Radio Than Lwin Times(Episode 18/11)
https://www.youtube.com/embed/8cyXuke0Zgo
ထိုင်းနိုင်ငံတွင် ဘေးကင်းစွာမောင်းနှင်နိုင်ရေး အမှတ်ပေးစနစ်ကျင့်သုံးမည်
ဘန်ကောက်၊ နိုဝင်ဘာ ၁၉ ထိုင်းနိုင်ငံ၏ ကုန်းလမ်းပို့ဆောင်ရေးဌာနသည် လာမည့်လအတွင်းမှ စတင်၍ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ အတွင်း ဝင်ရောက်လုပ်ကိုင်နေသော ယာဥ်မောင်းများကို ပိုမိုလုံခြုံသော ယာဥ်မောင်းနှင်းခြင်း ဖြစ်စေရန် အတွက် အမှတ်ပေး (ပွိုင့်) အခြေပြုစနစ်ဖြင့် တင်းတင်းကျပ်ကျပ် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ အလားတူစနစ်တစ်ရပ်ကို လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်းက သတ်မှတ်ထားရှိဖူးသော်လည်း ယာဥ် မောင်းများ၏ လျော့ရဲစွာကျင့်သုံးခဲ့ကြပြီဖြစ်သည်။ ယင်းအတွက်ကြောင့် ဒီဇင်ဘာလမှ စတင်၍…
ကုန်ကြမ်းဈေးမြင့်မှုကြောင့် သစ်သီးဝလံစိုက်ပျိုးသူတွေ အရှုံးပေါ်
မော်လမြိုင် ၊ နိုဝင်ဘာ (၂၀) စစ်တပ် အာဏာသိမ်းပြီးနောက် သွင်းအားစုကုန်ပစ္စည်းတွေ ဈေးနှုန်းကြီးမြင့်နေတဲ့အတွက်ကြောင့် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်သူတွေ အရှုံးပေါ်နေတာ ဖြစ်တယ်။ သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်သူတွေဟာ ဓာတ်မြေသြဇာဈေးနှုန်း ၃ ဆ နီးပါး မြင့်တက်လာတာနဲ့ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတဲ့အတွက်ကြောင့် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်မားနေလို့ အရှုံးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သစ်သီးဝလံတွေ စိုက်ပျိုးပြီး ပြန်လည်ရောင်းချတဲ့…
စစ်အာဏာသိမ်းပြီးနောက်ပိုင်းကြီးထွားလာသော မြန်မာနိုင်ငံတွင်းမှတရုတ်ရင်းနှီးမြှုပ်နှံမှုများ
ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်းမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတချို့ ၎င်းတို့၏ လုပ်ငန်းများ အပြီးတိုင်ရုတ်သိမ်းခြင်း၊ ယာယီဆိုင်းငံ့ခြင်း သို့မဟုတ် လျှော့ချခြင်းများပြုလုပ်ခဲ့ကြသည်။ သို့သော်လည်း တရုတ်အစိုးရပိုင်စီးပွားရေးလုပ်ငန်းများမှာမူ ဘေဂျင်း၏ အရေးပါသော သံခင်းတမန်ခင်း ဖြစ်သည့် ပိုးလမ်းနှင့် ရပ်ဝန်းစီမံကိန်း(BRI) မြှင့်တင်ရန် အခွင့်အလမ်းကိုဆုပ်ကိုင်ထားသည်။ ဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့် လူထောင်နှင့်ချီသေကြေခဲ့ရပြီး သောင်းဂဏာန်းနီးပါး ဖမ်းဆီးခံထားရသည်။ အကြမ်းမဖက်သောနည်းလမ်းဖြင့်ဆန္ဒပြခဲ့ကြသောမြန်မာပြည်သူတို့သည် ယခုတော့ လက်နက်စွဲ…
Radio Than Lwin Times(Episode 17/11)
https://www.youtube.com/embed/K_1O8KfICTc
ကားမှောင်ခို တင်သွင်းမှုတွေကို ဗိုလ်မှူးအဆင့်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်နေ
