သတင်း

ကော့ကရိတ်မှာ လက်နက်ကြီးကျလို့ လှိုင်ကွယ်ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

ကော့ကရိတ်၊ မေ ၁၀ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် လှိုင်ကွယ်ကျေးရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လှိုင်ကွယ်ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူခဲ့တယ်လို့ ဒေသလူမှုကူညီရေးအဖွဲ့ဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ မေ ၉ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ လှိုင်ကွယ်ကျေးရွာဘုန်းကြီးကျောင်းပေါ်ကို လက် နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းပေါ်ရှိနေတဲ့ဆရာတော် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီနောက် လက်နက်ကြီးကျည်စထိမှန်ခဲ့တဲ့ သက်တော် ၅၆…

စစ်အာဏာသိမ်း (၁၅၅၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၆၂၁) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၁၀ AAPP ရဲ့ မေ ၉ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၅၉) ရက်အတွင်း ပြည်သူ (၆၆၂၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၁၃၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၉၄၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

စစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီ တပ်အင်အား သောင်းနဲ့ချီတိုးလာ

မော်လမြိုင် ၊ မေ ၁၀ စစ်သည်အင်အားလိုအပ်ချက်အရ စစ်ကောင်စီ အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်တွေကို အတင်းအဓမ္မ နည်းမျိုးစုံ စုဆောင်းပြီး စစ်မှုထမ်းသင်တန်းတွေကနေ အင် အားသောင်းနဲ့ချီ ရရှိလာနေပါတယ်။ နိုင်ငံ့ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ဖို့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက စစ်မှု ထမ်းသင်တန်း အပတ်စဉ် ၁ ကနေ ၁၀ အထိ သင်တန်းဆင်းပြီးတဲ့ တပ်သားအရေအတွက် ငါးသောင်းလောက်…

မွန်နဲ့ပဲခူးအစပ် တိုက်ပွဲကြောင့် သောင်းနဲ့ချီတဲ့ စစ်ရှောင်တွေ အရေးပေါ်ကူညီ လိုအပ်နေ

ပဲခူး၊ မေ ၁၀ မွန်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ်မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သောင်းနဲ့ချီတဲ့ စစ်ရှောင်ပြည်သူတွေ အရေးပေါ် ကူညီလိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ဒုတိယအပတ်ကစလို့ မွန်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ် ရွှေကျင်မြို့နယ် ကွမ်းဆိပ်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၅၉၈ ခြေမြန်တပ်ရင်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲရာကနေ နှစ်ဖက်တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာပါ။…

တောင်ငူ-သံတောင်ကြီးလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေ

တောင်ငူ၊ မေ ၁၀ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ် တောင်ငူ-သံတောင်ကြီး ကားလမ်းပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်က သွားလာလှုပ်ရှားသွားလာမှုကြောင့် မေ ၁ ရက်နေ့ကစပြီး တောင်ငူမြို့ကို ကားတွေ သွားလာတာတွေမပြုလုပ်ဖို့ KNU တပ်မဟာ ၂ လက်အောက်ခံ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်…

ထိုင်း-မြန်မာနယ်စပ် ထီးခီးဒေသတစ်ခုလုံးကို KNU ပြန်လည်သိမ်းပိုက်

ထားဝယ်၊ မေ ၁၀ ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ထီးခီးဒေသတစ်ခုလုံးကို အ လုံးစုံ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက မေ ၉ ရက်နေ့မှာ တရားဝင်အတည်ပြုကြေညာပါတယ်။ ထီးခီးဒေသအတွင်းရှိ စစ်ကောင်စီရဲ့ ထီးထဗျူဟာစခန်းကို ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့၊ ထီးခီးဗျူဟာစခန်းကို မေ ၉ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…

အိန္ဒိယ-ပါကစ္စတန်စစ်ပွဲ မိမိတို့နဲ့ မသက်ဆိုင်ဘူးလို့ အမေရိကန် ပြော

ဝါရှင်တန်၊ မေ ၉ ပါကစ္စတန်နဲ့အိန္ဒိယတို့ တင်းမာမှု အရှိန်လျှော့ချရေး လုပ်ဆောင်ရမှာ ဖြစ်ကြောင်း၊ အဲဒီ နျူကလီးယား လက်နက်ပိုင်ဆိုင်ထားတဲ့ အာရှ အိမ်နီးချင်း နှစ်နိုင်ငံကို အမေရိကန်အနေနဲ့ မထိန်းချုပ်နိုင်ကြောင်း အမေရိကန် ဒုသမ္မတ ဂျေဒီ ဗင့်စ်က မေ ၈ ရက်မှာ ပြောကြားလိုက်ပါတယ်။ အဲဒီ နှစ်နိုင်ငံကြား ဖြစ်ပွားတဲ့ စစ်ပွဲဟာ အမေရိကန်နဲ့ သက်ဆိုင်မှာ…

အမေရိကန်ကို ဆန့်ကျင်ဖို့ သံမဏိ မိတ်ဆွေတွေလို လက်တွဲသွားမယ်လို့ ပူတင်နဲ့ ရှီကျင့်ဖျင် ကတိပြု

မော်စကို၊ မေ ၉ အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှုကို ထိထိရောက်ရောက် တားဆီးရေးနဲ့ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို နောက်တစ်ဆင့် တိုးမြှင့်ရေး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ မေ ၈ ရက်က ကတိပြုခဲ့ကြပြီး မိမိတို့နှစ် နိုင်ငံအနေနဲ့ သံမဏိမိတ်ဆွေတွေလို ဖြစ်သင့်တယ်လို့ ပြောကြားခဲ့ကြပါတယ်။ ကရင်မလင် နန်းတော် ဆွေးနွေးမှုအတွင်း အမေရိကန် ကြီးစိုးမှု…

ကျွန်းစုတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦး အပါအဝင် ၂၀ ဦးသေဆုံး

ကျွန်းစု၊ မေ ၉ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ဝါရစ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ရှေ့တန်းစခန်း ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား ၂၀ ဦး သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ တနင်္သာရီမြို့နယ်နဲ့ ကျွန်းစုမြို့နယ်အစပ်ရှိ ဝါရစ် ပိန်းတောပြင် ရှေ့တန်းတပ်စခန်းကို ပြီးခဲ့တဲ့ မေ ၆ ရက်နေ့ မနက် ၆…

အပစ်ရပ်ကြေညာပေးမယ့် စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် နောင်ချိုမှာ တိုက်ပွဲဖြစ်

နောင်ချို၊ မေ ၉ အပစ်ရပ်ကြေညာထားပေမယ့် ရှမ်းပြည်နယ် နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မေ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့ နေရာတွေမှာ ထိုးစစ်တွေ ပြုလုပ်မှာမဟုတ်ဘဲ နောက်ထပ် တစ်လ တစ်ဖက်သတ်…