ကြိုတင်မဲပေးရာမှာ ဥပဒေကို ကျော်လွန်ပြီး လုပ်နေတယ်လို့ ပြည်ခိုင်ဖြိုးပါတီ ပြော
မော်လမြိုင် ၊ အောက်တိုဘာ (၃၀) အသက်(၆၀)နှင့်အထက် ကြိုတင်မဲပေးတာတွေမှာ မဲရုံကော်မရှင်အဖွဲ့ဝင်တွေက ဥပဒေကို ကျော်လွန်ပြီး ဆောင်ရွက်တာတွေကို တွေ့ရတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပြောဆိုလိုက်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးတာတွေကို အောက်တိုဘာလ(၂၉)ရက်နေ့တည်းက စတင် ဆောင်ရွက်နေပြီး ဖြစ်ပါတယ်။ ဒီလို ကြိုတင်မဲရာမှာ မဲပေးရမယ့် ပါတီကို မဲရုံအဖွဲ့ဝင်တွေက ပြောဆိုတာတွေနဲ့ အသိအမှတ်ပြု ကတ်ပြားချိတ်ဆွဲထားတာတွေမရှိဘဲ မဲရုံအတွင်း ဝင်ထွက်သွားလာတာတွေ…