နိုင်ငံတကာ

အင်ဒိုနီးရှားတွင် ခရီးသွားရာဇဝင်မရှိသူထံမှ ပထမဦးဆုံး အိုမီခရွန်ကိုဗစ်ရောဂါပိုးတွေ့

ဂျာကတာ၊ ဒီဇင်ဘာ ၁၆ အင်ဒိုနီးရှားနိုင်ငံတွင် ပထမဦးဆုံး အိုမီခရွန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဥ်ကို စစ်ဆေးတွေ့ရှိထားပြီး နိုင်ငံရပ်ခြားခရီးသွားရာဇဝင်မရှိသူ ဆေးရုံဝန်ထမ်းတဦးထံမှ တွေ့ရှိခဲ့ရသည်ဟု ကျန်းမာရေးဝန်ကြီး ဘူဒီဂူနာဒီဆဒီကင် Budi Gunadi Sadikin မှ ပြောကြားခဲ့သည်။ ကျန်းမာရေးဝန်ကြီး၏ ပြောကြားချက်အရ လူထုအတွင်း ကူးစက်ပျံ့နှံ့မှုကို မတွေ့ရှိရသော်လည်း အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံမှ ပြန်လာသော အင်ဒိုနီးရှားနိုင်ငံသား နှစ်ဦး၊ မာနာဒိုနှင့် မြောက်…

ဒီဇင်ဘာ ၂၀ မှ စတင်ပြီး စင်ကာပူ-မလေးရှားနှစ်နိုင်ငံကြား ကုန်းလမ်းမှ တဆင့် ဝင်ရောက်နိုင်တော့မည်

စင်ကာပူ၊ ဒီဇင်ဘာ ၁၅ စင်ကာပူနှင့် မလေးရှားနှစ်နိုင်ငံအကြား ခရီးသွားလာရေးအတွက် ဆေးထိုးပြီး ခရီးသွားခြင်းအစီအစဉ်ကို ဖွင့်လှစ်သွားမည်ဟု သိရသည်။ ဒီဇင်ဘာလ ၂၀ ရက်နေ့မှစတင်ပြီး စင်ကာပူနိုင်ငံသားများသည် မလေးရှားနိုင်ငံသို့ ဝင်ရောက်နိုင်မည် ဖြစ်သလို မလေးရှားနိုင်ငံသားများလည်း စင်ကာပူနိုင်ငံသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်ဟု ကုန်သွယ်ရေး နှင့် စက်မှုရေးရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ MTI ၏ ထုတ်ပြန်ချက်တွင် စင်ကာပူနှင့် မလေးရှားနိုင်ငံများအတွင်း လက်ရှိသတ်မှတ်ထားသည့်…

အင်ဒိုနီးရှားရောက် ကန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်ကို တုန်ပြန့်သည့် မိန့်ခွန်းပြောကြား

ဂျာကတာ၊ ဒီဇင်ဘာ ၁၄ အာရှဒေသရှိ အမေရိကန်ပြည်ထောင်စု၏ မဟာမိတ်များ၊ လုံခြုံရေးမိတ်ဖက်များနှင့် ပိုမိုအနီးကပ် လုပ်ဆောင်ဖို့ အစီအစဥ်များ ချမှတ်နေသည့် အတောအတွင်း အဆိုပါဒေသအတွင်း ရန်လိုမုန်းထားစွာ ပြုမူလာသော တရုတ်နိုင်ငံ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဝေဖန် ပြောဆိုခဲ့သည်။ ဒီဇင်ဘာ ၁၄ ရက်နေ့ (အင်္ဂါနေ့)၊ ဂျာကတာမြို့တွင် ပြောကြားခဲ့သော အရေးကြီးမူဝါဒရေးရာ မိန့်ခွန်း…

ပစိဖိတ်ဖြတ်ကျော်မဟာမိတ်သဘောတူညီချက်သို့ တရုတ်နှင့် ထိုင်ဝမ်ပြီးနောက် ‌တောင်ကိုရီးယား ထပ်မံပါဝင်လာ

