပေးခြင်းဖြင့် အာဆီယံအနေဖြင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း တုန့်ပြန်လိုက်ပါတယ်။ အာဆီယံအနေဖြင့် အာဆီယံအစည်းအဝေးများ တက်ရောက်ရေးကိစ္စအပါအဝင် ကိုယ်စားပြုမှုဆိုင်ရာကိစ္စများနှင့် တူညီဆန္ဒမရှိဘဲဆောင်ရွက်ခဲ့မှုများသည် အာဆီယံ၏ ပဋိညာဉ်စာတမ်းနှင့် အခြေခံမူများတွင် ပြဌာန်းထားမှုမရှိခြင်း၊ အာဆီယံ၏ ရည်ရွယ်ချက်တို့နှင့် ဆန့်ကျင်ကြောင်းတွေ့ရသဖြင့် ပြင်းထန်စွာကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ချက်မှာ…

ထိုင်းပြည်တွင်းလေကြောင်းလိုင်းများကို ဝန်ဆောင်မှုအပြည့်ဖြင့် ပြန်လည်ပတ်ရန် ခွင့်ပြု

ဘန်ကောက်၊ အောက်တိုဘာ ၁၆ ထိုင်းနိုင်ငံရဲ့ ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ကန့်သတ်မှု လျော့ချပြီးနောက်တွင် ပြည်တွင်းလေကြောင်းလိုင်းများကို ယနေ့မှစတင်ပြီး ဝန်ဆောင်မှုအပြည့်ဖြင့် ဆောင်ရွက်နိုင်ရန် ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ လေယာဉ်ခရီးဆိုင်ရာ ကိုဗစ် ၁၉ ရောဂါကာလစည်းကမ်းသတ်မှတ်ချက်တွေကို ပြန်လည်ပြင်ဆင်ထားတာကို သောကြာနေ့က လက်မှတ်ရေးထိုးပြီးဖြစ်တယ်လို့ ထိုင်းလေကြောင်းအာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှုးချုပ် ဆက်တီပွန်ကွန်ပူးလ်က ပြောပါတယ်။ ညမထွက်ရအမိန့်ကန့်သတ်ချိန်လျော့ချလိုက်တာကြောင့် လေကြောင်းလိုင်းတွေ အနေနဲ့ ပိုမိုများပြားတဲ့ လေကြောင်းခရီးစဉ်တွေကို ပြေးဆွဲနိုင်လာတော့မှာပါ။…

ကြိုးနီစနစ်အိပ်မက်ဆိုးတွေ ရင်ဆိုင်နေရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ

ဘန်ကောက်၊ အောက်တိုဘာ ၁၆ နိုင်ငံတကာလုပ်သားအဖွဲ့အစည်းမှ ဇွန်လအတွင်း ထုတ်ပြန်သော သတင်းအချက် အလက်အရ ကိုဗစ် ၁၉ ကပ်ဘေးမတိုင်ခင်အချိန်အထိ ရွှေ့ပြောင်းလုပ်သားများက ထိုင်းနိုင်ငံ လုပ်သားအင်အားကို ၁၀ ရာခိုင်နှုန်းထက် ပို၍ ဖြည့်တင်းနိုင်ခဲ့သလို ထိုင်းနိုင်ငံ GDP ၏ ၄.၃ ရာနှုန်းမှ ၆.၆ ရာနှုန်းအထိဖြစ်ပေါ်တိုးတက်စေခဲ့သည်ဟု ပါရှိသည်။ အဆိုပါသတင်းအချက်အလက်တွင် ၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့…

ပုလောမြို့နယ်ခန်းမနဲ့ အမှတ်(၄)အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲခံရ

ပုလော၊ အောက်တိုဘာ ၁၆ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ရှိ မြို့နယ်ခန်းမနဲ့အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဟာ မနေ့ ညနေပိုင်းကဗုံးခွဲခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီဗုံးဖောက်ခွဲမှုဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ အောက်တိုဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပုလော PDF ကတော့ စစ်ကောင်စီတပ်တွေ လုံခြုံရေး ယူနေတဲ့ မြို့နယ်ခန်းမနဲ့အုပ်ချုပ်ရေးမှူးရုံးတွေကို သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာလို့…

