နိုင်ငံတကာ

နိုင်ငံတကာခရီးသွားဧည်သည့်များအတွက် ဘာလီကျွန်းကို ပြန်ဖွင့်လှစ်မည်

ဘာလီ၊ ဖေဖော်ဝါရီ ၁ သုံးလကျော်ကြာ ရွေးချယ်ကန့်သတ်ထားသည့် နိုင်ငံခြားသားများကိုသော ဝင်ရောက်ခွင့်ပေးသော အင်ဒိုနီးရှားနိုင်ငံ၏ အားလပ်ရက်အပန်းဖြေ ကျွန်းတစ်ခုဖြစ်သည့် ဘာလီကျွန်းကို ယခုသီတင်းပတ် နောက်ပိုင်းတွင် နိုင်ငံအားလုံးမှ လာရောက်ကြမည့် ခရီးသွားဧည့်သည်များအတွက် ပြန်လည်ကြိုဆို လက်ခံသွားမည်ဟု အာဏာပိုင်များမှ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ပြောကြားလိုက်သည်။ အောက်တိုဘာလ အလယ်ပိုင်းမှ စတင်၍ တရုတ်၊ နယူးဇီလန်နှင့် ဂျပန် စသည့်နိုင်ငံများမှ…

ဆီယိုဖိတ်မှုများက ထိုင်းနိုင်ငံအရှေ့ဘက်ရှိ သန္တာကျောက်တန်းများကို ခြိမ်းခြောက်လျှက်ရှိ

ဘန်ကောက်၊ ဇန်နဝါရီ ၃၁ ထိုင်းနိုင်ငံအ‌ရှေ့ဘက်ပိုင်းရှိ ယိုဖိတ်နေသော ဆီယိုကွက်များကြောင့် သန္တာကျောက်တန်းများကို ပျက်ဆီး မှု ဖြစ်ပေါ်ခြင်းမှ ကာကွယ်နိုင်ရန် အာဏာပိုင်များအနေဖြင့် အပူတပြင်း ‌ဆောင်ရွက်နေပြီး အဆိုပါ ဆီယိုကွက်များသည် လွန်ခဲ့သော ရက်သီတင်းပအတ်အတွင်း ဖြစ်ပေါ်ခဲ့ကာ ကျယ်ပြန့်သော ကမ်းရိုး တန်း ဧရိယာများဆီသို့ စီးမျောသွားနေခဲ့သည်။ သဘာဝအရင်းအမြစ်များနှင့် ပတ်ဝန်ကျင်ရေးရာ ဝန်ကြီး ဗာရာဝတ် ဆီလ်ပါအာချာက ဆီယိုကွက်၏…

ထိုင်း PPRP ပါတီမှ ဖယ်ရှားခံရသည့် ပါလီမန်အမတ်များ ဆေဒကစ်ထိုင်းပါတီသို့ ဝင်ရောက်ရန် လျှောက်ထား

ဘန်ကောက်၊ ဇန်နဝါရီ ၃၁ ထိုင်းအာဏာရပါတီ ဖလန် ဖရာချာရတ် ပါတီ (PPRP) မှ ထုတ်ပယ်ခံရသည့် ပါလီမန်အမတ် ၁၈ ဦးသည် ဆေဒကစ်ထိုင်းပါတီ (ထိုင်းစီးပွားရေးပါတီ) သို့ ဝင်ရောက်ရန်အတွက် တရားဝင်လျှောက်ထားခဲ့သည်ဟု သိရသည်။ ထိုင်းပါလီမန်အတွင်းရှိ သတင်းရင်းမြစ်တစ်ခု၏ ပြောကြားချက်အရ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဆေဒကစ် ထိုင်းပါတီသည် အဆိုပါ ပါလီမန်အမတ် ၁၈…

မြန်မာနိုင်ငံ၌ အကြမ်းဖက်မှု အခြေအနေများ ပိုမို ဆိုးရွားလာသည်ဟု ကုလတံခါးပိတ်အစည်းအဝေး တွင် တရုတ်ပြောဆို

