ဒီဇယ်ဆီ အကျပ်အတည်းကို အမြန်ဆုံးကုစားပေးနိုင်ရန်အတွက် ထိုင်းဝန်ကြီးချုပ်တောင်းဆို
ဘန်ကောက်၊ နိုဝင်ဘာ ၂၄ ထိုင်းနိုင်ငံရဲ့ ဒီဇယ်လက်လီဈေးနှုန်းကို လျှော့ချနိုင်ရန် နည်းလမ်းများထားရှိ မြှင့်တင်ဆောင်ရွက်နိုင်ရန် ထိုင်းဝန်ကြီးချုပ် ပရရွတ်ချန်အိုချာမှ စွမ်းအင်ဝန်ကြီးဌာသို့ ပြောဆိုထားပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်၏ လက်ထောက်က ပြောကြားခဲ့ သည်။ ထိုင်းနိုင်ငံအနှံ့ရှိ လော်ရီယာဥ်မောင်းများ ဆန္ဒထုတ်ဖော်ရာမှ စတင်လာသော ဒီဇယ်ဈေးမြင့်တက်ခြင်းဆိုင်ရာ ပြဿနာကို အစိုးရအနေဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် (အင်္ဂါနေ့၌) ကျင်းပခဲ့ကြသော အစိုးရအဖွဲ့အစည်း အဝေးပြီးနောက် ထိုင်းဒုတိယဝန်ကြီးချုပ် Wissanu…
စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်
မော်လမြိုင် ၊ နိုဝင်ဘာ (၂၅) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအား ထိုးစစ်ဆင်ရာမှာ စစ်ကောင်စီတပ်ဟာ အရပ်သားတွေကို အဓိကပစ်မှတ် တစ်ခုအဖြစ် တိုက်ခိုက်လာတယ်လို့ ကရင်လူ့အခွင့်အရေး KHRG က ထုတ်ပြန်လိုက်ပါတယ်။ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ ပြည်သူများရဲ့ခုခံတွန်းလှန်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာတစ်စောင်ကို ကရင်လူ့အခွင့်အရေးအဖွဲ့က နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ် ထိုးစစ်ဆင်ရာမှာ အရပ်သားတွေကို ပစ်မှတ်ထား…
ရှေ့တန်းထွက်ဖို့အတွက် တစ်အိမ်တစ်ယောက်နှုန်း စာရင်းပေးဖို့ စစ်အုပ်စုထောက်ခံသူတွေကို စစ်ကောင်စီ ဖိအားပေး
မော်လမြိုင် ၊ နိုဝင်ဘာ (၂၅) ရှေ့တန်းမှာ တာဝန်ထမ်းဆောင်ဖို့အတွက် မွန်ပြည်နယ်က စစ်အုပ်စုထောက်ခံတဲ့ မိသားစုတွေ တစ်အိမ်တစ်ယောက်နှုန်း စာရင်းပေးဖို့ အတင်းအကြပ် ဖိအားပေးလာတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအဝင် ဒေသခံ PDF တွေနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေကို ပို့ဆောင်ဖို့အတွက် ပျူစောထီး၊ ပြည်သူ့စစ်နဲ့ စစ်အုပ်စုထောက်ခံသူတွေ အမည်စာရင်းကို နှစ်ပတ်အတွင်း…
လိုင်စင်မဲ့ယာဥ် မသုံးရဆိုတဲ့ စစ်ကောင်စီရဲ့ ညွှန်ကြားမှုကြောင့် လူမှုကယ်ဆယ်ရေးအဖွဲ့တွေ အခက်တွေ့
မော်လမြိုင် ၊ နိုဝင်ဘာ (၂၅) စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေ မသုံးဖို့ ညွှန်ကြားလာတဲ့အတွက်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖို့ အခက်အခဲ ရှိလာတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ မော်လမြိုင်မြို့နယ်အတွင်းက လူမှုကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ လိုင်စင်မဲ့ မော်တော်ယာဉ်တွေ မသုံးဖို့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ခေါ်ယူသတိပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့လို ခေါ်ယူသတိပေးရာမှာ မှတ်ပုံမတင်ထားတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့…
Radio Than Lwin Times(Episode 21/11)
https://www.youtube.com/embed/4h3wrnSDrqA
ကမ္ဘောဒီးယားဒုက္ခသည် (၃)ဦးကို နေရပ်ပြန်ပို့သဖြင့် ထိုင်းနိုင်ငံကို ကုလက ဝေဖန်
ဘန်ကောက်၊ နိုဝင်ဘာ ၂၃ ကမ္ဘောဒီးယားကနေ ထိုင်းနိုင်ငံမှာ ဒုက္ခသည်အဖြစ်ခိုလှုံနေတဲ့ အမျိုးသမီးနိုင်ငံရေး သမား (၃)ဦးကို နေရပ်ပြန်ပို့လိုက်ပြီးနောက် ဖနွမ်ပင်ထောင်မှာ ပြစ်ဒဏ်ကျခံလိုက် ရတဲ့အတွက် ထိုင်းနိုင်ငံကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီက ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ဖျက်သိမ်းခံလိုက်ရပြီးဖြစ်တဲ့ ကမ္ဘာဒီးယားနိုင်ငံခရိုင်အဆင့် အတိုက်အခံပါတီ ကိုယ်စားလှယ် သာဗရီလန့်လို့ခေါ်တဲ့ အမျိုးသမီးဟာ ဝန်ကြီးချုပ်ဟွန်ဆန်ကို နှုတ်အားဖြင့် ဝေဖန်ထောက်ပြလေ့ရှိသူဖြစ်ပြီး လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက ထိုင်းနိုင်ငံမှာ ခိုလှုံနေခဲ့တာဖြစ်ပါတယ်။ ထိုင်းလဝကအရာရှိက…
BGF တပ်ပြန်ဆုတ်သွားလို့ စစ်ရှောင်တချို့ နေရပ်ပြန်ခွင့်ရ
မော်လမြိုင် ၊ နိုဝင်ဘာ (၂၄) ဘားအံမြို့နယ် ဟတ္တလိုက်ကျေးရွာအုပ်စုမှာ တပ်စွဲထားတဲ့ နယ်ခြားစောင့် BGF တပ်ပြန်ဆုတ်သွားလို့ စစ်ရှောင်တချို့ နေရပ်ပြန်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ နယ်ခြားစောင့်တပ်(BGF)တို့ကြား တိုက်ပွဲတွေကြောင့် ဒေသခံရွာသားတွေ တိမ်းရှောင်ခဲ့ရပြီး အခုလက်ရှိမှာတော့ BGF တပ်တွေက ပြန်လည်ရုတ်သိမ်းခဲ့တာကြောင့် ရွာသားတွေ နေရပ်ပြန်လာနေကြပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက KNLA…
လောင်းလုံးမှာ စစ်ကောင်စီတပ်က ဒေသခံ PDF တွေကို တောနင်းရှာဖွေ
လောင်းလုံး ၊ နိုဝင်ဘာ (၂၄) တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဂေါ့အင်းကျေးရွာ ကြယ်တောင်အနီးမှာ နိုဝင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းက စပြီး စစ်ကောင်စီအင်အား ၈၀ လောက်က ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကို တောနင်းရှာဖွေတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၈၀ လောက်ဟာ လက်နက်အပြည့်အစုံ ကိုင်ဆောင်ပြီး ကြယ်တောင်အနီးရှိ…
Radio Than Lwin Times(Episode 20/11)
https://www.youtube.com/embed/p3E9qWqxQsc
Radio Than Lwin Times(Episode 19/11)
https://www.youtube.com/embed/r2DF6B4U1AA