ကော်သူးလေအခြေခံစစ်ပညာသင်တန်းဆင်းပွဲ

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ တနေရာတွင် ကော်သူးလေအခြေခံစစ်ပညာသင်တန်းတစ်ခု အပတ်စဥ်(၁) ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သုံးလတာကြာမြင့်ပြီးနောက် သင်တန်းဆင်းပွဲကို ဒီကနေ့တွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ အနယ်နယ်အရပ်ရပ်က စစ်ပညာသင်ကြားရန်ရောက်ရှိသူများဟာ သင်တန်းကို ကောင်းစွာပြီးစီးတက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။ သတင်းဓါတ်ပုံ – သံလွင်တိုင်းမ်

ကျိုက်ထိုနဲ့ဘီးလင်းမှာ စစ်ကောင်စီတပ်တွေကို KNU မှ တိုက်ခိုက်၊ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

သထုံ၊ အောက်တိုဘာ ၁၆ ကျိုက်ထိုမြို့နယ်နဲ့ဘီးလင်းမြို့နယ်မှာ အောက်တိုဘာလ ၁၅ ရက်နေ့က စစ်ကောင်စီတပ်တွေကို KNLA တပ်မ(၁)ဘက်မှ တိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။ ယမန်နေ့ မနက်အစောပိုင်းက ဘီးလင်းမြို့နယ်၊ မြစ်ကျိုးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့BGF ပူးပေါင်းတပ်ဖွဲ့ကို KNLA တပ်မဟာ(၁)ဘက်မှ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ KNLA…

မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံညီလာခံတက်ရောက်ခွင့်မပြုတော့

ဘန်ကောက်၊ အောက်တိုဘာ ၁၆ သောကြာနေ့မှာပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ယခုလ အောက်တိုလာ ၂၆ ရက်ကနေ ၂၈ ရက်နေ့အထိ ပြုလုပ်ဖို့ရှိနေတဲ့ အာဆီယံညီလာခံကို တက်ရောက်ခွင့်မပြုတော့ဘဲ ယင်းအစား နိုင်ငံရေးအစုအဖွဲ့နဲ့ မသက်ဆိုင်တဲ့ ကိုယ်စားလှယ်တဦးကိုဖိတ်ကြားဖို့ ဖြစ်နိုင်တယ်လို့ အာဆီယံသတင်းရင်းမြစ်က ဆိုပါတယ်။ မြန်မာစစ်ခေါင်းဆောင်ကို ဖယ်ထုတ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အာဆီယံရဲ့ သမိုင်းတွင်တဲ့ဖြစ်ရပ်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဘူးဆိုတဲ့မူကို ပြောင်းလဲလိုက်တာဖြစ်ပါတယ်။…

နွေဦးတော်လှန်ရေးအတွင်း ရဲရင့်ခဲ့ကြသောမြန်မာဂျဲန်ဇီးများ

ဖေဖော်ဝါရီအာဏာသိမ်းမှုက လူငယ်များ၏ဒေါသအမျက်ကို ဆွပေးလိုက်သောအရာတခုဖြစ် လာလိမ့်မည် ဟု ဗိုလ်ချုပ်မှူးကြီူမင်းအောင်လှိုင်အနေဖြင့် ကြိုတင်တွက်ဆထားခဲ့ခြင်းမရှိကြောင်း ရှင်းလင်း သိသာလွန်း လှပါသည်။ ရွေးကောက်ပွဲအနိုင်ရပါတီ NLD ထံမှ နိုင်ငံတော်အာဏာကို မတရားသော နည်းလမ်းဖြင့် ရယူသိမ်းပိုက်ခဲ့ပြီးနောက်ပိုင်းမှာတော့ ဂျဲန်ဇီးများဦးဆောင်သည့်ဆန္ဒပြပွဲများ တနိုင်ငံလုံး ပျံ့နှံ့လာခဲ့သည်။ တရားမဝင် နည်းလမ်းဖြင့် နောက်တကြိမ်အာဏာရရှိလာသော မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် ခေတ်မီ တိုးတက်လာသည့် နည်းပညာခေတ်ကို ဘယ်လိုမှလိုက်မမီနိုင်ဖြစ်နေသည့်အကြောင်းကလည်း ပိုပြီးသိသာ ထင်ရှားလာပါသည်။…