Covid 19

ကိုဗစ်အတည်ပြုလူနာအတွက် တစ်ရက်ကုန်ကျစရိတ် ကျပ်(၅၀၀၀၀)ကျော် ရှိ

မော်လမြိုင် ၊ ဇန်နဝါရီ (၂၅) ကိုဗစ်အတည်ပြုလူနာတစ်ဦးအတွက် တစ်ရက်တာ ဆေးကုသစရိတ်ဟာ ပျှမ်းမျှ (၅)သောင်းကျပ် ဝန်းကျင် ရှိနေပါတယ်။ မွန်ပြည်နယ်မှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို မော်လမြိုင်က ဆေးရုံ (၃)ခုနဲ့ သထုံက ဆေးရုံ(၁)ခုတို့မှာ စောင့်ကြည့် ကုသနေတာ ဖြစ်ပါတယ်။ ဇန်နဝါရီလ (၂၅)ရက်နေ့အထိ စားရင်းတွေအရတော့ မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ( ၃၃၀၀)ကျော်…

အချုပ်သားတွေ အစုလိုက် အပြုံလိုက် ကိုဗစ်-၁၉ ကူးစက်ခံရ

မော်လမြိုင် ၊ ဇန်နဝါရီ (၂၂) မွန်ပြည်နယ်မှာ ပထမဆုံးအကြိမ်အဖြင့် အချုပ်သားတွေ အစုလုံအပြုံလိုက် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရပါတယ်။ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ မနေ့ညပိုင်း သတင်းထုတ်ပြန်ချက်တွေအရ အတည်ပြု လူနာ (၆၅) ဦး တွေ့ရှိခဲ့ပြီး (၃၄)ဦးဟာ အချုပ်သားတွေ ဖြစ်ပါတယ်။ ရေးမြို့မစခန်းမှာ အချုပ်ကျနေသူတွေကို RDT Test Kids နဲ့ စစ်ဆေးရာမှတဆင့်…

ပိုးရှိမရှိ မစစ်ဆေးဘဲ ကွာရန်တင်းနေခိုင်းတာ အကျိုးမရှိဘူးလို့ ဝေဖန်

မော်လမြိုင် ၊ ဇန်နဝါရီ (၂၀) အခြားတိုင်းနဲ့ ပြည်နယ်က ပြန်လာသူတွေအနေနဲ့ စစ်တောင်းတံတားဂိတ်မှာ ပိုးရှိမရှိ သေချာ မစစ်ဆေးဘဲ facilities quarantine (၇)ရက်နေ နေခိုင်းတာဟာ အကျိုးမရှိဘူးလို့ ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းစဉ်မှာ ပါဝင်သူတွေက ဝေဖန်လိုက်ပါတယ်။ မွန်ပြည်နယ်မှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ တွေ့ရှိမှုဟာ ဆက်တိုက်မြင့်တက်နေပြီး တစ်ရက်ကို အတည်ပြုလူနာ အနည်းဆုံး (၃၀)ကနေ (၅၀)ဝန်းကျင်အထိ တွေ့ရှိနေတာပါ။…

ကျပ်တည်းလာတဲ့ ကြိမ်ပုတီးလုပ်ငန်း

မော်လမြိုင် ၊ ဇန်နဝါရီ (၁၉) ပုတီးဆိုတာဟာ လူမျိုးမရွေး ဘာသာမရွေး အသုံးပြုကြတဲ့ ဘာသာရေးဆိုင်ရာ အသုံးအဆောင် ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ပုတီးအမျိုးအစား အများကြီး ရှိတဲ့အထဲမှာမှ ကြိမ်ပုတီးတွေကိုတော့ မွန်ပြည်နယ် သထုံမြို့နယ်က ဇရစ်ချောင်းကျေးရွာမှာ မိရိုးဖာလာ လုပ်ငန်းအဖြစ် လုပ်ကိုင်နေကြပါတယ်။ ကြိမ်ပုတီးတွေကို မိသားစု တစ်ပိုင်တစ်နိုင်အဖြစ် လုပ်ကိုင်ကြပြီး မွန် ၊ ကရင် ၊…

ကိုဗစ်-၁၉ အတည်ပြုလူနာ သေဆုံးမှု ဆက်တိုက်မြင့်တက်ခဲ့

မော်လမြိုင် ၊ ဇန်နဝါရီ (၁၉) ဇန်နဝါရီလအတွင်းမှာတော့ မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေ ဆက်တိုက်မြင့်တက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းအထိ ကိုဗစ်ကြောင့် သေဆုံးသူ ဦးရေ (၂၀) ဦးဝန်းကျင် ရှိခဲ့ရာမှ ဇန်နဝါရီ လလယ်ပိုင်းမှာတော့ သေဆုံးသူ ဦးရေ (၃၁) ဦးအထိ မြင့်တက်ခဲ့ပါတယ်။ သေဆုံးသူတွေမှာတော့ ရောဂါအခံ ကြီးကြီးမားမား ရှိသူတွေ မပါဝင်ဘဲ…

