နိုင်ငံတကာ

ဂါဇာမှာ မြေအောက်လက်နက်စက်ရုံ ရှာတွေ့ထားတယ်လို့ အစ္စရေး ပြော

အယ်လ်ဘူရိတ်ဂျ် ၊ ဇန်နဝါရီ ၁၀ ဂါဇာကမ်းမြောင်ဒေသမှာ အကြီးဆုံးလက်နက်ထုတ်လုပ်ရေး မြေအောက်စက်ရုံတစ်ခု ရှာတွေ့ထားတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ အဲဒီလက်နက်စက်ရုံမှာ မြေအောက်အလုပ်ရုံတွေပါဝင်ပြီး အစ္စရေးမြောက်ပိုင်းက ပစ်မှတ်တွေကို ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေ ထုတ်လုပ်ဖို့အသုံးပြုတဲ့နေရာဖြစ်တယ်လို့ ဆိုထားတာပါ။ မြေအောက်အလုပ်ရုံတွေကနေ ဒုံးကျည်တွေအပြင် မော်တာကျည်ခွံတွေလို ခဲယမ်းမီးကျောက် တွေလည်း ထုတ်လုပ်နေပြီး မြေအောက် ဥမင်လမ်းကြောင်းတွေနဲ့ ချိတ်ဆက်တည်ဆောက်ထား တာ ဖြစ်တယ်လို့ အစ္စရေးက…

အတိုက်အခံမပါတဲ့ ရွေးကောက်ပွဲမှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် အနိုင်ရ

ဒါကာ၊ ဇန်နဝါရီ ၉ အတိုက်အခံပါတီတစ်ခု သပိတ်မှောက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲမှာ ၅ ကြိမ်မြောက် ရာထူးသက်တမ်းအတွက် လက်ရှိ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ထပ်မံအနိုင်ရရှိခဲ့တယ်လို့ ရွေးကောက်ပွဲ အရာရှိတွေက ပြောပါတယ်။ မဲပေးသူ ၄၀ ရာခိုင်နှုန်းလောက် လျှော့နည်းခဲ့တယ်လို့ ကနဦးသတင်းတွေမှာ ဖော်ပြထားတဲ့ ရွေးကောက်ပွဲပြီးနောက် ဟာစီနာရဲ့ အာဏာရပါတီ Awami League အနိုင်ရခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူက…

နယ်စပ်လုံခြုံရေး ထိန်းသိမ်းဖို့ စစ်ကောင်စီနဲ့ တရုတ် ကတိပြု

နေပြည်တော် ၊ ဇန်နဝါရီ ၉ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသတစ်ခုလုံးကို သိမ်းပိုက်ပြီး အောင်ပွဲရကြောင်း လက်နက် ကိုင်တော်လှန်ရေးအဖွဲ့တွေက ပြောဆိုထားချိန်မှာ မြန်မာစစ်ကောင်စီနဲ့ တရုတ်တို့ဟာ နေပြည်တော်မှာ နယ်စပ်လုံခြုံရေး ကိစ္စဆွေးနွေးခဲ့ကြပါတယ်။ တရုတ်နိုင်ငံခြားရေး လက်ထောက်ဝန်ကြီး ဆွန်ဝေဒေါင်းနဲ့ တွေ့ဆုံမှုအတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နဲ့ ပူးပေါင်းပြီး နယ်စပ်လုံခြုံရေး ထိန်းသိမ်းရေးနဲ့ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ သဘောတူခဲ့ကြပါတယ်။…

ဟားမတ်စ်အဖွဲ့ရဲ့ ဘဏ္ဍာရေးအချက်အလက်ပေးနိုင်သူကို ဒေါ်လာ ၁၀ သန်းချီးမြှင့်မယ်

ဝါရှင်တန်၊ ဇန်နဝါရီ ၇ ဟားမတ်စ်အဖွဲ့ရဲ့ ဘဏ္ဍာရေးကွန်ရက်ကို အနှောင့်အယှက်ပေးနိုင်လောက်တဲ့ သတင်းအချက် အလက်ပေးနိုင်သူကို ဒေါ်လာ ၁၀ သန်း ဆုငွေချီးမြှင့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနက ကြေညာလိုက်ပါတယ်။ သူတို့အဖွဲ့အတွက် ဘဏ္ဍာရေးလွယ်ကူအောင်လုပ်ပေးနေသူ ငါးဦးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေရရှိရေး ကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားမျှတမှုအတွက် ဆုတော်ငွေ စီမံကိန်းအရ အခုလိုဆုကြေးထုတ်လိုက်တာပါ။ တူရကီအခြေစိုက် ဟားမတ်စအဖွဲ့ရဲ့ကွန်ရက်မှာပါဝင်လှုပ်ရှားနေသူတွေဖြစ်တဲ့ အမာခါမဲလ်ရှာ ရစ်ဖ် အယ်လ်ရှာဝါ၊အာမက်…

ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးတင်းမာမှု မြင့်တက်လာ

ဆိုးလ်၊ ဇန်နဝါရီ ၇ မြောက်ကိုရီးယားနိုင်ငံဟာ သူတို့ရဲ့ အနောက်ဘက်ကမ်းရိုးတန်းအလွန် တောင်ကိုရီးယားရဲ့ ယွန်ဖျောင်ကျွန်းကို ဇန်နဝါရီလ ၅ ရက်နေ့က လက်နက်ကြီးတွေနဲ့ အကြိမ် ၂၀၀ နီးပါး ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။ အဲဒီကျွန်းပေါ်မှာနေထိုင်တဲ့ အရပ်သားတွေအနေနဲ့ အကာအကွယ်ယူထားဖို့ တောင်ကိုရီးယားက ညွှန်ကြားထားပြီး လက်တွေ့ပစ်ခတ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပြီး တုံ့ပြန်ခဲ့ပါတယ်။ ယွန်ဖျောင်ကျွန်းမှာ စစ်ဘက်အခြေစိုက်စခန်းတစ်ခုရှိပြီး လူ…

ရုရှားစစ်တပ်ထဲဝင်မယ့် နိုင်ငံခြားသားတွေကို နိုင်ငံသားဖြစ်ခွင့်ပေးမယ်လို့ ပူတင် မက်လုံးပေး

မော်စကို၊ ဇန်နဝါရီ ၆ ရုရှားစစ်တပ်ထဲ ဝင်ရောက်အမှုထမ်းတဲ့ နိုင်ငံခြားသားတွေအနေနဲ့ နိုင်ငံသားဖြစ်ခွင့်လျှောက်ထား နိုင်တယ်လို့ ဇန်နဝါရီ ၄ ရက်နေ့မှာ သမ္မတ ပူတင်က လက်မှတ်ရေးထိုးပြီး အမိန့်ထုတ်ပြန်လိုက်ပါ တယ်။ ရုရှားအာဏာပိုင်တွေဟာ ပြည်တွင်းမှာ တပ်သားသစ်စုဆောင်းမှု ဆန့်ကျင်ရေး လှုံ့ဆော်မှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ပြည်ပတိုက်ခိုက်ရေးသမားတွေကို နိုင်ငံသားဖြစ်ခွင့်နဲ့ မက်လုံးပေးခဲ့ တာပါ။ သမ္မတ ပူတင်လက်မှတ်ရေးထိုးလိုက်တဲ့ အမိန့်အသစ်အရ ရုရှားစစ်တပ်ထဲ…

အီရန်ဗိုလ်ချုပ် အောက့်မေ့ဖွယ်အခမ်းအနား ဗုံးပေါက်ကွဲမှုကြောင့် လူ ၁၀၀ ကျော် သေဆုံး

တီဟီရန်၊ ဇန်နဝါရီ ၅ အမေရိကန်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အီရန်ဗိုလ်ချုပ် ကာဆန် ဆိုလိုင်မန်နီရဲ့ အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်တဲ့ သုဿန်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့က ခါမန်မြို့က ဆိုလိုင်မန်နီသေဆုံးမှု စတုတ္ထမြောက် နှစ်ပတ်လည် အခမ်းအနားအတွင်း လူအုပ်ကြီးထဲမှာ မိနစ်…

ဟားမတ်စ်အဖွဲ့ရဲ့ လက်ထောက်ခေါင်းဆောင် သုတ်သင်ခံရ

ဘေရွတ်၊ ဇန်နဝါရီ ၄ လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်မှာ ဟားမတ်စ်အဖွဲ့ရဲ့ လက်ထောက်ခေါင်းဆောင် ဆာလေးအယ်လ် အလိုရီကို အစ္စရေးဘက်က ဒရုန်းနဲ့ လုပ်ကြံသတ်ဖြတ်ပစ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့က သတ်ဖြတ်ခဲ့တာဖြစ်ပြီး အသက် ၅၇ နှစ်အရွယ် အလိုရီဟာ အစ္စရေး – ဟားမတ်စ် စစ်ပွဲစတင်ပြီးနောက်ပိုင်း ပထမဆုံးလုပ်ကြံသတ်ဖြတ်ခံရတဲ့ ခေါင်းဆောင် ဖြစ်လာတာပါ။ သူ့ကိုလုပ်ကြံသတ်ဖြတ်လိုက်တာကြောင့်…

ဂျပန်မှာ ငလျင်ကြောင့် သေဆုံးသူ ၆၃ ဦးအထိ ရှိလာ

တိုကျို၊ ဇန်နဝါရီ ၄ ဂျပန်နိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် သေဆုံးသူ ၆၃ ဦးအထိရှိလာပြီး မြေပြိုမှုနဲ့ မိုးသည်းထန်မှု အန္တရာယ်တွေကြောင့် ကယ်ဆယ်ရေးသမားတွေဟာ အသက်ရှင်ကျန်သူတွေကို ရှာဖွေဖို့ ခက်ခက်ခဲခဲ ကြိုးစားနေကြရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့က အီရှီကာဝါဒေသမှာ ရစ်ချ်တာစကေး ၇ ဒသမ ၅ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် တစ်မီတာကျော်မြင့်တဲ့ ဆူနာမီလှိုင်းကြီးတွေဖြစ်ပေါ်ခဲ့သလို မီးလောင်ကျွမ်းမှုကြောင့်…

ဂျပန်မှာ အင်အားပြင်းငလျင်ကြောင့် လူဦးရေ တစ်သိန်း ရွှေ့ပြောင်း၊ သေဆုံးသူ ၁၃ ဦး တွေ့ရှိထား

တိုကျို ၊ ဇန်နဝါရီ ၃ ဂျပန်နိုင်ငံ အလယ်ပိုင်းမှာ နှစ်သစ်ကူးနေ့က အင်အားပြင်းတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံတစ်သိန်းကို ဘေးလွတ်ရာရွှေ့ပြောင်းပေးထားပြီး သေဆုံးသူ ၁၃ ဦး တွေ့ရှိထားတယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ရက်နေ့က ရစ်ချ်တာစကေး ၇ ဒသမ ၆ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့သလို လူနေအိမ် သောင်းနဲ့ချီပြီး…