နိုင်ငံတကာ

လက်နက်ပွဲစား ထွန်းမင်းလတ်အမှု သက်သေမခိုင်လုံဘူးလို့ ထိုင်းတရားရုံးဆုံးဖြတ် ၊ တရားသေလွှတ်ပေး 

ဘန်ကောက် – ဇန်နဝါရီ ၃၀ ထိုင်းနိုင်ငံတရားရုံးမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ငွေကြေး ခဝါချမှုတို့နဲ့ တရားစွဲခံထားရတဲ့ စစ်ကောင်စီ လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့အမှုဟာ သက်သေခိုင်လုံမှု မရှိဘူးလို့ ထိုင်းရာဇ ဝတ်မှုတရားရုံးက ဆုံးဖြတ်ပြီး တရားသေလွှတ်ပေးလိုက်တယ်လို့ Nation Thailand သတင်းဌာန က ဖော်ပြထားပါတယ်။ ထွန်းမင်းလတ်၊ထိုင်းလွှတ်တော်အမတ်တစ်ဦးရဲ့သားမက်နဲ့ Allure Group (P&E)တို့ကို စွဲတင် ထားတဲ့ အမှုတွေထဲမှာ အစိုးရရှေ့နေတွေ…

ယူကရိန်းအရာရှိ ၅ ဦး စစ်ပွဲရန်ပုံငွေဒေါ်လာသန်း ၄၀ ခိုးမှုနဲ့ ဖမ်းဆီးခံရ

ကိဗ်၊ ဇန်နဝါရီ ၃၀ ရုရှားကျူးကျော်စစ်ကိုခုခံနေတဲ့ ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်းဝယ်ယူမယ့် ရန်ပုံ ငွေထဲက အမေရိကန်ဒေါ်လာသန်း ၄၀ ခိုးယူတယ်လို့ စွပ်စွဲခံထားရတဲ့ ယူကရိန်းအရာရှိ ၅ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်တွေဟာ ယူကရိန်းလက်နက်လုပ်ငန်းတစ်ခုနဲ့ပူးပေါင်းပြီး မော်တာကျည် တစ်သိန်းဝယ်ယူဖို့ လျာထားတဲ့ပိုက်ဆံတွေကို ခိုးယူခဲ့တာကြောင့် ဖမ်းဆီး ခဲ့တာဖြစ်တယ်လို့ လုံခြုံရေးဌာနက ဆိုထားပါတယ်။ အမေရိကန်က ယူကရိန်းကို ဆက်လက်အကူအညီပေးရေး၊မပေးရေးနဲ့…

အာဆီယံအစည်းအဝေးကို စစ်ကောင်စီကိုယ်စားလှယ် စေလွှတ်

လူအန်ပရာဘန်၊ ဇန်နဝါရီ ၃၀ လာအိုနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အာဏာသိမ်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်စေလွှတ်ထားတယ်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ ထိပ်တန်းသံတမန်က ပြောပါတယ်။ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ကျင်းပနေတဲ့ အစည်းအဝေးကို စစ်ကောင်စီရဲ့ ကိုယ်စားလှယ် စေလွှတ်တာဟာ အစည်းအဝေးတက်ရောက်ခွင့်ဆိုင်ရာ အာဆီယံမူဝါဒနဲ့ ကိုက်ညီတယ်လို့ ဆိုခဲ့တာပါ။ မြန်မာနိုင်ငံကို အာဏာသိမ်းပြီး ၂ လအကြာမှာ အာဆီယံနဲ့…