ဝါရှင်တန်ဒီစီ၊ ဇန်နဝါရီ ၂၉ ကမ္ဘာကြီးအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ပိုမိုဆိုးရွားလာသော အကြမ်းဖက်မှုနှင့် ပြည်တွင်းစစ်ကို တားဆီးနိုင်ဖို့ရန်အတွက် အလုပ်လုပ်သင့်သည်ဟု တရုတ်နိုင်ငံသံအမတ်က ကုလသမဂ္ဂသို့ သောကြာနေ့ တွင် ပြောကြားခဲ့သည်။ အချိန် ၂ နာရီကြာမြင့်သည့် လုံခြုံ‌ရေးကောင်စီအစည်းအဝေးအပြီးတွင် ဇန်းကျွင်း မှ သတင်းထောက် များသို့ ‌ပြောကြားရာ၌ “အဲ့ဒါကသာ ကျွန်ုပ်တို့စိတ်ထဲ ထည့်ထားရမယ့် မူလဦးတည်ချက်ဖြစ်ပါတယ်” ဟု ပါရှိသည်။…

မြန်မာနိုင်ငံရှိ အကြီးမားဆုံးဂက်စ်လောင်စာလုပ်ကွက်ကို ထိုင်းနိုင်ငံ၏ PTTEP မှ လက်လွှဲယူရန်ပြင်ဆင်

ဘန်ကောက်၊ ဇန်နဝါရီ ၂၉ မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုနှင့်အတူ နောက်ကြောင်းပြန်ဆွဲသွားသော အခြေအနေအတွင်း Total Energies နှင့် Chevron ကော်ပိုရေးရှင်း တို့ ထွက်ခွာသွားပြီးနောက် မြန်မာ့အကြီးဆုံး ဂက်စ်လောင်စာ လုပ်ကွက်ကို ထိုင်းနိုင်ငံပိုင် လောင်စာဆီနှင့် ဓါတ်ငွေ့ ထုတ်ဖော်‌‌ရေးလုပ်ငန်းစုမှ လက်လွှဲရယူရန် ပြင်ဆင်နေသည်ဟု သတင်းရင်းမြစ်တွေက ဆိုသည်။ ရတနာ ဂက်စ်လုပ်ကွက်တွင် အစုရှယ်ယာ ၂၅.၅ ပိုင်ဆိုင်ထားပြီးသော…

ထိုင်းနိုင်ငံတွင် အိုမီခရွန် ထပ်ဆင့်မျိုးကွဲကူးစက်ခံရသူ ၁၄ ဦးထိရှိပြီး တစ်ဦးသေဆုံး

ဘန်ကောက်၊ ဇန်နဝါရီ ၂၇ ထိုင်းနိုင်ငံတွင် အိုမီခရွန်ထပ်ဆင့်မျိုးကွဲ BA.2 ကူးစက်ခံရသူ ၁၄ ဦးအထိရှိပြီး တစ်ဦးသေဆုံးခဲ့သည်ဟု ဆေးဝါးသိပ္ပံဆိုင်ရာဦးစီးဌာနမှ အထွေထွေဒါရိုက်တာ ဒေါက်တာ ဆူဖာကစ် ဆီရီလက်က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သည်။ အိုမီခရွန် BA.2 သည် PCR နည်းလမ်း အသုံးပြုပြီး ဒယ်လ်တာမျိုးကွဲများနှင့် နှိုင်းယှဥ်ရာတွင် အခက် အခဲများရှိသောကြောင့် “ကိုယ်ပျောက်မျိုးကွဲ”ဟု အမည်ပြောင်ခေါ်ဝေါ်ရခြင်းဖြစ်သည်။ BA.2…

ထိုင်းနိုင်ငံတွင် ခရစ်ပ်တိုကဲ့သို့သော ဒစ်ဂျစ်တယ်တန်ဖိုး ပိုင်ဆိုင်မှုများကို စည်းမျဥ်းစည်းကမ်းများ အတိုင်းဖြစ်စေရေးအတွက် ဆောင်ရွက်မည်

