Operation 1027 – Facebook Page အတု ထွက်ပေါ်နေ (အမှန်/အမှား)
မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “ညီနောင်မဟာမိတ် (၃) ဖွဲ့၏ တရားဝင်သတင်းနှင့်ပြန်ကြားရေးဖေ့ဘုတ်“ဆိုပြီး စစ်တပ်ထောက်ခံသူတွေ ဖြန့်ချိနေတဲ့ သတင်းအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို…