သတင်းဆောင်းပါး

မိုးပေါ်ပျံနေတဲ့ ကုန်ဈေးနှုန်းနဲ့ အသက်ရှုမဝ အောက်စီဂျင်ပြတ်လာနေသော ပြည်သူများ

ရန်ကုန် မိသားစုဝင် ငါးယောက်မှာ ဝင်ငွေရ အလုပ်လုပ်နေသူ နှစ်ဦးသာ ဒေါ်ယမင်းတို့အိမ်တွင်ရှိသည်။ အသက် ၅၀ အရွယ် ဒေါ်ယမင်းက ဈေးဝယ်၊ ချက်ပြုတ် အိမ်အလုပ်ကို လုပ်ရသည့် အိမ်ရှင်မ။ ဒီနေ့လည်း ခါတိုင်းလိုပင် မနက်စောစောစီးစီး နိုးလာခဲ့သည်။ မိမိအလုပ်က မနက်စောစောဈေးသွား အလုပ်သွားမယ့် သားနဲ့သမီးအတွက် ထမင်းချိုင့်အမီ ချက်ပြုတ်ပေးလိုက်ရမည်။ ဈေးနဲ့အိမ်က အတန်ငယ်လှမ်းတာကြောင့် စောစောထ၊ မြန်မြန်သွား…

“အလုပ်သမားတွေ ကျွန်ပြုခံနေရတယ်”

ရန်ကုန် ၊ ဇူလိုင် (၂) စစ်တပ် အာဏာသိမ်းပြီးကတည်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဆိုးဆုံးဖြစ်လာတဲ့ မြန်မာနိုင်ငံမှာ အလုပ်သမား အခွင့်အရေး ဆိုတာလည်း ပျက်သုဉ်းလု ဖြစ်သွားခဲ့ပြီး အလုပ်ရှင်တွေရဲ့ ဖိနှိပ်မှုကို ဘက်ပေါင်းစုံက ကြုံတွေ့နေရတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေနဲ့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမားတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အခြေခံ အကျိုးခံစားခွင့်တွေ မရတာ၊ အချိန်ပိုကြေး မရတာ၊…

မိခင်စကား ရှင်သန်မှ ယဉ်ကျေးမှုစုံ ပညာရေးအသက်ဝင်မည်

မိခင်ဘာသာစကားအခြေပြု ဘာသာစကားမျိုးစုံပညာရေး Mother tongue-based multilingual education သည် အဘယ်ကြောင့် အရေးကြီးပါသနည်း။ ပြုပြင်ပြောင်းလဲမယ့် မြန်မာ့ပညာရေးဟာ အသွေးအရောင်စုံယဉ်ကျေးမှုပညာရေး ဖြစ်ဖို့ဆိုရင် MTB-MLE ဟာ အခရာတစ်ချက်ဖြစ်တယ်။ အထူးသဖြင့် ဖက်ဒရယ်ပညာရေးအတွက် မိခင်ဘာသာစကားအရေးကို အဦးအစ ထည့်သွင်းစဉ်းစားရပါမယ်။ အာရှဘာသာစကားမျိုးစုံအလုပ်အဖွဲ့ရဲ့ တာ၀န်ရှိသူတစ်ယောက်အမြင်ကို ဘာသာပြန်ဖေါ်ပြလိုက်တယ်။ အထက်ပါမေးခွန်းမှာ အာရှဘာသာစကားမျိုးစုံပညာရေး အလုပ်အဖွဲ့၏ ကိုအောဒီနိတ်တာအနေဖြင့် ကျွန်တော် တာဝန်ထမ်းဆောင်နေခဲ့စဉ်…