ဘန်ကောက်၊ ဇန်နဝါရီ ၂၆ ထိုင်းနိုင်ငံတွင် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို Crypto နည်းလမ်းဖြင့် အသုံးပြုပေးနိုင်ရန် ပံ့ပိုး ဆောင်ရွက်ပေးသည့် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများနှင့် ဆက်စပ်သော အော်ပရေတာများကို တားမြစ်ရန် အတွက် စီစဥ်ထားသည်ဟု နိုင်ငံ့ ဗဟိုဘဏ်နှင့် ဈေးကွက်ဆိုင်ရာ စည်းမျဥ်းပြဌာန်းသူများမှ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ဒစ်ဂျစ်တယ်တန်ဖိုး/ပိုင်ဆိုင်မှု လုပ်ငန်းရှင်များသည် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် အသုံးချပေးချေမှုများ နှင့် ဆက်စပ်သော ဝန်ဆောင်မှုလုပ်ငန်းများကို…

လေးကြိမ်မြောက် ကာကွယ်ဆေးထိုးနှံရေးအတွက် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ အဆိုပြု

ဘန်ကောက်၊ ဇန်နဝါရီ ၂၃ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနသည် ရှေ့တန်းဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ စေတနာ့ဝန်ထမ်း အုပ်စု အဖွဲ့များနှင့် အခြေခံကျန်းမာရေးပြဿနာရှိသူများကို လေးကြိမ်မြောက် ကာကွယ်ဆေးထိုးနှံရေး ကို အတည်ပြုပေးဖို့ CCSA ကို မေးမြန်းထားပြီးဖြစ်သည်။ ကူးစက်မှုနှုန်းမြင့်မားသည့် ခရိုင် ၆ ခုနှင့် ခရီးသွားဧည်သည့်များ ဦးတည်သွားရောက်သည့် နေရာ ၄ ခုတွင် ပါဝင်ဖွဲ့စည်းသော ခရိုင် ၁၀ ခုကို…

တောင်တရုတ်ပင်လယ်အတွင်း ဝင်‌ရောက်လာသော အမေရိကန်စစ်သင်္ဘောကို ပြန်ထွက်ခွာရန် တရုတ်အစိုးရ သတိပေး

ဘေဂျင်း၊ ဇန်နဝါရီ ၂၁ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် တောင်ပိုင်း‌အော်ပရေးရှင်းကွပ်ကဲရေးက USS Benfold သည် တရုတ်နိုင်ငံပိုင် ရေနယ်နိမိတ်တွင်းသို့ ခွင့်ပြုချက်မရှိဘဲ တရားမဝင် ရွက်လွှင့်လာခဲ့ပြီး နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးနှောက်ယှက်ခဲ့သလို တရုတ် ရေတပ်နှင့် လေတပ်များမှ ထိုသင်္ဘောကို ခြေရာခံ လိုက်ပါခဲ့ကြသည်ဟု ပြောကြားခဲ့သည်။ “ကျွန်ုပ်တို့သည် အမေရိကန်ပြည်ထောင်စုဘက်မှ ထိုကဲ့သို့ တမင်တကာ လှုံဆော်ပြုမူသော လုပ်ဆောင်…

ထိုင်းနိုင်ငံ၏ Test and Go အစီအစဥ်ပြန်လည်စတင်မည်

ဘန်ကောက်၊ ဇန်နဝါရီ ၂၀ ထိုင်းနိုင်ငံ၏ Test and Go အစီအစဥ်ကို များမကြာမီ ပြန်လည်မိတ်ဆက်သွားမည်ဖြစ်ပြီး ထိုအစီအစဥ် အရ ပြည်ဝင်ခွင့် စည်းမျဥ်းအချို့ကို ပြောင်းလဲသတ်မှတ်ပြီး ဆိုက်ရောက်ခရီးသည်များ၏ ကျန်းမာရေးကို အနီးကပ် စောင့်ကြည့်ဖို့ ခွင့်ပြုပေးသွားမည်ဟု CCSA၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အကြီးအကဲ ဗိုလ်ချုပ် ဆူပို့ချ်မှ ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံအမျိုးသား လုံခြုံရေးကောင်စီ၏ အတွင်းရေးမှူးလည်းဖြစ်သော ဗိုလ်ချုပ်…