တူရကီနဲ့ဂရိနိုင်ငံကို အမေရိကန်ရဲ့ F-16 တိုက်လေယာဉ်တွေ ရောင်းချမယ်

ဝါရှင်တန်၊ဇန်နဝါရီ ၂၈ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က တူရကီနိုင်ငံကို ဒေါ်လာ ၂၃ ဘီလျံတန်ဖိုးရှိတဲ့ F-16 တိုက် လေယာဉ်တွေ ရောင်းချဖို့ သဘောတူလိုက်တယ်လို့ ဇန်နဝါရီ ၂၆ ရက်နေ့က လွှတ်တော်ကို အသိပေးလိုက်ပါတယ်။ လော့ခ်ဟီးမာတင် ကုမ္ပဏီထုတ် F-16 တိုက်လေယာဉ်အစီး ၄၀ နဲ့ ခေတ်မှီဆန်းသစ်ရေး ကိရိယာ ၈၀ ကို တူရကီထံ ရောင်းချဖို့ သဘောတူလိုက်တာပါ။…

အစ္စရေးအပေါ် ICJ ဆုံးဖြတ်ချက် တောင်အာဖရိ ထောက်ခံ

သည်ဟိတ်၊ ဇန်နဝါရီ ၂၈ အစ္စရေးအနေနဲ့ ဂါဇာမှာ ပါလက်စတိုင်းအရပ်သားတွေနောက်ထပ် သေဆုံးမှု မရှိစေရေးနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုလုပ်ရပ်တွေ ကာကွယ်ရေးဆောင်ရွက်ရမယ်လို့ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး ICJ ရဲ့ ဆုံးဖြတ်ချက်ကို တောင်အာဖရိက နိုင်ငံကထောက်ခံကြိုဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီ ၂၆ ရက်နေ့မှက အဲဒီဆုံးဖြတ်ချက်ချမှတ်ခဲ့တာဖြစ်ပြီး အစ္စရေးအနေနဲ့ ဂါဇာမှာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သလား၊မကျူးလွန်ခဲ့ဘူးလားဆိုတာကိုတော့ တရားရုံးက ဆုံးဖြတ်ခဲ့တာမရှိသလို အပစ်အခတ်ရပ်စဲရေး တိုက်တွန်းတာလည်းမရှိခဲ့ပါဘူး။…

ကမ်းခြေစောင့်ကြပ်ရေး ဖိလစ်ပိုင်နဲ့ ဗီယက်နမ် သဘောတူလက်မှတ်ရေးထိုးမယ်

ဟနွိုင်း ၊ ဇန်နဝါရီ ၂၇ ဖိလစ်ပိုင်သမ္မတ မားကိုစ့်ဂျူနီယာရဲ့ ဗီယက်နမ်ခရီးစဉ်မှာ နှစ်နိုင်ငံကြား ကမ်းခြေစောင့် ကြပ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီမှု လက်မှတ်ရေးထိုးဖို့ရှိတယ်လို့ အရာရှိတွေက ပြောပါတယ်။ ဒီလိုလက်မှတ်ရေးထိုးတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က မကျေမနပ်ဖြစ်လာစေနိုင်တယ် လို့ လေ့လာသူတွေက ဆိုထားပြီး ကမ္ဘာ့ကုန်သွယ်ရေးအတွက် အရေးပါတဲ့ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ တောင်တရုတ်ပင်လယ်ရဲ့ ဒေသတချို့ကို ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့က ပိုင်ဆိုင်တယ်လို့…

အမေရိကန်မှာ နိုက်ထရိုဂျင်ဓာတ်ငွေ့နဲ့ ပထမဆုံးသေဒဏ်စီရင်

မောင့်ဂိုမာရီ၊ ဇန်နဝါရီ ၂၇ အမေရိကန်ပြည်ထောင်စု၊အလာဘားမားပြည်နယ်မှာ လူသတ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသားဖြစ်သူ ကန့်နက်ယူဂျင်း စမစ်ကို နိုက်ထရိုဂျင်ဓာတ်ငွေ့အသုံးပြုပြီး ပထမဆုံးသေဒဏ်စီရင်ခဲ့ပါတယ်။ ဒီလိုစီရင်မှုဟာ ရက်စက်ပြီး မူမမှန်တဲ့ အပြစ်ပေးမှုဖြစ်တယ်လို့ စမစ်က နိုင်ငံတော်တရားရုံးမှာ နှစ်ကြိမ်၊ဖက်ဒရယ်တရားရုံးမှာ တစ်ကြိမ် အယူခံဝင်ခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့ပါဘူး။ သူဟာ ၁၉၈၉ ခုနှစ်က အမွေကိစ္စနဲ့ တရားဟောဆရာ တစ်ဦးရဲ့ ဇနီးအဲလိဇဘက်ဆန်နက်ကို သတ်ဖြတ်မှုအတွက် ပြစ်မှုထင်ရှားပြီး…