မော်လမြိုင် ၊ နိုဝင်ဘာ (၁၉) ထိုင်းနယ်စပ်ကနေတဆင့် တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ်တွေကို စစ်အုပ်စုအကြီးအကဲတွေ ကိုယ်တိုင် တင်သွင်းနေတယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့ ရဲအရာရှိ တစ်ဦးက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ စစ်ကောင်စီ လက်အောက်ခံတပ် အကြီးအကဲတွေနဲ့ ရဲတပ်ဖွဲ့ အကြီးအကဲတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အာဏာကို အလွဲသုံးစားပြုလုပ်ပြီး နယ်စပ်ကနေ တရားမဝင်လိုင်စင်မဲ့ ကားတွေကို မှောင်ခိုတင်သွင်းသူတွေနဲ့ ပူးပေါင်း လုပ်ကိုင်နေတာ…
ဖလံတောင်တိုက်နယ်ဆေးရုံကို စီးနင်းတာမဟုတ်ဘဲ ဆေးတွေလိုအပ်လို့ ဝင်ယူတာလို့ BGF ငြင်းဆို
မော်လမြိုင် ၊ နိုဝင်ဘာ (၁၉) ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းက ဖလံတောင်တိုက်နယ်ဆေးရုံကို ဝင်ရောက်ပစ်ခတ်စီးနင်းတာ မဟုတ်ဘဲ ဆေးတွေလိုအပ်လို့ သွားယူတာဖြစ်တယ်လို့ နယ်ခြားစောင့်တပ်(BGF) က ငြင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ကေအဲန်ယူ ဘားအံမြို့နယ် ဟတ္တလိုက်ကျေးရွာအုပ်စု ဖလံတောင်ကျေးရွာက ၁၆ ကုတင်ဆံ့တိုက်နယ်ဆေးရုံကို BGF တပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး…
ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေကြောင့် လုပ်ငန်းတွေလည်ပတ်ဖို့ အခက်တွေ့နေ
မော်လမြိုင် ၊ နိုဝင်ဘာ (၁၉) အာဏာသိမ်း စစ်ကောင်စီဟာ အာဏာသိမ်းယူပြီးနောက် ဘဏ်တွေကနေ ငွေကြေး အလွယ်တကူ ထုတ်ယူလို့ မရအောင် ကန့်သတ်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေဟာ စီးပွားရေး လုပ်ငန်းတွေအပေါ် သက်ရောက်မှု ကြီးမားနေပါတယ်။ လက်ရှိအချိန်ထိ စစ်ကောင်စီရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေဟာ ဆက်ရှိနေတဲ့အတွက်ကြောင့် စီးပွားရေးလုပ်ငန်းတွေ လည်ပတ်ဖို့ အခက်အခဲ…
ကမ္ဘောဒီးယားအစိုးရမှ နိုင်ငံရေးအကျဥ်းသားနှင့် တက်ကြွလှုပ်ရှားသူ ၂၆ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေး
ဖနွမ်ပင်၊ နိုဝင်ဘာ ၁၈ ကမ္ဘောဒီးယားအစိုးရသည် အစိုးရကိုဆန့်ကျင်ရေး လှုံ့ဆော်သည့် ပြစ်မှုများဖြင့် ရင်ဆိုင်နေရသည့် နိုင်ငံရေးဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူငယ်တက်ကြွလှုပ်ရှားသူ ၂၆ ဦးကို လွှတ်ပေးခဲ့ပြီး ယင်းကဲ့သို့သော ဖြစ်ရပ်သည် အပြုသဘောဆောင်သော ခြေလှမ်းတစ်ခုဖြစ်သည်ဟု လူ့အခွင့်အရေး ဆိုင်ရာအဖွဲ့အစည်းများ က ပြောဆိုထားသော်လည်း ထောင်သွင်းအကျဥ်းခံနေရသူ အမြောက်အများ ကျန်ရှိနေဆဲဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံကို ၃၆ နှစ်ကျော်ကြာ အုပ်ချုပ်ခဲ့သော ဝန်ကြီးချုပ်…
Radio Than Lwin Times(Episode 16/11)
https://www.youtube.com/embed/7z_zY8DgXck