အိန္ဒိယအစိုးရမှ Novavax တံဆိပ် Covid 19 ကာကွယ်ဆေး အလုံးရေသန်း(၂၀)ကို အင်ဒိုနီးရှားသို့ တင်ပို့မည်
နယူးဒေလီ၊ နိုဝင်ဘာ ၂၂ ရိုက်တာသတင်းဌာနမှ တွေ့ရှိရသော အစိုးရစာရွက်စာတမ်းနှင့် အစိုးရအဖွဲ့အရင်းအမြစ်တစ်ခု၏ ပြောကြားချက်အရ အိန္ဒိယနိုင်ငံအစိုးရသည် Serum Institute of India (SII) မှ ထုတ်လုပ်သော ကိုဗစ် ၁၉ ကာကွယ်ဆေး Novavax အလုံးရေ ၂၀ သန်းကို အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့နိုင်ရန်အတွက် သဘောတူခဲ့ပြီးဟုသိရသည်။ SII မှ Covovax ဟု…
ထိုင်းဝန်ကြီးချုပ်နှင့် CIA အရာရှိတို့ တွေ့ဆုံ၊ မြန်မာနိုင်ငံရှိ လုံခြုံရေးအကြောင်းအရာကို ဆွေးနွေးခဲ့သည်ဟု သိရ
ဘန်ကောက်၊ နိုဝင်ဘာ ၂၀ အမေရိကန် CIA လက်ထောက်ဒါရိုက်တာ David Cohen သည် ဝန်ကြီးချုပ် ပရရွတ် ချန်အိုချာတို့ နိုဝင်ဘာလ ၁၉ ရက်နေ့၊ (သောကြာနေ့)တွင် တံခါးပိတ်အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီး ထိုတွေ့ဆုံမှုတွင် မြန်မာနိုင်ငံမှာရှိ လုံခြုံရေးအခြေအနေများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီကို ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ပေးအပ်ရန်စသည့် အကြောင်းအရာများအပါအဝင် ခေါင်းစဉ်အတော်များများအပေါ် ဆွေးနွေးခဲ့ကြသည်ဟု ယူဆရသည်။ ထုတ်ပြန်ကြေငြာခြင်းမရှိသော အဆိုပါတွေ့ဆုံမှုတွင်…
ဘဝရပ်တည်ဖို့ ပိုမိုခက်ခဲလာပေမယ့် အဆုံးထိ တိုက်ပွဲဝင်မယ်လို့ CDM တွေပြော
မော်လမြိုင် ၊ နိုဝင်ဘာ (၂၁) အာဏာသိမ်း စစ်ကောင်စီကို အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ အာဏာဖီဆန်ရေး လုပ်ဆောင်ထားတဲ့ တနင်္သာရီတိုင်းက CDM ဝန်ထမ်းတွေဟာ ကာလ ရှည်ကြာလာတာနဲ့အမျှ ဘဝရပ်တည်ဖို့ ပိုမို ခက်ခဲလာကြတာ ဖြစ်ပါတယ်။ CDM ဝန်ထမ်းတွေဟာ အာဏာသိမ်းစစ်ကောင်စီကို အာဏာဖီဆန်လာတာ အခုဆိုရင် ၁၀လ နီးပါးကြာမြင့်လာပြီး ဖြစ်ပါတယ်။ လက်ရှိမှာတော့ CDM ဝန်ထမ်းတွေဟာ…
မွန်မှာ တစ်လအတွင်း ဖမ်းဆီးခံရသူ (၁၀၀)ကျော် ရှိလာ
မော်လမြိုင် ၊ နိုဝင်ဘာ (၂၁) မွန်ပြည်နယ်မှာတော့ အောက်တိုဘာ ၂၀ ရက်နေ့မှ နိုဝင်ဘာ ၂၀ ရက်နေ့ထိ တစ်လအတွင်း အရပ်သားပြည်သူ ၁၀၀ ကျော် ဖမ်းဆီးခံလိုက်ရတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဖမ်ဆီးခံလိုက်ရတဲ့သူတွေဟာ အရင်က ဆန္ဒဖော်ထုတ်မှုမှာ ပါဝင်တာ၊ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်တာ၊ PDF တွေနဲ့ ဆက်သွယ်တာ၊ CDM ဝန်ထမ်းတွေကို…
Radio Than Lwin Times(Episode 18/11)
https://www.youtube.com/embed/8cyXuke0Zgo
ထိုင်းနိုင်ငံတွင် ဘေးကင်းစွာမောင်းနှင်နိုင်ရေး အမှတ်ပေးစနစ်ကျင့်သုံးမည်
