PDF တွေ လမ်းလုံခြုံရေးစစ်ဆေးမှုကို ဓါးပြတိုက်နေတယ်လို့ စစ်တပ်သတင်းမှားဖြန့်
အမှန်/အမှား ++++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့”နွားထိုးကြီး PDF ရဲဘော်တွေက ခရီးသည်ကားတွေကို သေနတ်နဲ့ခြိမ်းခြောက်ပြီး ဓါးပြတိုက်နေတယ်”လို့ စစ်တပ်လော်ဘီချန်နယ်တွေက သတင်းအမှားဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ…