နိုင်ငံတကာ

ကမ္ဘောဒီးယားအစိုးရမှ နိုင်ငံရေးအကျဥ်းသားနှင့် တက်ကြွလှုပ်ရှားသူ ၂၆ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေး

ဖနွမ်ပင်၊ နိုဝင်ဘာ ၁၈ ကမ္ဘောဒီးယားအစိုးရသည် အစိုးရကိုဆန့်ကျင်ရေး လှုံ့ဆော်သည့် ပြစ်မှုများဖြင့် ရင်ဆိုင်နေရသည့် နိုင်ငံရေးဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူငယ်တက်ကြွလှုပ်ရှားသူ ၂၆ ဦးကို လွှတ်ပေးခဲ့ပြီး ယင်းကဲ့သို့သော ဖြစ်ရပ်သည် အပြုသဘောဆောင်သော ခြေလှမ်းတစ်ခုဖြစ်သည်ဟု လူ့အခွင့်အရေး ဆိုင်ရာအဖွဲ့အစည်းများ က ပြောဆိုထားသော်လည်း ထောင်သွင်းအကျဥ်းခံနေရသူ အမြောက်အများ ကျန်ရှိနေဆဲဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံကို ၃၆ နှစ်ကျော်ကြာ အုပ်ချုပ်ခဲ့သော ဝန်ကြီးချုပ်…

သမ္မတရာထူးရွေးကောက်ပွဲတွင် မားကိုစ့်ဂျူနီယာကို ပါဝင်ခြင်းကို ရပ်ဆိုင်း ရန် ဖိလစ်ပင်းအဖွဲ့မှ တောင်းဆိုထား

မနီလာ၊ နိုဝင်ဘာ ၁၇ ဖိလစ်ပိုင်နိုင်ငံကို နောက်ဆုံးအုပ်စိုးခဲ့သည့် အာဏာရှင်တစ်ဦးဖြစ်သူ Ferdinand Marcos (ဖာဒီနန် မားကို့စ်)၏ သားဖြစ်သူက လာမည့် သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်‌လောင်း အဖြစ် ပါဝင်ခွင့်ကို ရပ်ဆိုင်းပေးရန် အတိုက်အခံအစုအဖွဲ့တစ်ခုမှ မေးမြန်းမည်ဟု သိရသည်။ ထိုသို့ တောင်းဆိုရသည့် အကြောင်းအရင်းမှာ အဆိုပါပုဂ္ဂိုလ်သည် အခွန်ရှောင်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ ရခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ မားကို့စ်အမျိုးအနွယ်များနှင့်…

ထိုင်းဘုရင်အား အသရေဖျက်ပြောဆိုသည့် ပြစ်ဒဏ်ချမှတ်ခြင်းကို လျှော့ပေါ့သင့်ဟု ဝန်ကြီးချုပ် ဟောင်း သက်ဆင်ပြောကြား

ဘန်ကောက်၊ နိုဝင်ဘာ ၁၆ ထိုင်းဘုရင်ကို အသေရေဖျက်သည့် သဘောအသွင် ပြောဆိုပါက အမြင်ဆုံးပြစ်ဒဏ် ထောင် ၁၅ နှစ်အထိ ချမှတ်ခြင်းကို လျှော့ပေါ့သင့်သည်ဟု ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ပြောကြားခဲ့သည်။ ဘုရင့်အား အသရေဖျက်ပြောဆိုခြင်းဆိုင်ရာ ဥပဒေနှင့်ပတ်သက်လျှင် ပတ်သက်လျှင် ပြဿနာမရှိ သော် လည်း ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၁၁၂ ဖောက်ဖျက်မှုဖြင့် အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်…

ကာကွယ်ဆေးထိုးပြီးသော ခရီးသွားများအနေဖြင့် ကွာရန်တင်းမလိုအပ်တော့ဟု ကမ္ဘောဒီးယားအစိုးရဆို

ဖနွမ်ပင်၊ နိုဝင်ဘာ ၁၅ ဒီကနေ့ နိုဝင်ဘာလ ၁၅ ရက်‌နေ့မှ စတင်၍ ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနှံပြီးသော ခရီးသွားဧည့်သည် များသည် ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်ရာတွင် ကွာရန်တင်းဝင်ရန် လိုအပ်တော့မည် မဟုတ် ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်သည်။ အ‌ရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံသည် ကာလရှည် ကွာရန်တင်း လိုအပ် ချက်ကို ၁၈…

စင်ကာပူနိုင်ငံအပါအဝင် အာရှသို့ အမေရိကန်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Gina Raimondo လာရောက်မည်

စင်ကာပူ၊ နိုဝင်ဘာ ၁၅ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Gina Raimondo သည် နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့ အထိ ၃ ရက်တာ ကြာမြင့်မည် ပထမဆုံး တရားဝင်ခရီးစဥ်ကို အာရှ သို့ လာရောက်မည်ဟု အ‌မေရိကန် စီးပွားကူးသန်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ခရီးစဥ်တွင် Ms Raimondo သည်…

ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားများ လုံခြုံစွာ ခေါ်ယူရေးကို အဆင့် ၈ ဆင့် ဖြင့် သဘောတူ

ဘန်ကောက်၊ နိုဝင်ဘာ ၁၃ လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းဖို့ နိုင်ငံအတွင်းသို့ ရွှေ့ပြောင်းလုပ်သားများ ခေါ်ယူရေးနှင့် ဝင်ရောက် လာသူများသည် ကူးစက်ရောဂါများကင်းစင်ကြောင်း သေချာ‌စေရန် စည်းမျဥ်း သတ်မှတ် ချက်များပါဝင် သည့် လုပ်သားခေါ်ယူရေးလုပ်ငန်းစဥ်တစ်ရပ်ကို ထိုင်းနိုင်ငံ ကိုဗစ်ထိန်းချုပ်ရေး ဗဟိုစင်တာ CCSA မှ အတည်ပြု‌ပေးလိုက်ပြီးဖြစ်ပါတယ်။ CCSA ၏ ပြောရေးဆိုခွင့်ရှိသူ Dr Taweesilp Visanuyothin က…

မြန်မာစစ်တပ်ကျူးလွန်သောအချက်အလက်များထပ်မံပေးပို့ရန် Facebook ကို ကုလတောင်းဆို

မြန်မာစစ်တပ် လူ့အခွင့်အရေးကျူးလွန်ခဲ့သည်က ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ သာ မဟုတ်ပေ။ လွတ်လပ်ရေးရပြီးနောက်ပိုင်း လူနည်းစုတိုင်းရင်းသားများအပေါ် မြန်မာစစ်တပ်ကျူးလွန်ခဲ့သော ရာဇဝတ်မှုများမှ စတင်ရေတွက်မည်ဆိုလျှင် ဆယ်စုနှစ်များစွာကြာခဲ့ပြီဖြစ်သည်။ လူနည်းစုတိုင်းရင်းသားများ နေထိုင်ရာ မြို့ပြကျေးရွာများကို မီးရှို့ခြင်း၊ တိုင်းရင်းသူများကိုမုဒိမ်းကျင့်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းနှင့် သတ် ဖြတ်ခြင်းများကို မြန်မာစစ်တပ်ကျူးလွန်ခဲ့သော်လည်း ထိထိရောက်ရောက်အရေးယူနိုင်ခဲ့ခြင်းမရှိပေ။ ပြည်တွင်း ပြည်ပ မည်သည့်အဖွဲ့အစည်းကမှ အရေးယူနိုင်ခဲ့ခြင်းမရှိသေးသဖြင့် ယခုအချိန်ထိ မြန်မာစစ်တပ်က…

အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး ကိုဗက်ဆင်း (Covaxin) ဆေးသည် ၇၇.၈ ရာခိုင်နှုန်းအထိ အကျိုးအာနိသင်ရှိဟုဆို

နယူးဒေလီ၊ နိုဝင်ဘာ ၁၂ အိန္ဒိယနိုင်ငံအစိုးရ၏ ‌ဆေးဘက်ဆိုင်ရာ သု‌တေသနအေဂျင်စီနှင့် Bharat Biotech International (ဘဟာရက်ဘိုင်အိုတက်) တို့မှ ပူးပေါင်းထုတ်လုပ်သော Covaxin ကာကွယ်ဆေးသည် ကိုဗစ် ရောဂါ လက္ခဏာကို ၇၇.၈ ရာခိုင်နှုန်းအထိ ပျောက်ကင်းစေသည့် အကျိုးအာနိသင်ရှိသည်ဟု The Lacent (သည် လာဆန့်) ဆေးဝါးဂျာနယ်ပါ သုံးသပ်ချက်တွင် ဖော်ပြထားသည်။ Covaxin (ကိုဗက်ဆင်း)…

ညှိနှိုင်းလုပ်ဆောင်မှုပြီးသည့်အခါ မလေးရှား-စင်ကာပူ ကုန်းလမ်းခရီးဆက်သွယ်ရေးပြန်လည်ဖွင့်လှစ်မည်

စင်ကာပူ၊ နိုဝင်ဘာ ၁၁ စင်ကာပူနှင့် မလေးရှားနှစ်နိုင်ငံအကြား လေကြောင်းခရီးသွားများအတွက် ကာကွယ်ဆေးထိုးပြီး ခရီးသွားခြင်းအစီအစဉ်ကို လာမည့် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး လာမည့်ကာလများတွင် နှစ်နိုင်ငံအကြား ပြန်လည်ဖွင့်လှစ်လာမည့် အခြားသော အစီအစဉ်များအတွက် ပထမခြေလှမ်းဖြစ်သည်ဟု မလေးရှားနိုင်ငံက အဆင့်မြင့်အရာရှိတဦးက ပြောလိုက်ပါတယ်။ အဆိုပါပုဂ္ဂိုလ် ပြောကြားချက်အရ မလေးရှားနှင့် စင်ကာပူနိုင်ငံအတွင်းရှိ သက်ဆိုင်ရာ အေဂျင်စီများ သည် ကျန်းမာရေး၊…

ထိုင်းနိုင်ငံ အခြေခံဥပဒေခုံရုံးမှ ဘုရင်အုပ်ချုပ်မှု ဆန့်ကျင်သည့် တက်ကြွလှုပ်ရှားသူများကို စီရင်ချက်ချမည်

ဘန်ကောက်၊ နိုဝင်ဘာ ၁၀ ထိုင်းဘုရင်အုပ်ချုပ်ရေး ပြုပြင်‌ပြောင်းလဲရန်အတွက် တောင်းဆိုဆန္ဒပြသူများကို ထိုင်းတော်ဝင် အင်စတီကျူးရှင်း ဖြုတ်ချရေးကို အကာအကွယ်ပြုထားသည့် စစ်တပ်မှ ရေးဆွဲထားသော ပြဌာန်း ချက်ကို ချိုးဖောက်ခြင်းရှိ မရှိ ထိုင်းနိုင်ငံ၏ အခြေခံဥပဒေဆိုင်ရာခုံရုံးမှ နိုဝင်ဘာလ (၁၀) ရက်နေ့တွင် စီရင်ဆုံးဖြတ်မည်။ အကြီးတန်းအကြံပေးပုဂ္ဂိုလ်သည် ထိုင်း တက်ကြွလှုပ်ရှားသူ ၃ ဦးနှင့် ပတ်သက်သည့် တိုင်တန်းချက်ကို စုံစမ်းစစ်ဆေး‌ရေးအရာထံသို့…