ဆော်ဒီနိုင်ငံမှာ ပထမဆုံးအရက်ဆိုင် ဖွင့်လှစ်မယ်

ရီးယာ့ဒ်၊ ဇန်နဝါရီ ၂၆ ရှေးရိုးဆန်တဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ အရက်သေစာနဲ့ပတ်သက်ပြီး တင်းကြပ်တဲ့ ဥပဒေ တွေပြဌာန်းထားပေမယ့် ပထမဆုံးအကြိမ်အဖြစ် မွတ်စလင်မဟုတ်တဲ့ သံတမန်တွေအတွက် အရက်ရောင်းချခွင့်ပြုဖို့ အစိုးရကစီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး AFP မှာ ဖော်ပြထားပါတယ်။ ဆော်ဒီနိုင်ငံထဲ အရက်ကိုသံတမန်ရေးလမ်းကြောင်းက တဆင့် ဒါမှမဟုတ် အလုံပိတ်ထားတဲ့ တရားဝင် အထုပ်အပိုးတွေနဲ့ တင်သွင်းရတဲ့ မွတ်စလင်မဟုတ်တဲ့ သံတမန်တွေအတွက် အရက်ရောင်းချပေးတော့မယ်လို့…

ဖိထာကို လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ပြု

ဘန်ကောက်၊ ဇန်နဝါရီ ၂၆ ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးက ဇန်နဝါရီ ၂၄ ရက်နေ့မှာ ဖိထာကို ပြစ်မှုကင်းရှင်းကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် လွှတ်တော်အမတ်အဖြစ် တာဝန်ပြန်လည် ထမ်းဆောင်ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အသက် ၄၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖိထာဟာ MFP ပါတီကို ဦးဆောင် ပြီး မဲအများဆုံးနဲ့ အနိုင်ရရှိခဲ့ပေမယ့် လွှတ်တော်အမတ်အဖြစ်က ဆိုင်းငံ့ခံခဲ့ရ ပြီးနောက်…

တောင်-မြောက်ကိုရီးယား ပေါင်းစည်းရေး မော်ကွန်းတိုင်ကို ကင်ဂျုံအန် ဖြိုချ

ဆိုလ်း၊ ဇန်နဝါရီ ၂၅ မြောက်ကိုရီးယားနိုင်ငံ၊ပြုံယမ်းမြို့မှာရှိတဲ့ တောင်ကိုရီးယားနဲ့ ပြန်လည်ပေါင်းစည်းရေး သင်္ကေတ တစ်ခုဖြစ်တဲ့ မော်ကွန်းတိုင်တစ်ခုကို ခေါင်းဆောင်ကင်ဂျုံအန်ရဲ့ အမိန့်နဲ့ ဖြိုချ ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။ အထိမ်းအမှတ်ကျောက်တိုင်ကို မဖြိုချခင်မှာ တောင်ကိုရီးယားနိုင်ငံဟာ မြောက်ကိုရီးယားရဲ့ အဓိက ရန်သူဖြစ်လာပြီး ပြန်လည်ပေါင်းစည်းရေး လုံးဝမဖြစ်နိုင်တော့ဘူးလို့ ခေါင်းဆောင် ကင်က ဆိုထားတာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က မြို့တော်ပြုံယမ်းကိုရိုက်ကူးထားတဲ့…