ပုပ်ရဟန်းမင်းကြီး အသစ်ကို ကမ္ဘာ့နိုင်ငံတွေနဲ့ဘာသာရေး ခေါင်းဆောင်တွေ ဂုဏ်ပြု
ဗာတီကန် စီးတီး၊ မေ ၉ ပုပ်ရဟန်းမင်းကြီးအသစ် လီယို ၁၄ ကို ကမ္ဘာတဝန်းရှိ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ဘာသာရေး ခေါင်းဆောင်တွေက ချီးကျူးဂုဏ်ပြုပြီး ဆုတောင်းမေတ္တာ ပို့သလိုက်ကြပါတယ်။ ရောဘက် ပရီဗို့စ်ဟာ ကက်သလစ်ဘုရားကျောင်း ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရတဲ့ မြောက်အမေရိကမှာ မွေးဖွားတဲ့ ပထမဆုံးသော ပုပ်ရဟန်းမင်းကြီး ဖြစ်လာမှာ ဖြစ်ပါတယ်။ ချီကာဂိုမှာ မွေးဖွားခဲ့သူ ပရီဗို့စ်ဟာ ပြုပြင်ပြောင်းရေးသမားအဖြစ် ရှုမြင်ခံရကာ…