ဆိုးလ်၊ ဒီဇင်ဘာ ၁၃ ဒေသတွင်း အဓိကကျ‌သော စီးပွားရေးဆိုင်ရာ သဘောတူညီချက်အပေါ် နောက်ကောက်မကျနိုင်စေရန် တောင်ကိုရီးယားနိုင်ငံမှ ပြည့်စုံကျယ်ပြန့်ပြီး တိုးတက်သော ပစိဖိတ်ဖြတ်ကျော်မဟာမိတ်ဆိုင်ရာ သ‌ဘောတူညီချက် (Comprehensive and Progressive Agreement for Trans-Pacific Partnership _ CPTPP) ကို ပါဝင်တော့မည်ဖြစ်သည်။ ဘဏ္ဍာရေးဝန်ကြီး Hong Nam-ki (ဟွန်နမ်ကီ) ၏ တနင်္လာနေ့…

ပင်တဂွန်ဖိတ်ကြားမှုဖြင့် ထိုင်းနိုင်ငံကာကွယ်ရေးတပ်ဖွဲ့ အကြီးအကဲ US သို့ ၁၀ ရက်ကြာခရီးရောက်ရှိ

ဘန်ကောက်၊ ဒီဇင်ဘာ ၁၃ ပင်တဂွန်၏ ဖိတ်ကြားမှုကြောင့် ထိုင်းနိုင်ငံကာကွယ်‌ရေးတပ်ဖွဲ့များ၏ အကြီးအကဲ ဗိုလ်ချုပ် Chalermpol Srisawat သည် အမေရိကန်ပြည်ထောင်စုသို့ တရားဝင်အလည်အပတ်ခရီးစဥ်အတွက် ထွက်ခွာသွားပြီဟု သတင်းအရင်းအမြစ်တစ်ခုမှ ပြောကြားခဲ့သည်။ ထိုသတင်းအရင်းအမြစ်၏ ပြောကြားချက်အရ ယခုခရီးစဥ်သည် လွန်ခဲ့သော ၂ နှစ်၊ ကိုဗစ်ကပ်ဘေး ဖြစ်ပေါ်ပြီးနောက် ပထမဦးဆုံးသွားရောက် ခရီးဖြစ်သည်ဟု ပါရှိသည်။ ဗိုလ်ချုပ် Chalermpol နှင့်…

၂၀၂၂ ခုနှစ်တွင် တည်ငြိမ်မှုကိုဦးတည်ပြီး ဖွံ့ဖြိုးရေးကို အတိုင်းအတာတခုအထိ ဆက်လက် ထိန်းသိမ်းသွားမည် ဟု တရုတ်ပြော

ဘေဂျင်း၊ ဒီဇင်ဘာ ၁၁ တရုတ်နိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်တွင် နိုင်ငံ့စီးပွားရေးကို ပိုမိုတည်ငြိမ်စေဖို့ အာရုံထားမည်ဖြစ်သလို ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုးသင့်အကြောင်းသင့်အတိုင်းအတာတစ်ခုထိ ထိန်းထားနိုင်မည်ဟု ထိပ်တန်း ခေါင်းဆောင်များတွေ့ဆုံမှုပြီး‌နောက် သောကြာ‌နေ့တွင် ဆင်ဟွာသတင်းဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ ဆင်ဟွာသတင်းအေဂျင်စီ၏ သတင်းအစီရင်ခံမှုအရ နှစ်စဥ် ဗဟိုစီးပွား‌ရေးဆိုင်ရာ ကွန်ဖရင့်ကို ဒီဇင်ဘာ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပခဲ့ပြီးနောက် ကြေငြာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး…

၂၀၀၅ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အင်ဒိုနီးရှားစစ်သွေးကြွတစ်ဦးကို ထောင်ဒဏ် တသက်တကျွန်းချမှတ်

ဂျာကတာ၊ ဒီဇင်ဘာ ၁၀ ၂၀၀၅ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဈေးတစ်ခုအတွင်း ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၂ ဦးသေဆုံးခဲ့ပြီး အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်သည့် ကျူးလွန်သူကို ရှာဖွေဖမ်းဆီးပြီး အင်ဒိုနီးရှားရုံးတော်မှ ထောင်ဒဏ် တသက်တကျွန်းချမှတ်ခဲ့ပါသည်။ Upik Lawanga ဟု အမည်ရသော အဆိုပါစစ်‌သွေးကြွပုဂ္ဂိုလ်သည် အယ်လ်ကိုင်ဒါ (Al-Qaeda) နှင့် အချိတ်အဆက်ရှိသော အရှေ့တောင်အာရှအကြမ်းဖက်အဖွဲ့ဖြစ်သည့် Jemaah Islamiah…

