ချေးငွေမဆပ်တဲ့ CDM ဝန်ထမ်းတွေကို ဘဏ္ဍာငွေအလွဲသုံးစားမှုဖြင့် အရေးယူဖို့ စစ်ကောင်စီ စီစဉ်

မော်လမြိုင် ၊ နိုဝင်ဘာ (၁၇) အာဏာသိမ်း စစ်ကောင်စီက ကိုဗစ် ချေးငွေ ပြန်မဆပ်တဲ့ CDM ဝန်ထမ်းတွေကို နိုင်ငံတော် ဘဏ္ဍာ အလွဲသုံးစားမှုနဲ့ အရေးယူနိုင်ဖို့ လျှို့ဝှက် လုပ်ဆောင်နေတယ်လို့ Non CDM ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုင်ငံ့ဝန်ထမ်း ချေးငွေဟာ NLD အစိုးရလက်ထက်က ကိုဗစ်၁၉ ကပ်ရောဂါကာလမှာ ဝန်ထမ်းတွေ အဆင်ပြေအောင်…

စစ်တပ်အာဏာသိမ်းပြီးနောက် မွန်မှာ မှောင်ခိုစျေးကွက် ပိုမိုကြီးထွားလာ

မော်လမြိုင် ၊ နိုဝင်ဘာ (၁၆) မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် တရားမဝင် ကုန်ပစ္စည်း တင်သွင်းနေတဲ့ မှောင်ခိုဈေးကွက် ပိုမို ကြီးထွားလာခဲ့တယ်လို့ စီးပွားရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။ မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် မှောင်ခိုဈေးကွက် တစ်ခေတ်ပြန်ထ လာခဲ့တာ ဖြစ်ပါတယ်။ စစ်တပ် အာဏာသိမ်ပြီး ၉ လကျော်ကာလအတွင်းမှာ ပြည်နယ်အတွင်းကို တရားမဝင် လမ်းကြောင်းကနေ ကုန်ပစ္စည်းတင်ပို့မှု…

ကာကွယ်ဆေးထိုးပြီးသော ခရီးသွားများအနေဖြင့် ကွာရန်တင်းမလိုအပ်တော့ဟု ကမ္ဘောဒီးယားအစိုးရဆို

ဖနွမ်ပင်၊ နိုဝင်ဘာ ၁၅ ဒီကနေ့ နိုဝင်ဘာလ ၁၅ ရက်‌နေ့မှ စတင်၍ ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနှံပြီးသော ခရီးသွားဧည့်သည် များသည် ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်ရာတွင် ကွာရန်တင်းဝင်ရန် လိုအပ်တော့မည် မဟုတ် ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်သည်။ အ‌ရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံသည် ကာလရှည် ကွာရန်တင်း လိုအပ် ချက်ကို ၁၈…

စစ်‌ကောင်စီ တိုင်းမှူးခရီးစဥ်အတွက် လုံခြုံရေးတိုးမြှင့်ထားလို့ တိုက်ပွဲဖြစ်မှာကို ကော့ကရိတ် ဒေသခံတွေ စိုးရိမ်

မော်လမြိုင်၊ နိုဝင်ဘာ ၁၅ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးခရီးစဉ်ရဲ့ လမ်းလုံခြုံရေးအတွက်ဆိုပြီး စစ်ကောင်စီတပ်တွေဟာ ကော့ကရိတ်မြို့အာရှလမ်းမအနီးက ကျေးရွာတွေအချို့မှာ ဒီကနေ့မနက်ပိုင်းက ဝင်ရောက်နေရာယူထားလို့ တိုက်ပွဲတွေဖြစ်ပွားမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုင်းမှူးဗိုလ်ချုပ်ကိုကိုမောင်ရဲ့ မြဝတီခရီးစဉ်ရဲ့ လမ်းလုံခြုံရေးအတွက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒီကနေ့မနက်ပိုင်းက ကော့ကရိတ်မြို့ အာရှလမ်းမအနီးက ကော့နွဲ့၊ ရွာသစ်နဲ့ ကမိုင်းကုန်းကျေးရွာတွေဝန်းကျင်မှာ ရောက်ရှိနေရာယူထားလို့ နယ်မြေခံ KNLA တပ်နဲ့ စစ်ရေးတင်းမာမှုတွေဖြစ်ပွားမှာကို ဒေသခံတွေက…

စင်ကာပူနိုင်ငံအပါအဝင် အာရှသို့ အမေရိကန်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Gina Raimondo လာရောက်မည်

စင်ကာပူ၊ နိုဝင်ဘာ ၁၅ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Gina Raimondo သည် နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့ အထိ ၃ ရက်တာ ကြာမြင့်မည် ပထမဆုံး တရားဝင်ခရီးစဥ်ကို အာရှ သို့ လာရောက်မည်ဟု အ‌မေရိကန် စီးပွားကူးသန်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ခရီးစဥ်တွင် Ms Raimondo သည်…

ဖာပွန်က စစ်ဘေးရှောင်တွေ ငှက်ဖျားနှင့် ဝမ်းရောဂါ ပြဿနာတွေ ရင်ဆိုင်နေရ

မော်လမြိုင် ၊ နိုဝင်ဘာ (၁၄) ဖာပွန်ခရိုင်က နေရပ် မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်တွေမှာ ငှက်ဖျားနဲ့ ဝမ်းလျှောရောဂါတွေ ခံစားနေရတဲ့အတွက်ကြောင့် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီသူတွေက ပြောပါတယ်။ ဖာပွန်ခရိုင်ထဲမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ ၃ သောင်းဝန်းကျင်လောက်ဟာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့အတွက်ကြောင့် နေရပ်မပြန်ရဲကြသေးလို့…

ကုန်ဈေးနှုန်း မြင့်တက်မှုကြောင့် ပဲစိုက်တောင်သူတွေ အခက်တွေ့

မော်လမြိုင် ၊ နိုဝင်ဘာ (၁၃) မွန်ပြည်နယ်မှာတော့ အခုနှစ် ဆောင်းရာသီမှာ ပဲစိုက်ဖို့အတွက် ပဲစိုက်တောင်သူတွေက အခက်အခဲမျိုးစုံ ရင်ဆိုင်နေရပါတယ်။ ပဲစိုက်တောင်သူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် သွင်းအားစု ကုန်ပစ္စည်းတွေဖြစ်တဲ့ ဆေးဝါးနဲ့ ဓာတ်မြေသြဇာ ဈေးနှုန်းမြင့်တက်လာတာ၊ စက်သုံးဆီ ဈေးနှုန်းကြီးမြင့်နေတာ၊ တန်ဆောင်မုန်းလဆန်းမှာ မိုးရွာသွန်းခဲ့တာကြောင့် မြေဆီလွှာမခြောက်လို့ ထွန်းယက်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရတာပါ။ တဖက်မှာတော့ ပဲစိုက်တောင်သူတွေဟာ ပဲမျိုးစေ့အတွက်…

မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက အဂတိမှု (၈) မှု ထပ်တိုးအမှုဖွင့်

မော်လမြိုင် ၊ နိုဝင်ဘာ (၁၄) မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှု ၈ မှု ထပ်တိုး အမှုဖွင့်အရေးယူထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းပြီးနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ ဆက်တိုက်…