၇၅ ကြိမ်မြောက် မွန်အမျိုးသားနေ့မှ နိုင်ငံရေးအမြင်သဘောထားများ

၂၀၂၂ ခု ဖေဖော်ဝါရီလ(၁၆) ရက်သည်(၇၅)ကြိမ်မြောက် မွန်အမျိုးသားနေ့ပြီး မွန်တစ်မျိုးသားထုတစ်ရပ်လုံး၏ တန် ဖိုးမဖြတ်နိုင်သော နေ့ထူးနေ့မြတ် ဖြစ်သည်၊ သမလ၊ဝိမလ ညီနောင်နှစ်ပါး ဟံသာဝတီမွန်နိုင်ငံတော် ထူထောင်ခဲ့သည့် သာသနာသက္ကရာဇ် ၁၁၁၆ ခု တပို့တွဲလပြည့်ကျော်(၁)ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး အမျိုးသားနေ့အခမ်းအနားကို စည်းကားသိုက်မြိက်စွာ ကျင်းပလာခဲ့ကြသည်မှာ ယနေ့ဆို (၇၅)နှစ် ပြည့်ပြီး ဖြစ်သည်။ မွန်လူမျိုးတို့၏ အမျိုးဂုဏ်၊ ဇာတိသွေး၊…

စိန်ခေါ်မှုတွေကြားက ပြန်လည်ရုန်းထွက်လာတဲ့ ကော်သူးလေပညာရေး

ဒူးပလာယာ – ၂၀၂၂ ဇန်နဝါရီ (မော်ကွန်း) နေရောင်ခြည်တိုးမပေါက်လောက်အောင် သစ်ပင်တွေအုံ့ဆိုင်းနေတဲ့တောလမ်းလေးထဲမှာ တချို့က အဖြူနဲ့အစိမ်း၊ တချို့ကအဖြူနဲ့အပြာ၊ တချို့က ကရင်ရိုးရာဝတ်စုံတွေ ဝတ်ဆင်ထားကြတဲ့ လွယ်အိတ်ကိုယ်စီနဲ့ကလေးငယ်တွေဟာ အချင်းချင်းစနောက်ပြေးလွှားကစားရင်း စာသင်ကျောင်းဆီ ဦးတည်သွားနေကြတယ်။ ကျောင်းတက်ခေါင်းလောင်းထိုးတဲ့အခါမှာတော့ ဘောလုံးကွင်းတစ်ကွင်းစာကျယ်တဲ့ ကျောင်းရှေ့မျက်နှာစာမှာ တလူလူလွှင့်ထူထားတဲ့ ကရင့်အလံကို ဆရာတွေနဲ့ကျောင်းသားတွေဟာ တန်းစီအလေးပြုကြတယ်။ အဲဒီနောက်မှာတော့ ကော်သူးလေနိုင်ငံတော်သီချင်းကို စကောကရင်ဘာသာစကားနဲ့ ရွတ်ဆိုကြပါတော့တယ်။ ဒါဟာ ကရင်အမျိုးသားအစည်းအရုံး…

စီးပွားရေးကြပ်တည်းမှုထဲ ထပ်မံတွန်းပို့မဲ့ ဆိုက်ဘာဥပဒေမူကြမ်း

မြန်မာ့ဆိုရှယ်မီဒီယာပလက်ဖောင်းများကို ပိတ်ပင်တားမြစ်ပြီး အင်တာနက် privacy ထိခိုက်စေသောဥပဒေအားပြန်လည်အသက်သွင်း ရန် စစ်ကောင်စီကကြိုးပမ်းလျက်ရှိနေေသာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဝေဖန်လျက်ရှိနေသည်။ လူသိရှင်ကြားထုတ်ပြန်ထားခြင်းမရှိသော်လည်း Asia Times သို့ပေါက်ကြားလာသော တရားဝင်စာရွက်စာတမ်းတစ်ခုအရ Virtual Private Network (VPNs) ကို ရာဇဝတ်မှုဖြစ်စေသည့် ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းကိုအဆိုပြုကာ အွန်လိုင်းလောင်းကစားနှင့် Data localization လုပ်ပိုင်ခွင့်ကိုလည်း တားမြစ်ထားသည်။ ၎င်းဥပဒေမူကြမ်းတွင် ခွင့်ပြုချက်မရှိဘဲ VPN…

နိုင်ငံတဝန်း စစ်ရေးအရှိန်မြှင့်နေသည့် စစ်တပ် (သို့)ကယောင်ချောက်ချား ဖြစ်လာသည့် စစ်ကောင်စီ