အိန္ဒိယမှာ ကိုဗစ်ကာကွယ်ဆေး လူပေါင်း (၁၉၀၀၀၀)ကျော် ထိုးနှံခဲ့

မော်လမြိုင် ၊ ဇန်နဝါရီ (၁၈) အိန္ဒိယ၏ COVID-19 ကာကွယ်ဆေး ထိုးနှံခြင်း အစီအစဉ်မှာ လူပေါင်း ၁၉၀,၀၀၀ ကျော်ဖြင့် အောင်မြင်စွာ စတင်နိုင်ခဲ့ပြီး သူတို့ရဲ့ ပထမဆုံး ကာကွယ်ဆေးထိုးခြင်းကို ခံယူခဲ့ကြကာ မည်သူမျှ ဘေးထွက်ဆိုးကျိုးများ မရှိခဲ့ဘူးလို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ သို့သော်လည်း နိုင်ငံတွင်းထုတ်လုပ်တဲ့ ကာကွယ်ဆေးနှင့် ပတ်သက်တဲ့ စိုးရိမ်ပူပန်မှု အခြေအနေအစီရင်ခံစာများလည်း…

ပြည်နယ်ထွက်ငါးတွေကို သမဝါယမအသင်းက သက်သာစျေးနှုန်းနဲ့ ရောင်းချပေး

မော်လမြိုင် ၊ ဇန်နဝါရီ (၁၈) မွန်ပြည်နယ်ထွက် ငါးတွေကို ပြန်လည်ဝယ်ယူပြီး ပြည်သူတွေကို စျေးနှုန်းသက်သာစွာနဲ့ သမဝါယမအသင်းက ရောင်းချပေးနေပါတယ်။ ကိုဗစ်ကာလမှာ စျေးကွက်ပျောက်ဆုံးနေတဲ့ မွန်ပြည်နယ် ငါးလုပ်ငန်းကို ပံ့ပိုးတဲ့အနေနဲ့ ငါးလုပ်ငန်းဦးစီးဌာနနဲ့ သမဝါယမအသင်းတို့ အခုလို ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မွန်ပြည်နယ်ရဲ့ ငါးလုပ်ငန်းဟာ တရုတ်စျေးကွက်ကို (၉၀)ရာခိုင်နှုန်းနီးပါး မှီခိုနေရတာပါ။ ကိုဗစ်ကာလမှာ တရုတ်က ငါးဝယ်ယူမှု စည်းမျဉ်းတွေ…

နေအိမ်မှာ အသွားအလာကန့်သတ်ထားတဲ့ အိမ်ထောင်စု (၂၇၀)ကျော်အထိ ရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၄ ကိုဗစ်အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူတွေကို အသွားအလာကန့်သတ်ထားတာ ဇန်နဝါရီလ (၁၄)ရက်နေ့အထိ အိမ်ထောင်စု (၂၇၀)ကျော် ရှိလာပြီးလို့ မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ကိုဗစ်-၁၉ ဒုတိယလှိုင်းဖြစ်စဉ်တွေမှာ မွန်ပြည်နယ်အတွင်း ကူးစက်မှု မြင့်တက်ခဲ့ပြီး အများစုက မော်လမြိုင်မှာ နေထိုင်သူတွေ ဖြစ်ပါတယ်။ အခုလို ကူးစက်ခံရသူတွေနဲ့ ထိတွေ့ခဲ့သူတွေကို ကွာရန်တင်း မပို့တော့ဘဲ နေအိမ်မှာသာ အသွားအလာ…

၂၀၂၀ ခုနှစ်အတွင်း သက်ငယ်မုဒိမ်း အမှု(၆၀)ကျော် ဖြစ်ပွားခဲ့

မော်လမြိုင် ၊ ဇန်နဝါရီ (၁၄) မွန်ပြည်နယ်အတွင်း ဖြစ်ပွားတဲ့ မုဒိမ်းမှုတွေရဲ့ (၈၀)ရာခိုင်နှုန်းဟာ သက်ငယ်မုဒိမ်းမှုတွေ ဖြစ်တယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ၂၀၂၀ ခုနှစ်မှာ မွန်ပြည်နယ်အတွင်း မုဒိန်းမှု (၉၆)မှု ဖြစ်ပွားခဲ့ပြီး အမှု(၆၇)မှုဟာ သက်ငယ်မုဒိမ်းမှုတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။ သက်ငယ်မုဒိမ်းမှု အများစုဟာ သက်ကြီးပိုင်းတွေက ကျူးလွန်လို့ မဟုတ်ဘဲ…

ကိုဗစ်ကာလ အိမ်တွင်းအကြမ်းဖက်မှု မြင့်တက်ခဲ့

မော်လမြိုင် ၊ ဇန်နဝါရီ (၁၃) ကိုဗစ်-၁၉ အကြပ်အတည်းကာလ မွန်ပြည်နယ်အတွင်းမှာ အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုမိုမြင့်တက်ခဲ့တယ်လို့ အမျိူးသမီးအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ ၂၀၂၀ ခုနှစ် မတ်လက စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဟာ (၁)နှစ် နီးပါး ကြာမြင့်လာတာနဲ့အတူ လူထုအကြားမှာ စီးပွားရေး အကြပ်အတည်းတွေကိုလည်း ရင်ဆိုင်လာရပါတယ်၊ ဒီကာလအတွင်းမှာတော့ မွန်ပြည်နယ်မှာ အိမ်တွင်းအကြမ်းဖက်မှုတွေက အရင်ကာလထက် ပိုမို…