ဓမ္မသရွာကို တော်လှန်ရေးတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တာလို့ စစ်တပ်သတင်းမှားဖြန့်နေ
မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ရွာတဝက်နီးပါးမီးလောင်ခဲ့တာဟာ တော်လှန်ရေးတပ်တွေ လက်ချက် ကြောင့်ဖြစ်တယ်လို့ စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွား မှာဖြစ်ပါတယ်။ ဒီအကြောင်းကို…