PDF ရဲဘော်နှစ်ဦး မီးရှို့သတ်ဖြတ်ခံရတာ စစ်တပ်လက်ချက်မဟုတ်ဘူးလို့ သတင်းမှားဖြန့်နေ
မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှား/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ယောကာကွယ်ရေးတပ် YDF ရဲဘော်နှစ်ဦးကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးကျေးရွာ ဖြစ်တဲ့ မြောက်ခင်ရန်းရွာမှာ မီးရှို့သတ်ဖြတ်ခဲ့တာဟာ စစ်တပ်လက်ချက်မဟုတ်ဘူးလို့ သတင်း မှားထုတ်လွှင့်နေတာနဲ့ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို MRTV၊MWD၊ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာတွေက ဖေဖော်ဝါရီလ…