KNU တပ်မဟာ (၆) မှာ စစ်ကောင်စီတပ်နဲ့ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေ

ကော့ကရိတ်၊ မတ် ၂၆ ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် တပ်မဟာ (၆) စုကလိမြို့အနီးက ထီးကပလာကျေးရွာမှာ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ပြင်းထန်နေသလို စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ မြေပြင် သတင်းပေးပို့ချက်အရ သိရပါတယ်။ ထီးကပလာကျေးရွာမှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းယူဖို့ လာရောက်စဉ် စစ်ကောင်စီဘက်က လေယာဉ်နဲ့…

ပါတီ ဖျက်သိမ်းဖို့ ခြိမ်းခြောက်လာပေမဲ့ ရပ်တည်ချက် ပြောင်းလဲမှာ မဟုတ်ဘူးလို့ SNLD တုံ့ပြန်

ရန်ကုန်၊ မတ် ၂၆ အာဏာသိမ်း စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီဖျက်သိမ်းအရေးယူမယ်လို့ ခြိမ်းခြောက်လာပေမယ့် ရပ်တည်ချက် ပြောင်းလဲမှာ မဟုတ်ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက တုံ့ပြန်လိုက်ပါတယ်။ စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီတို့ဟာ ပါတီငွေစာရင်းစစ်ဆေးခံဖို့…

စစ်ကောင်စီခန့် တနင်္သာရီဝန်ကြီးချုပ် လမ်းကြောင်းလုံခြုံရေးယူပြီး ပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ

တနင်္သာရီ၊ မတ် ၂၆ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာအုပ်စု၊ ကဒဲလိပ်ကျေးရွာအနီးမှာ မတ်လ ၂၅ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီခန့် တနင်္သာရီ ဝန်ကြီးချုပ် ဦးမြတ်ကို လမ်းကြောင်း လုံခြုံရေးယူပြီး ပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနေ့ ညနေ ၄ နာရီလောက်မှာ ဘုတ်ပြင်းဘက်မှ မြိတ်ဘက်သို့ မောင်းနှင်လာသော…

ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး အသုံးပြုမှု ရပ်ဆိုင်းထားဖို့ KNU ထုတ်ပြန်

မော်လမြိုင်၊ မတ်လ ၂၆ KNU ထိန်းချုပ်နယ်မြေ တပ်မဟာ (၆) ဒူးပလာယာခရိုင်ထဲကို စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ မြဝတီ-ဝေါလေလမ်းပိုင်း အသုံးပြုမှု ရပ်ဆိုင်းထားဖို့ KNU က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ စစ်ကောင်စီတပ်ဟာ KNLA နဲ့ တပ်ပေါင်းစုတွေကို အင်အားသုံး ခြေမှုန်းဖို့အတွက် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ မြဝတီ-ဝေါလေလမ်းပိုင်းကို အသုံးပြုပြီး ပြည်သူလူထုကို…

ထိုင်းနိုင်ငံဗဟိုဘဏ်က ခရစ်ပတိုငွေကြေးကို ကြားခံ ငွေကြေး စနစ်မဟုတ်တဲ့အကြောင်းပြချက်နဲ့ တားမြစ်

ထိုင်းနိုင်ငံဗဟိုဘဏ်က လက်ရှိဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်(Promptpay) ရှိနေပြီး သင့်လျော်တဲ့ ကြားခံငွေကြေးစနစ်မဟုတ်တဲ့အကြောင်းပြချက်နဲ့ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကိုငွေပေးချေဖို့ ခရစ်ပတိုငွေကြေးအသုံးပြုဖို့ တာမြစ်ချက်ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီကြေငြာချက်ရဲ့ အဓိက အချက်တွေမှာ ကုန်စည်နဲ့ ဝန်ဆောင်မှုပေးချေမှုတွေအတွက် ခရစ်ပတိုငွေကြေးရဲ့ ပရိုမိုးရှင်းနဲ့ ကြော်ငြာတွေကို ပိတ်ပင်ထားပြီး ဒီအတောအတွင်း သုံးစွဲသူတွေအ အနေနဲ့ ခရစ်ပတိုငွေကြေးနဲ့ အသုံးပြုတာကိုတွေ့ရှိပါက အော်ပတေတာတွေအနေနဲ့ ငွေလွှဲတာကိုပယ်ဖျက်ပြီး အာဏာပိုင်တွေကို ချက်ချင်းအကြောင်းကြားသင့်တယ်လို့ ထုတ်ပြန်ထားတာပါ။ “ပြောင်းလဲလို့မရတဲ့ ထိုင်းဗဟိုဘဏ်ရဲ့ အဓိကယုံကြည်ချက်က ငွေကြေးတန်ဖိုးနဲ့…