တရုတ်နှင့်ဆက်ဆံရေးကြောင့် အမေရိကန်ပြည်ထောင်စုမှ ကမ္ဘောဒီးယားနိုင်ငံအပေါ် လက်နက်ရောင်း ချမှု ပိတ်ပင်

ဖနွမ်ပင်၊ ဒီဇင်ဘာ ၉ မြန်မာ့စစ်တပ်အုပ်ချုပ်ရေးကို အဆက်မပြတ်ဖိအားပေးနိုင်ရန် တိုက်တွန်းဖို့ အမေရိကန်ပြည်ထောင်စု ၏ အဆင့်မြင့်အစိုးရအရာရှိတစ်ဦးအား အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံသို့ စေလွှတ်သည့်နေ့ မတိုင်ခင်တွင် အမေရိကန်ပြည်ထောင်စုသည် ကမ္ဘောဒီးယားနိုင်ငံအား တရုတ်နှင့်ဆက်စပ်ပတ်သက်မှု၊ လူအခွင့်အရေးချိုးဖောက်မှုများကြောင့် လက်နက်ရောင်းချမှုကို ပိတ်ပင်လိုက်ပါသည်။ အမေရိကန်ပြည်ထောင်စု ကူးသန်းရောင်းဝယ်ရေးဌာနသည် ဒေသတွင်းလုံခြုံရေးကို အနှောက်အယှက် ပေးသည့်အပြင် ခြိမ်းခြောက်မှုများကိုပါဖြစ်စေသည့် တရုတ်စစ်တပ်၏ လွှမ်းမိုးမှုကို နက်ရှိုင်းစွာ တုံ့ပြန်ရန် ကမ္ဘောဒီးယား နိုင်ငံအတွင်း…

အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံသို့ ကန်နိုင်ငံခြားရေးဝန်ကြီးလာရောက်မည်

ဂျာကတာ၊ ဒီဇင်ဘာ ၈ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် လာမည့် သီတင်းပတ်တွင် အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ လာရောက်ရန်ရှိပြီး တရုတ်လွှမ်းမိုးမှုကို ကြီးစွာခံနေရသည့် အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့အစည်းနှင့် ဂျိုးဘိုင်ဒန်အုပ်ချုပ်ရေးအကြား စေ့စပ်မှုကို အရှိန်အဟုန် မြှင့်တင်ရန်အတွက်ဖြစ်သည်ဟု ဆိုသည်။ အင်ဒိုနီးရှားနိုင်ငံ၏ အမေရိကန်နှင့် ဥရောပရေးရာ အထွေထွေဒါရိုက်တာI Gede Ngurah Swajaya သည် (ဒီဇင်ဘာ…

စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ကမ္ဘောဒီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိ

ဖနွမ်ပင်၊ ဒီဇင်ဘာ ၇ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံပုန်ကန်ရေးလှုံ့ဆော်မှုနှင့် ကိုဗစ် ၁၉ ဥပဒေကို ချိုးဖောက်မှုအတွက် ထောင် ဒဏ်အမိန့်ချမှတ်ခဲ့သော မြန်မာစစ်အစိုးရသည် တစ်ကမ္ဘာလုံးထံမှ ပြစ်တင်ရှုတ်ချမှုကို လက်ခံရရှိပြီး နောက်တနေ့တွင် မြန်မာစစ်တပ်မှခန့်အပ်တာဝန်ပေးသည့် နိုင်ငံခြားရေးဝန်ကြီးဝဏ္ဏမောင်လွင်သည် အင်္ဂါ နေ့တွင် ကမ္ဘောဒီးယားနိုင်ငံသို့ရောက်ရှိလာပြီး တွေဆုံဆွေးနွေးမှုတစ်ရပ်ကို ကျင်းပခဲ့သည်ဟု သိရသည်။ ဝဏ္ဏမောင်လွင်သည် ဖနွမ်ပင်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော် (Peace Palace) ၌…