နိုင်ငံတကာ

ထိုင်းနိုင်ငံ ဆာမွတ်ဆာခွန်ခရိုင်မှာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပထမဆုံး CI စင်တာ ဖွင့်လှစ်မယ်

ဆာမွတ်ဆာခွန်၊ အောက်တိုဘာ ၂၃ စီးပွားရေးတည်ငြိမ်စေဖို့ ရည်ရွယ်ပြီး အလုပ်သမားတွေရဲ့ အခြေအနေကို သက်သေပြဖို့နဲ့ စာရွက်စာတမ်းတွေ လိုအပ်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို ကူညီပေးဖို့ ထိုင်း အလုပ်သမားဝန်ကြီးဌာနက ဆာမွတ်ဆာခွန်ခရိုင်မှာ လာမယ့်လအတွင်း မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံကတ်ပြား CI ထုတ်ပေးရေး ပထမဆုံးစင်တာ တစ်ခု ဖွင့်လှစ်သွားဖို့ စီစဉ်ထားပါတယ်။ ရွှေ့ပြောင်းအလုပ်သမားကိစ္စ စီမံခန့်ခွဲရေးဆိုင်ရာ အမျိုးသား ကော်မတီနဲ့ တွေ့ဆုံ ဆွေးနွေးပြီးနောက်…

ရုရှား-ယူကရိန်း ပဋိပက္ခ ဖြေရှင်းရေး ကူညီဖို့ အသင့်ရှိတယ်လို့ ယူအေအီး သမ္မတ ပြော

မော်စကို၊ အောက်တိုဘာ ၂၂ ယူကရိန်းမှာ ငြိမ်းချမ်းရေး ရှာဖွေရေး ကြိုးပမ်းမှုတွေကို ကူညီဖို့ အဆင်သင့် ရှိတယ်လို့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) သမ္မတ ရှိတ်ခ် မိုဟာမက် ဘင် ဆော်လမန် အယ်လ်နာရန်းက ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို အောက်တိုဘာ ၂၁ ရက်မှာ ပြောကြားခဲ့ပါတယ်။ မော်စကိုမြို့ အပြင်ဘက်ရှိ နေအိမ်မှာ…

နယ်စပ်တင်းမာမှု အရှိန်လျှော့ချရေး အိန္ဒိယနဲ့ တရုတ် သဘောတူ

နယူးဒေလီ ဘေဂျင်း၊ အောက်တိုဘာ ၂၂ မကြာသေးခင် နှစ်တွေက အနီးကပ် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဟိမဝန္တာ နယ်စပ်မှာ အငြင်းပွားမှု လျှော့ချဖို့ ကင်းလှည့် စောင့်ကြပ်မယ့် အစီအစဉ်ကို အိန္ဒိယနဲ့ တရုတ်တို့ သဘောတူညီမှု ရရှိပြီ ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဗီခရန် မီဆရီက ပြောကြားလိုက်ပါတယ်။ ၂၀၂၀ ပြည့်နှစ်ကတည်းက ထွက်ပေါ်လာခဲ့တဲ့ နယ်စပ်ပြဿနာတွေကို ဖြေရှင်းရေး…

ဟားမာ့စ်ခေါင်းဆောင် သေဆုံးသွားပေမယ့် ခုခံတိုက်ခိုက်မှု ရပ်တန့်မှာမဟုတ်ဘူးလို့ အီရန် ခေါင်းဆောင် ပြော

တီဟီရန်၊ အောက်တိုဘာ ၂၁ ဟားမာ့စ်အဖွဲ့ ခေါင်းဆောင် ယာယာ ရှင်ဝါ သေဆုံးမှုကြောင့် မဟာမိတ်တို့ရဲ့ ခုခံတိုက်ခိုက်မှုတွေ ရပ်တန့်သွားမှာ မဟုတ်ဘဲ ဟားမာ့စ်အဖွဲ့ ဆက်လက် ရှင်သန်နေဦးမယ်လို့ အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက ပြောကြားလိုက်ပါတယ်။ သူ့ကို ဆုံးရှုံးလိုက်ရတာဟာ မဟာမိတ် ခုခံတိုက်ခိုက်ရေး အင်အားစုတွေအတွက် နာကျင်စရာ ဖြစ်တယ်ဆိုတာ သံသယရှိစရာ မလိုပေမယ့်…

ရီပက်ဘလေကန်ပါတီ မဲပေးသူတွေကို တစ်ရက် ဒေါ်လာ ၁ သန်း ပေးမယ်လို့ သူဌေးကြီး အီလွန်မက်စ် ကြေညာ

ဟာရစ်ဘာ့ဂ်၊ အောက်တိုဘာ ၂၁ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က ဒေါ်နယ်ထရန့်လိုလားတဲ့ လူထု ထောက်ခံပွဲ တစ်ခုမှာ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်အထိ တစ်ရက်ကို ဒေါ်လာ ၁ သန်းစီ ပေးမယ်လို့ ဘီလျံနာ သူဌေးကြီး အီလွန်မက်စ်ရဲ့ ကတိပေး ပြောဆိုမှုကို ဥပဒေစည်းကြပ်ရေးဌာနတွေက စုံစမ်းစစ်ဆေးပေးဖို့ ပန်ဆယ်ဗေးနီးယားပြည်နယ် ဒီမိုကရက် အုပ်ချုပ်ရေးမှူး ဂျို့ရှ် ရှက်ပီရိုက အောက်တိုဘာ…

