ရေဖြူမြို့နယ်ကံပေါက်မှာ အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦး ပစ်ခတ်ခံရ
ရေဖြူ၊ ဇန်နဝါရီ(၂၆) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ ဇန်နဝါရီ ၂၅ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦး ပစ်ခတ်ခဲ့တာကြောင့် ၁ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့မနက် ၁၀ နာရီလောက်မှာ ကံပေါက်ဒေသ ဇာဒီကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးအေးဟန်ကို…