လက်နက်ကိုင် တော်လှန်ရေးကြောင့် ၂၀၂၁ ခုနှစ် တစ်နှစ်လုံး နိုင်ငံတဝန်း စစ်မျက်နှာစာများတွင် စစ်ရေးအရ အထိနာခဲ့ပြီး နယ်မြေစိုးမိုးမှု မလုပ်နိုင်ခဲ့သော စစ်တပ်သည် ယခု ၂၀၂၂ ခုနှစ် နှစ်ဦးပိုင်း ကစပြီး စစ်ရေးဗျူဟာ ပြောင်းကာ စစ်ရှိန် မြှင့်လာခဲ့သည်။ စစ်ကောင်စီ အုပ်ချုပ်မှုအောက် ရောက်မနေသော စစ်ကိုင်းတိုင်း၊ လက်နက်ကိုင် တော်လှန်မှုတွင် စစ်တပ်ကို အထိ နာစေသော…

အစားအသောက် ဝန်ဆောင်မှု တော်လှန်ရေး

အသက်(၆၀)အရွယ် အသားဖြူဖြူ အပြုံးချိုချိုနှင့် အမေထားတစ်ယောက် အိမ်ရှေ့ဧည့်ခန်းမှာ သူမဖုန်းကိုဖွင့်ကာ ဖေ့ဘွတ်စ်ကို အပေါ်ပွတ် အောက်ဆွဲရင်း ဝမ်းသာပီတိဖြစ်ပြီး ကျေနပ်နေပါတယ်။ မြင့်တက်လာတဲ့ ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် အမေထားတစ်ယောက် အပြင်ထွက်လည်လို့မရတော့ဘဲ တနေ့ တနေ့ အချိန်တွေကို သူမ အိမ်ရှေ့ ဧည့်ခန်းမှာပဲ ဖြတ်သန်းနေရတာ ရက်အတော်ကြာပြီး ဖြစ်ပါတယ်။ မော်လမြိုင်သူပီပီ အစားသောက်တွေအပေါ် ဝါသနာကြီးတဲ့ အမေထားဟာ လမ်းထိပ်က…

မလုံခြုံတော့တဲ့ မြို့ပြလူနေမှုဘဝ

အချိန်က ည (၈)နာရီ ၊ ပေါင်မြို့ရဲ့ လမ်းမတွေဟာ တိတ်ဆိတ်ခြောက်ကပ်နေပြီး အတော်ကြာမှ ဆိုင်ကယ်တစ်စီးစ ၊ နှစ်စီးစ ဖြတ်သွားတာကို တွေ့ရတယ်။ လမ်းမကြီး တစ်လျှောက်မှာလည်း ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မရှိနေဘဲ အချို့အိမ်တွေကတော့ မီးတွေ မှိတ်ထားကြပြီး တိတ်ဆိတ်လျက်။ ရန်ကုန်-မော်လမြိုင်လမ်းမှာရှိတဲ့ ပေါင်မြို့ဟာ ယခင်က အခုလို မဟုတ်။ ညနက်ချိန်ရောက်သည့်တိုင် ကုန်တင်ကားတွေ ၊…

ကိုဗစ်ကာလ လိင်လုပ်သားတွေရဲ့ ဘဝ

အသက်(၃၄)နှစ် အရပ်ပုပု အသားညိုညိုနှင့် မစုသက် (အမည်လွှဲ)တစ်ယောက် သူ့ရှေ့က လျှော်လက်စ အဝတ်ပုံကို ကြည့်ပြီး သက်ပြင်းပူကြီးကို “ဟင်းခနဲ” မြည်အောင် မှုတ်ထုတ်လိုက်ပါတယ်။ ဇင်းကျိုက်မြို့ရဲ့ မွန်းတည့်ချိန် နေပူပူအောက်မှာ အဝတ်လျှော်နေရင်း သူ့ရဲ့ ရှေ့ရေးကို တွေးပြီး ဦးခေါင်းပေါ်က နေမင်းကြီးလို ပူလောင်လာလို့ သက်ပြင်းတွေ ခဏခဏချနေမိတာ ဖြစ်ပါတယ်။ မကွေးဇာတိဖြစ်တဲ့ မစုသက်ဟာ မွန်ပြည်နယ် မော်လမြိုင်မြို့ကို…