အာဏာရ ဖျူထိုင်းပါတီကို ထိုင်းရွေးကောက်ပွဲကော်မရှင် စုံစမ်းစစ်ဆေးမယ်

ဘန်ကောက်၊ အောက်တိုဘာ ၁၉ အာဏာရ ဖျူထိုင်းပါတီကို ထိုင်းရွေးကောက်ပွဲကော်မရှင်က ကော်မတီ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးနေတာကြောင့် ပါတီ ဖျက်သိမ်းခံရမှုအထိ ဦးတည်သွားနိုင်တယ်လို့ ထိုင်းသတင်းဌာနတွေက အောက်တိုဘာ ၁၈ ရက်မှာ ဖော်ပြပါတယ်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာက ပါတီရဲ့ လုပ်ဆောင်ချက်တွေမှာ တိုက်ရိုက် ဒါမှမဟုတ် တိုက်ရိုက်မဟုတ်ဘဲ သြဇာလွှမ်းမိုး ချယ်လှယ်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့…

မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်ပွားနေကြောင်း NUG ဝန်ကြီး ပြော

ရောမ၊ အောက်တိုဘာ ၁၉ လာမယ့်နှစ်မှာ စစ်ကောင်စီ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ သူတို့ကိုယ် သူတို့ တရားဝင် ဖြစ်စေရေး ဝါဒဖြန့်မှု တစ်ခုထက် မပိုကြောင်းနဲ့ မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေလည်း ဖြစ်ပွားနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက AsiaNews သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ…

မဟာမိတ်တွေဆီ အာကာသဆက်စပ်ပစ္စည်း တင်ပို့မှု ကန့်သတ်ချက် အမေရိကန် ဖြေလျှော့

ဝါရှင်တန်၊ အောက်တိုဘာ ၁၈ မဟာမိတ်နဲ့ လက်တွဲဖော်နိုင်ငံတွေဆီ ဂြိုဟ်တုနဲ့ အာကာသယာဉ် ဆက်စပ် ပစ္စည်းတချို့ တင်ပို့မှုနဲ့ ပတ်သက်လို့ အမေရိကန် စီးပွားဖြစ် အာကာသဆိုင်ရာ ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီတွေအပေါ် ချမှတ်ထားတဲ့ ပို့ကုန်ဆိုင်ရာ တားမြစ် ကန့်သတ်ချက်တွေကို အမေရိကန် အစိုးရက အောက်တိုဘာ ၁၇ ရက်မှာ ဖြေလျှော့ပေးလိုက်ပါတယ်။ ဒီပြောင်းလဲမှုတွေက အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားမူဝါဒ အကျိုးစီးပွားတွေကို…

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာကို ဖမ်းဆီးဖို့ ဘင်္ဂလားဒေ့ချ် တရားရုံး ဝရမ်းထုတ်

ဒါကာ၊ အောက်တိုဘာ ၁၈ ကျောင်းသားတွေ ဦးဆောင်တဲ့ တော်လှန်ရေးကြောင့် ရာထူးကနေ ထွက်ပေးလိုက်ရပြီးနောက် သြဂုတ်လမှာ အိန္ဒိယသို့ ထွက်ပြေးသွားခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာကို ဖမ်းဆီးဖို့ ဘင်္ဂလားဒေ့ချ် တရားရုံး တစ်ရုံးက အောက်တိုဘာ ၁၇ ရက်မှာ ဝရမ်းထုတ်လိုက်ပါတယ်။ ဒီနေ့ဟာ ထူးခြားတဲ့ နေ့ရက် တစ်ရက် ဖြစ်တယ်လို့ အစိုးရရှေ့နေ မိုဟာမက် တာဂျူလ်…

အမေရိကန်ဒေါ်လာ ကြီးစိုးထားမှု အဆုံးသတ်ရေး BRICS ညီလာခံမှာ ရုရှား တွန်းအားပေးမယ်

မော်စကို၊ အောက်တိုဘာ ၁၇ လာမယ့် သီတင်းပတ်ကျရင် ကျင်းပမယ့် BRICS ညီလာခံမှာ ရုရှားက အနောက်တိုင်းရဲ့ အရေးယူ ပိတ်ဆို့မှု ဒဏ်ကို ခံနိုင်မယ့် နိုင်ငံတကာ ငွေပေးချေမှုအတွက် လမ်းကြောင်းအသစ် တစ်ခု တည်ဆောက်ရေး အဖွဲ့ဝင် နိုင်ငံတွေကို စည်းရုံးဖို့ ကြိုးပမ်းမှာ ဖြစ်ပါတယ်။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့ အပြင်…