ဘန်ကောက်၊ နိုဝင်ဘာ ၁၉ ထိုင်းနိုင်ငံ၏ ကုန်းလမ်းပို့ဆောင်ရေးဌာနသည် လာမည့်လအတွင်းမှ စတင်၍ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ အတွင်း ဝင်ရောက်လုပ်ကိုင်နေသော ယာဥ်မောင်းများကို ပိုမိုလုံခြုံသော ယာဥ်မောင်းနှင်းခြင်း ဖြစ်စေရန် အတွက် အမှတ်ပေး (ပွိုင့်) အခြေပြုစနစ်ဖြင့် တင်းတင်းကျပ်ကျပ် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ အလားတူစနစ်တစ်ရပ်ကို လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်းက သတ်မှတ်ထားရှိဖူးသော်လည်း ယာဥ် မောင်းများ၏ လျော့ရဲစွာကျင့်သုံးခဲ့ကြပြီဖြစ်သည်။ ယင်းအတွက်ကြောင့် ဒီဇင်ဘာလမှ စတင်၍…
ကုန်ကြမ်းဈေးမြင့်မှုကြောင့် သစ်သီးဝလံစိုက်ပျိုးသူတွေ အရှုံးပေါ်
မော်လမြိုင် ၊ နိုဝင်ဘာ (၂၀) စစ်တပ် အာဏာသိမ်းပြီးနောက် သွင်းအားစုကုန်ပစ္စည်းတွေ ဈေးနှုန်းကြီးမြင့်နေတဲ့အတွက်ကြောင့် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်သူတွေ အရှုံးပေါ်နေတာ ဖြစ်တယ်။ သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်သူတွေဟာ ဓာတ်မြေသြဇာဈေးနှုန်း ၃ ဆ နီးပါး မြင့်တက်လာတာနဲ့ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတဲ့အတွက်ကြောင့် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်မားနေလို့ အရှုံးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သစ်သီးဝလံတွေ စိုက်ပျိုးပြီး ပြန်လည်ရောင်းချတဲ့…
စစ်အာဏာသိမ်းပြီးနောက်ပိုင်းကြီးထွားလာသော မြန်မာနိုင်ငံတွင်းမှတရုတ်ရင်းနှီးမြှုပ်နှံမှုများ
ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်းမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတချို့ ၎င်းတို့၏ လုပ်ငန်းများ အပြီးတိုင်ရုတ်သိမ်းခြင်း၊ ယာယီဆိုင်းငံ့ခြင်း သို့မဟုတ် လျှော့ချခြင်းများပြုလုပ်ခဲ့ကြသည်။ သို့သော်လည်း တရုတ်အစိုးရပိုင်စီးပွားရေးလုပ်ငန်းများမှာမူ ဘေဂျင်း၏ အရေးပါသော သံခင်းတမန်ခင်း ဖြစ်သည့် ပိုးလမ်းနှင့် ရပ်ဝန်းစီမံကိန်း(BRI) မြှင့်တင်ရန် အခွင့်အလမ်းကိုဆုပ်ကိုင်ထားသည်။ ဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့် လူထောင်နှင့်ချီသေကြေခဲ့ရပြီး သောင်းဂဏာန်းနီးပါး ဖမ်းဆီးခံထားရသည်။ အကြမ်းမဖက်သောနည်းလမ်းဖြင့်ဆန္ဒပြခဲ့ကြသောမြန်မာပြည်သူတို့သည် ယခုတော့ လက်နက်စွဲ…
Radio Than Lwin Times(Episode 17/11)
https://www.youtube.com/embed/K_1O8KfICTc
ကားမှောင်ခို တင်သွင်းမှုတွေကို ဗိုလ်မှူးအဆင့်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်နေ
မော်လမြိုင် ၊ နိုဝင်ဘာ (၁၉) ထိုင်းနယ်စပ်ကနေတဆင့် တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ်တွေကို စစ်အုပ်စုအကြီးအကဲတွေ ကိုယ်တိုင် တင်သွင်းနေတယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့ ရဲအရာရှိ တစ်ဦးက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ စစ်ကောင်စီ လက်အောက်ခံတပ် အကြီးအကဲတွေနဲ့ ရဲတပ်ဖွဲ့ အကြီးအကဲတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အာဏာကို အလွဲသုံးစားပြုလုပ်ပြီး နယ်စပ်ကနေ တရားမဝင်လိုင်စင်မဲ့ ကားတွေကို မှောင်ခိုတင်သွင်းသူတွေနဲ့ ပူးပေါင်း လုပ်ကိုင်နေတာ…